ခေမာသီရိ

  • Oct- 2025 -
    22 October
    သတင်း

    မြစ်ကြီးနားမြို့ ရေကြီးရေလျှံဖြစ်ပြီးနောက် အဆိပ်ပြင်းမြွေပေါများလာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယခုနှစ်ရေကြီးရေလျှံဖြစ်ခဲ့ပြီးနောက် လူနေအိမ်တွေမှာ အဆိပ်ပြင်းမြွေတွေအပါအဝင် တခြားမြွေအမျိုးအစားတွေကိုပါ ခပ်စိပ်စိပ်မြင်တွေ့လာရတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ မြွေတွေ့ရှိတဲ့ နေရာတွေက ရေဝပ့်လေ့ရှိတဲ့ ရမ်ပူရပ်ကွက်တွေမှာတော့ အများဆုံးတွေ့ရပြီး လယ်ကုန်း၊ မြို့သစ်ကြီး ကွက်သစ်၊ ခင်မာသီရိ အောင်နန်း…

    Read More »
  • Sep- 2025 -
    25 September
    ဆောင်းပါး

    မြစ်ကြီးနားမြို့ရဲ့ မူးယစ်ဆေးဝါးဈေးတန်းအကြောင်း တစ်စေ့တစောင်း

    “‌‌ရောင်းတဲ့သူတွေမှာ ဖြေဆေးရှိပြီးသား ရှော့ဖြစ်ပြီဆိုတာနဲ့ သူတို့ဆီကပါတဲ့ဆေးထိုးပေးလိုက်တာ” ဒါကတော့ ဘိန်းဖြူထိုးလို့ ရှော့ဖြစ်ရင်‌တောင် ဖြေဆေးကို အထူးဝန်ဆောင်မှုအ‌နေနဲ့‌ထိုးပေး နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နဲ့ခေမာသီရိရပ်ကွက်က အခြေနေကို ရပ်ကွက်နေ ပြည်သူတစ်ဦး ပြောတာပါ။ အာဏာသိမ်းပြီး ၄ နှစ်နဲ့မှ…

    Read More »
  • Aug- 2024 -
    23 August
    သတင်း

    မြစ်ကြီးနားမြို့ ရပ်ကွက်တစ်ချို့မှာ ရပ်ကွက်ကနေ အမြန်ဆုံးစွန့်ခွာကြဖို့ သတိပေးစာလိုက်ကပ်တာတွေရှိနေ

    မြစ်ကြီးနားမြို့  ရပ်ကွက်တစ်ချို့မှာ ပြည်သူတွေအမြန်ဆုံးနေရပ်စွန့်ခွာကြဖို့ သတိပေးပေးစာ လိုက်ကပ်တာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်း မြစ်ကြီးနားမြို့တွင်း၊မြို့ပြင် ရပ်ကွက်တွေဖြစ်တဲ့ ခေမာသီရိ၊ ရမ်ဘူ၊ အေးမြသာယာ၊ ကြက်ပေါင်ခြံ၊ ကြာရာပတီးစတဲ့ ရပ်ကွက်တွေမှာ သတိပေးစားလိုက်ကပ်ထားတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက  KNG ကို ခုလိုပြောပါတယ်။ “ရပ်ကွက်ထဲလာသတိပေးတာတဲ့  ရပ်ကွက်ကနေ အမြန်ဆုံးစွန့်ခွာဖို့ဆိုတဲ့သတိပေးစာတွေ လာကပ်သွားတယ်ပြောတယ်။ နေအိမ်ခြံစည်းရိုး၊ ဓါတ်တိုင်တွေမှာ လာကပ်သွားတာလို့ သိရတယ်”လို့ ပြောပါတယ်။ သတိပေးစာထဲမှာ မြစ်ကြီးနားမြို့တွင်း တိုက်ပွဲဖြစ်တော့မှာဖြစ်တဲ့အတွက် ပြည်သူများအမြန်ဆုံး ရပ်ကွက်ကနေ စွန့်ခွာ၊ထွက်ခွာကြဆိုတဲ့အချက်သာ ပါရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ခုလို သတိပေးစာလိုက်ကပ်တာဟာ မည်သူမည်ဝါ၊မည်သည့်အဖွဲ့စည်း ကပ်သွားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့တွင်း တော်လှန်ရေးအင်အားစုတွေကို မေးမြန်းကြည့်ရာမှာ ဒီလုပ်ရပ်ဟာ သူတို့မသက်ဆိုင်ကြောင်း ခုလိုပြောပါတယ်။ “ကျနော်တို့အဖွဲ့တွေမဟုတ်ပါဘူး ဒါကို တမင်သက်သက်ပြည်သူတွေကို စိတ်အနှောင့်ယှက်ဖြစ်အောင် လိုက်လုပ်တဲ့လုပ်ရပ်ဘဲ ကျနော်တို့အနေနဲ့ ဒီလိုတွေမလုပ်ပါဘူး”လို့ မြစ်ကြီးနားမြို့ တော်လှန်ရေးအင်အားစုတာဝန်ခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနား မြို့တွင်း မြို့ပြင် နေ့ညမပြတ် ဒရုန်းနဲ့စောင့်ကြည့်တာ၊လမ်းခုလတ်၊လမ်းကြားနေရာတွေမှာ အရပ်ဝတ်နဲ့ကင်းပုန်းဝပ်တာတွေလည်း ပုံမှန်ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။  ဇူလိုင်လ ၂၁ ရက်နေ့စပြီး ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံး ပြတ်တောက်နေတဲ့ ကချင်ပြည်နယ်မှာ ဩဂုတ်လ ၁၉ ရက်နေ့နောက်ပိုင်း မြစ်ကြီးနားမြို့ ကြာရာပတီးနဲ့နမ့်ကျင်လမ်းဆုံမှာ စစ်တပ်က တပ်စွဲနေထိုင်ဖို့ပြင်ဆင်နေပြီး ပြည်သူတွေကို ပြောင်းရွှေ့ကြဖို့ ဖိအားပေးနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။  ဒီသတင်းနဲ့ပတ်သက်လို့  KNG အနေနဲ့ ထပ်ပြီးစုံစမ်းနေဆဲဖြစ်သလို မြစ်ကြီးနားမြို့တွင်း တော်လှန်ရေးတပ်ဖွဲ့တွေပြောဆိုချက်အရ နန့်ကျင်နဲ့ကြာရာပတီးလမ်းဆုံနေရာမှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ်ကတည်းက အင်အား ၂၀ ဝန်းကျင်နဲ့ ယာယီတပ်စွဲထားပြီးနေရာဖြစ်ပြီး ခုလိုပြည်သူတွေ ပြောင်းရွှေ့ခိုင်းတာမှန်ကန်ခဲ့မယ်ဆိုပါက စစ်တပ်အနေနဲ့ ဒီလမ်းဆုံမှာ တပ်အခိုင်မာတပ်စွဲဖို့ပြင်ဆင်တာဖြစ်နိုင်သလို  KIA တပ်ရင်း ၁၁ ဘက်သွားတဲ့လမ်းကို တားဆီးပိတ်ပင်ထိန်းချုပ်ချင်တာကြောင့် ဖြစ်နိုင်တယ်လို့လည်း တော်လှန်ရေးတပ်တွေက သုံးသပ်နေကြပါတယ်။ ခရိုင် ၄ ခု၊ လူဦးရေ ၁ သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်မှာ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေတာ တစ်လကျော်ရှိလာပြီဖြစ်ပါတယ်။ By – Zami

    Read More »
Back to top button