ဒေသခံများ မသိရဘဲ ချီဖွေ ၀ါးရုံတော ခုတ်ရောင်းနေ

ကချင်ပြည်နယ် Chipwe (ချီဖွေမြို့ )၊ Yit Law ဒေသခံများနှင့်သက်ဆိုင်သော ၀ါးရုံတောများ ခုတ်ရောင်းရန် လုပ်ငန်းရှင်များကို ခွင့်ပြုခဲ့သည့် Yit Law (ရစ်လော်)ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဒေသခံ ရွာသားများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီသို့ တိုင်ကြားသွားမည်ဟု သိရသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဘက်မှ ကျေးရွာ၊ ရပ်ကွက်ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များမှ ကျပ် သိန်း ၂၀ လက်ခံပြီး ဝါးရုံတောခုတ်ရောင်းနေခြင်းဖြစ်သော်လည်း ၎င်းကိစ္စ ရွာသားများကို တိုင်ပင်ခြင်း မရှိကြောင်း ဆိုပါသည်။ “ကျနော်တို့ အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့…