ရှမ်းမြောက် တိုက်ပွဲတွင် ဒေသခံ ၄ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား
,
ကချင်ပြည်နယ် ချီဖွေမြို့တွင် ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား အထိမ်းအမှတ်ပြုသည့်အနေနှင့် ဇွန်လ ၅ရက်နေ့ သစ်ပင်စိုက်သည့်အစီစဉ်ပြုလုပ်ခဲ့ကြောင်း လောင်ဗျစ်ခေါင် အရပ်ဘက်အဖွဲအစည်းမှ သိရသည်။ “ကျနော်တို့ ချီဖွေမှာ ခု၂၀၁၀နောက်ပိုင်း မြေပြိုမှုတွေ ခနနပိုများလာတယ်။ မိုးရွာမယ့်ချိန်ကျ မိုးမရွာဘူး ရာသီဥတုကပိုဆိုးလာတယ်။ ဒါတွေအားလုံးကို ပညာရှိတဲ့သူတွေရော ပညာမရှိတဲ့သူတွေရော ဒီအရာတွေအားလုံးဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးလို့ဆိုတာ အသိတရားတော့ ရှိလာကြတယ်။ ဒါပေမယ့် သစ်ပင်စိုက်ဖို့ကျတော့ ပြည်သူတွေရဲ့စိတ်ထဲမှာ အဲလောက်မရှိသေးဘူး အဲဒါကြောင့် ကျနော်တို့ ပထမဆုံးစံပြအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ…