,
ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ နံနက်ပိုင်းအထိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဥ် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “သူတို့က ၁၉ရက်နေ့နေ့လည်ပိုင်းက စတင်ဝင်ရောက်လာတယ် ပြီးတော့ ငွေသာကျေးရွာကိုမီးရှို့တယ် ညနေ၆နာရီဝန်းကျင်မှာ ၁၆၀ နဲ့ ၁၂၀မမ တွေနဲ့ထုခဲ့တယ် ပြီးတော့ ၂၀
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာတွင် ရပ်ရွာကာကွယ်ရေး ကင်းစောင့်နေသည့် ရွာသား ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဆားလင်းကြီး ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ စစ်အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းသည် ယမန်နေ့ည ၈ နာရီဝန်းကျင် ငွေသာကျေးရွာ ကို လက်နက်ငယ်များ ပစ်ဖောက်ကာ ဝင်ရောက်တပ်စွဲခဲ့ရာ ကင်းစောင့်နေသည့် ရွာသား ၇ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ "စစက