စစ်ကောင်စီတပ်မှ စိုင်ဒူးရွာသား(၅၀)ဦးခန့်အား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွား

ယနေ့နံနက် မကွေးတိုင်း ဂန့် ဂေါမှ ထွက်လာသည့် စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့မြောက်ဘက်ရှိ စိုင်ဒူးရွာမှ ဒေသခံ ၅၀ ခန့်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများမှ သိရသည်။ “လျှပ်စစ်ရုံးမှာ ပန်းရံလုပ်နေတဲ့ ၂၀ ဦးနဲ့ တောင်ယာသွားတဲ့သူတွေ ရွာထဲကလူငယ်တွေ စုစုပေါင်း အယောက် ၅၀ ကျော် လောက်ရှိမယ် ဖမ်းသွားတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။ ဖမ်းဆီးခံရသူများထဲမှ သက်ကြီးရွယ်အိုနဲ့ တောင်ယာသွားသူများ အနည်းငယ်လွှတ်ပေးခဲ့သော်လည်း…