ခေါင်လန်ဖူး
-
Oct- 2025 -7 Octoberသတင်း
ပူတာအိုမှာ လန်ဆယ်ထိုးစစ်ထောက်ခံကြောင်းနဲ့ KIA အလိုမရှ်ိကြောင်း လူတစ်စုဆန္ဒထုတ်ဖော်
စစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေက လက်ရှိဆင်နွှဲနေတဲ့ လန်ဆယ်ဒေသထိုးစစ်ကိုထောက်ခံကြောင်းနဲ့ ပူတာအိုဒေသမှာ KIA၊KPDF တွေအလိုမရှိကြောင်း လူတစ်စုက ဒီကနေ့ပူတာအိမြို့ပေါ်မှာဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့ကတည်းကနေစတင်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ခေါင်လန်ဖူးပြည်သူ့စစ်၊တန်ဂူးတန်ပြည်သူ့စစ်ပူးပေါင်းတပ်တွေဆင်နွဲနေတဲ့ လန်ဆယ်ဒေသထိုးစစ်ကိုထောက်ခံကြောင်း၊ ရဝမ်လူမျိုးစုရဲ့ဘိုးဘွားပိုင်မြေဖြစ်တဲ့လန်ဆယ်ဒေသမှာKIA ထိန်းချုပ်မှုအလိုမရှိကြောင်း၊ပူတာအို၊ခေါင်လန်ဖူးဒေသတွေမှာ KIA၊KPDF အဖွဲ့တွေအလိုမရှိကြောင်းစတဲ့ကြွေးကြော်သံတွေနဲ့…
Read More » -
Sep- 2025 -29 Septemberသတင်း
လန်ဆယ်ကျေးရွာအနီးနဲ့ လဟယ်ဆင်တပ်စခန်းတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်
ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာအနီး နဲ့ ရှေ့တန်းစခန်းတွေကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ် နဲ့ ဗုံး ၃ ကြိမ် ကြဲချသွားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ခေါင်လန်ဖူးမြို့နယ် နဲ့ ဆော့လော်မြို့နယ်ကြားမှာ တိုက်ပွဲငြိမ်သက်နေတာ ၅ ရက်ရှိလာပြီး စက်တင်ဘာ ၂၉ ရက်နေ့လည်မှာ စစ်တပ်ဘက်က Y12 လေယာဉ်နဲ့ ဗုံး ၃ လုံး လာချသွားတယ်လို့ သိရပါတယ်။ “ကျနော်တို့ဘက်ကို စစ်တပ်တွေ Y12 လေယာဉ်နဲ့ ဗုံး ၃ ကြိမ်လာကြဲသွားတယ်။ လန်ဆယ်တစ်ဝိုက်ရွှေမှော်နဲ့ လဟယ်ဆင်တွေမှာ လာကြဲသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး။” လို့ လန်ဆယ်ရောက်နေသူ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ လန်ဆယ်ကျေးရွာအနီးရှိရွှေမှော် နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့စစ်ထိုးစစ်ကို ခုခံခဲ့တဲ့ လဟယ်ဆင်နေရာမှာ ဗုံးကြဲခဲ့တာဖြစ်ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ KIA ဘက်က ပြောပါတယ် ခေါင်လန်ဖူး နဲ့ ဆော့ဆော်မြို့နယ်ကြားရှိ လဟယ်ဆင် KIA တပ်စခန်းကုန်းဖက်ကို ထိုးစစ်ဆင်လာတဲ့ ပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်ဖွဲ့တွေကို KIA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၃ ရက်နေ့ကစပြီး ပြည်သူ့စစ်တပ်ပေါင်းစုတွေဘက်က ဆုတ်ခွာသွားတာဖြစ်ပါတယ်။ သို့ပေမယ့် ဆုတ်ခွာသွားတဲ့ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်နဲ့ စစ်ကော်မရှင်တပ်တွေက KIA နဲ့ မီတာ ၂၀၀၀၊ ၃၀၀၀ ခန့်အကွာအဝေးမှာ စခန်းချနေဆဲ ဖြစ်တယ်လို့…
Read More » -
24 Septemberသတင်း
လမ်းကြောင်းအသစ်ရှာပြီးထိုးစစ်ဆင်လာတဲ့ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ အထိနာပြီးပြန်ဆုတ်
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်က KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ လာဟီဆင်စခန်းပြန်ရဖို့ အပြင်းထန်ကြိုးစားနေတဲ့ ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက လမ်းကြောင်းသစ်ရှာပြီးထိုးစစ်ပြန်ဆင်လာရာအထိပြီးပြန်ဆုတ်သွားကြောင်းသိရပါတယ်။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ အင်အား ၃၀၀ ဝန်းကျင်နဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး လာဟီဆင်စခန်းကို ခေါင်လန်ဖူးမြို့နယ်ဘက်ခြမ်းကနေထိုးစစ်ဆင်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။…
Read More » -
22 Septemberသတင်း
လန်ဆယ်နဲ့ခေါင်လန်ဖူးကြားတိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းပါတိုက်ခိုက်နေ
ကချင်ပြည်နယ် ခေါင်လန်းဖူးမြို့နယ် KIA ပူးပေါင်းတပ် တွေထိန်းချုပ်ထားတဲ့ လာဟီဆင် စခန်းဘက်ကို ခေါင်လန်းဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ ခေါင်လန်းဖူးမြို့နယ်နဲ့ လန်ဆယ်မြို့ကို သွားတဲ့လမ်းပိုင်းရှိ လာဟီဆင်စခန်းဘက်ကို ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်က စက်တင်ဘာ ၁၉ ရက်နေ့…
Read More » -
12 Septemberသတင်း
ခေါင်လန်ဖူး – ပူတာအိုကြား ဆိုင်ကယ်ကယ်ရီခ ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးရ
ကချင်ပြည်နယ် ပူတာအို – ခေါင်လန်ဖူး ကားလမ်းပိုင်းပျက်စီးနေတာကြောင့် ဆိုင်ကယ်ကယ်ရီငှားရမ်းခတစ်စီးကို ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးနေရကြောင်း ဒေသခံများထံမှ သိရပါတယ်။ ယခုနှစ် ဇွန်လ လဆန်းပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ခေါင်လန်ဖူး – ပူတာအိုကားလမ်းပိုင်းနေရာအတော်များများမှာ လမ်းမြေပြိုတာ၊ တောင်ပြိုတာတွေကြောင့် လက်ရှိအချိန်အထိကားသွားလာလို့မရသေးပဲ ဆိုင်ကယ်နဲ့သာသွားလာနေရတာဖြစ်ပါတယ်။ …
Read More » -
11 Septemberသတင်း
ခေါင်လန်ဖူးဒေသမှာ ပြည်သူ့စစ်တပ်က စစ်လက်နက်ရိက္ခာပို့ဖို့အတွက် ပြည်သူတွေကိုအတင်းအဓ္ဓမစေခိုင်းနေ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ခေါင်လန်ဖူးဒေသတစ်လျှောက်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ၎င်းတို့ရဲ့ လက်နက်၊ခဲယမ်းအပါအဝင် ရိက္ခာပို့ဖို့အတွက် ပြည်သူတွေကို အတင်းအဓ္ဓမ အထမ်းထမ်းခိုင်းနေတယ်လို့ ဒေသခံတွေပြောပါတယ်။ လန်ဆယ်ကိုပြန်သိမ်းဖို့လို့ဆိုကာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ခေါင်လန်ဖူးဒေသတွင်းနေထိုင်တဲ့ ဒေသခံပြည်သူတွေကို ဒီလဆန်းပိုင်းကစပြီး ခေါ်ယူနေတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။…
Read More » -
9 Septemberသတင်း
ရှိန်းခေါင်မှာ ပြည်သူ့စစ်တပ်က ဒေသတွင်း ကုန်အဝင်အထွက်ကန့်သတ်ထိန်းချုပ်ထားတဲ့အတွက် ပြည်သူတွေအခက်တွေ့
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဝေးလံခေါင်ဖျားတဲ့ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ရွာမှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ကုန်အဝင်အထွက် ကန့်သတ်ထိန်းချုပ်ထားတဲ့အတွက် ဒေသခံပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲကြပ်တည်းနေတယ်လို့ သိရပါတယ်။ လက်ရှိ ရှိန်းခေါင်ရွာကို အုပ်ချုပ်နေတဲ့ တန်န်ဂူးတန်ပြည်သူ့စစ်တပ်တွေက ဒေသတွင်းဈေးသည်တွေအပါအဝင် သာမန်အရပ်သားပြည်သူတွေကို တရုတ်နယ်စပ်ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့အတွက် ဒေသခံတွေဟာ…
Read More » -
Aug- 2025 -19 Augustသတင်း
ခေါင်လန်ဖူးမှာ ဆန်တစ်အိတ် ကျပ် ၅ သိန်းဝန်းကျင်အထိစျေးတက်
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ဘက်ကို ကုန်ကားတွေသွားလာလို့မရသေးတာကြောင့် ဆန်တစ်အိတ်ကိုကျပ် ၅ သိန်းဝန်းကျင်အထိစျေးတက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ပထမ အပတ်ကတည်းကနေ ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းမှာမိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့်လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး ဒီကနေ့အထိပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားအဝင် ရပ်တန့်နေတာလို့ ခေါင်လန်းဖူးမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဆန်ကပြတ်နေတာတော့မဟုတ်ဘူး…
Read More » -
Jul- 2025 -24 Julyသတင်း
လာဟီဆင်စခန်းပြန်ရဖို့ စစ်ကောင်စီပူးပေါင်းတပ်ကြိုးပမ်းနေ
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်မှာ စစ်ကောင်စီလက်လွတ်ဆုံးရှူံးခဲ့ရတဲ့ လာဟီဆင်ရှေ့တန်းစခန်းကိုပြန်ရဖို့ စစ်ကောင်စီတပ်နဲ့ ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကြိုးပမ်းနေတယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ လန်ဆယ်ကျေးရွာနဲ့ ခေါင်လန်းဖူးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က လာဟီဆင် မဆုတ်တမ်းခံစစ်စခန်းကိုပြန်ရဖို့ စစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေကြိုးပမ်းနေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “မြေပြင်သတင်းအရကတော့ သူတို့ ခေါင်လန်ဖူးမှာ စစ်သားအင်အားတွေဖြည့်တင်းနေတယ်။ ပြီးတော့…
Read More » -
21 Julyသတင်း
ခေါင်လန်ဖူး-ပူတာအိုလမ်းပျက်စီးမှု တစ်လကျော်ကြာမြင့်လာတဲ့အထိ ပြုပြင်နိုင်ခြင်းမရှိသေး
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းပျက်စီးမှုတစ်လကျော်ကြာမြင့်လာတဲ့အထိ ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် အသွားအလာပြတ်တောက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ပထမအပတ်ကနေ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ခေါင်လန်ဖူး –ပူတာအိုကားလမ်းပိုင်း နေရာအများပိုင်း လမ်းမြေပြိုတာ၊တောင်ပြိုတာတွေကြောင့် လမ်းပိုင်းသွားလာလို့မရပဲ ဒီကနေ့အထိ အသွားအလာပြတ်တောက်နေတာဖြစ်တယ်လို့ ခေါင်လန်ဖူး ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လမ်းကအခုထိရှင်းကိုမရှင်းသေးတာ ဟိုတလောတခါပြိုတုန်းက ရှင်းသေးတယ်။ ဒါပေမယ့်ထပ်ပြိုထပ်ပြိုတော့ရှင်းလည်းမထူးတော့ဘူးဆိုပြီး အခုက မရှင်းတော့တာ မိုးကုန်မှပဲရှင်းမယ်တဲ့။ အဲ့ချိန်မှသွားလို့ရမှာအခုလမ်းကသွားလို့မရတာ တစ်လကျော်နေပြီ”လို့ အသက် ၄၀ ကျော်အရွယ်ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ခေါင်လန်ဖူး– ပူတာအိုကမ်းလမ်းပိုင်းမှာ ဒီနှစ် မတ်လမှာတစ်ကြိမ် လမ်းပိုင်းမြေပြိုမှုဖြစ်ခဲ့ပြီး ဒေသခံတွေပြန်လည်ပြုပြင်ခဲ့ပေမယ့် ယင်းနေရာမှာထပ်ပြိုခဲ့တာကြောင့် မိုးရာသီကုန်မှသာ ပြုပြင်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ကားလမ်းပြိုတဲ့နေရာဟာ ပူတာအို–ခေါင်လန်ဖူး လမ်းရှိ ရီဒမ်းဂိတ်တစ်လျှောက်အဆိုးဆုံးလို့သိရပြီး တစ်လမ်းလုံးနီးပါးပြိုထားတာကြောင့်ပြန်လည်ပြုပြင်ဖို့ လနဲ့ချီကြာနိုင်တယ်လို့သိရပါတယ်။ “လမ်းကဒီရှစ်လကုန် ကိုးလပိုင်းလောက်မှရှင်းမယ်တဲ့ အခုရှင်းလည်းမိုးရွာရင်ထပ်ပြိုမှာဆိုတော့ အခုကမရှင်းတော့ဘူး ရှစ်လ၊ကိုးလ လောက်မှသွားလာလို့ရမှာ”လို့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ယင်းလမ်းပိုင်းဟာ ခေါင်လန်ဖူးဒေသအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်ပြီး အခုလိုအသွားအလာပြတ်တောက်နေတဲ့အတွက် ခေါင်လန်ဖူးဒေသခံအတွက် အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို တရုတ်ပြည်နယ်စပ် ဝင်ပေါက်ဖြစ်တဲ့ရှိန်းခေါင်လမ်းပိုင်းကိုအသုံးပြုနေရတယ်လို့သိရပါတယ်။ ရှိန်းခေါင်လမ်းပိုင်းဟာ ကားသွားလို့မရတာတာကြောင့် ကုန်သယ်ယူဖို့ အခက်အခဲရှိနေပြီး ကုန်စည်အဝင်နှေးတဲ့အတွက် ကုန်စည်ရှားပါးတာ၊ကုန်စျေးတက်တာတွေလည်းကြုံတွေ့နေရကြောင်းဒေသခံတွေကဆိုပါတယ်။ ပူတာအို –ခေါင်လန်းဖူး ကားလမ်းပိုင်းဟာမြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲသွားလာနေရတဲ့လမ်းပိုင်းဖြစ်ပါတယ်။ ခေါင်လန်းဖူးနဲ့အလားတူ နောင်မွန်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ဇွန်လပိုင်းက မိုးရွာသွန်းမှုကြောင့်ကျေးရွာချင်းဆက်တံတားကြီး ၅ စင်းနဲ့လမ်းပိုင်းအများအပြားပျက်စီးခဲ့ပြီးတချို့နေရာတွေမှာဒီကနေ့အထိအသွားအလာပြတ်တောက်နေဆဲ လို့သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »








