ရွှေကူစစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဂေါ်ဂွေပါ Gau Gwi Pa အထက် ပန်ခေါန်ယန်(Pan Hkaw Yang )တဝိုက်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ဇွန်လ ၅ ရက်နေ့ နံနက်အစောပိုင်းအချိန်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ပန်ခေါန်ယာန် (Pan Hkaw Yang) တွင်ရှိသော စစ်ကောင်စီတပ် စစ်အင်အား ၃၀ ဝန်းကျင်ခန့်ရှိသော စခန်းကို KIA တပ်မဟာ ၈