စစ်ကိုင်း

  • Oct- 2025 -
    30 October
    သတင်း

    ကသာမှာ ကလပ်စတာဗုံးနဲ့တိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့က ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က မနေ့ကညပိုင်း ၁၀ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်၁၀နှစ်အရွယ်ကလေးတစ်ယောက်အပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ခြေထောက်ရွာက ဘုန်းကြီးကျောင်းဝန်းအတွင်းက ဓမ္မာရုံနှင့် ဂရုဏာပရဟိတကားလည်း ပျက်စီးခဲ့ရသလို အရပ်သားနေအိမ်…

    Read More »
  • 28 October
    သတင်း

    ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲက ၅ ဦး ပြန်ဖမ်းမိ

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၁၂ ဦး ပြီးခဲ့တဲ့ရက်ပိုင်းကထွက်ပြေးသွားခဲ့ပြီး အဲ့ဒီထဲက စစ်သုံ့ပန်း ၅ ဦးကိုပြန်ဖမ်းမိပြီလို့ အမည်မဖော်လိုတဲ့စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာဘဲ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းမှာ တော်လှန်ရေးအင်အားစုတွေ ဖမ်းမိထားတဲ့ စစ်သုံ့ပန်း…

    Read More »
  • 16 October
    သတင်း

    ဗန်းမောက်မှာ သိမ်းပိုက်ထားတဲ့ စခန်းကုန်းတစ်ခု ပြန်လက်လွှတ်လိုက်ရ

    စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့နယ်က မံလူ၊ ပင်းခါး ကျေးရွာနားမှာရှိတဲ့ စခန်းကုန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်အပြီးရက်ပိုင်းအကြာမှာဘဲ ပြန်လက်လွှတ်လိုက်ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတွေဆီကသိရ ပါတယ်။ ၅၇၁ ပွိုင့်ကုန်းလို့အမည်ရှိတဲ့ အဆိုပါစခန်းကုန်းကို တော်လှန်အင်အားစုတွေဟာ ဒီလ အောက်တိုဘာ ၈ ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ပေမဲ့ တစ်ပတ်ခန့်အကြာ အောက်တိုဘာလ…

    Read More »
  • Sep- 2025 -
    26 September
    သတင်း

    ဗန်းမောက်မှာတိုက်ပွဲဆက်ဖြစ်နေပြီး ကာကွယ်ရေးပူးပေါင်းတပ်တွေ SNA တပ်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိ

    စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီးတဲ့နောက် မြို့ရဲ့အနောက်ဘက်ခြမ်းမှာ နှစ်ဖက်တပ်တွေတိုက်ပွဲဆက်ဖြစ်နေပြီး SNA တပ်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော် SNA ၊စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ဗန်းမောက်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ခမိုးရွာ၊ အနောက်ဘက်ခြမ်းက ပင်ဟင်းခါး၊ ကြောင်လည် စတဲ့ကျေးရွာတွေတစ်ဝှိုက်မှာ…

    Read More »
  • 23 September
    သတင်း

    ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံထားရတဲ့ နိုင်ကျဥ်း ၃ ဦးထွက်ပြေးလွတ်မြောက်

    စစ်ကိုင်း နဲ့ ကချင်အစပ် ဗန်းမောက်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်လိုက်ပြီးနောက် အချုပ်ထောင်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံထားရတဲ့ နိုင်ကျဥ်း ၃ဦး ထွက်ပြေးလွတ်မြောက်လာတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။ လွတ်မြောက်လာသူနိုင်ငံရေးအကျဥ်းသား ၃ ဦးဟာ ဗန်းမောက်မြို့မှာဘဲ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး ထောက်ပို့အမျိုးသားတစ်ဦး၊ CDM ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦး…

    Read More »
  • 15 September
    သတင်း

    ဖမ်းဆီးခံရတဲ့ ကသာမြို့ခံ ၃ ဦး စစ်သင်္ဘောကနေ ထွက်ပြေးလွတ်မြောက်

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က မြို့ခံအမျိုးသား ၃ ဦးကိုဖမ်းဆီးသွားပြီးနောက် စစ်သင်္ဘောနဲ့အတူ ခေါ်ဆောင်သွားချိန် သင်္ဘောပေါ် ကနေ ခုန်ချလွတ်မြောက်သွားတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ စစ်တပ်ရဲ့ စစ်သင်္ဘောများ ကသာမြို့နယ် သံပုရာရွာဆိပ်ကမ်းရောက်ချိန်…

    Read More »
  • 3 September
    သတင်း

    သတင်းတု၊သတင်းမှားတွေကြောင့် မော်လူးဒေသခံများမကြာခဏတိမ်းရှောင်နေရ

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊အင်းတော်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ မော်လူးမြို့ခံတွေဟာ သတင်းတု၊ သတင်းမှားတွေကြောင့် မကြာခနတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မော်လူးမြို့ဟာ PDF၊ ကျောင်းသားတပ်(ABSDF)နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားပြီဖြစ်ပေမယ့် ယခုနောက်ပိုင်းခပ်စိပ်စိပ် ထွက်‌နေတဲ့သတင်းတုတွေကြောင့် မြို့ခံပြည်သူတစ်ချို့ မကြာခန ထွက်ပြေးတိမ်းရှောင်ရတယ်လို့ မော်လူးမြို့ခံအမျိုးသားတစ်ဦးက KNG…

    Read More »
  • Aug- 2025 -
    21 August
    သတင်း

    ကောလင်းမြို့တစ်နေရာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့အရှေ့ခြမ်း စွယ်ရကျေးရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရပြီး၈ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မနေ့က ဩဂုတ်လ ၂၀ ရက်နေ့မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ထောက်ပို့လေယာဥ် Y12 အမျိုးအစားနဲ့ ဗုံးသီးအလုံး ၃၀ကြဲချခဲ့တာလို့ စစ်ကိုင်းနဲ့ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။…

    Read More »
  • 7 August
    သတင်း

    ကသာမှာ စစ်မှုထမ်းဥပဒေအကောင်ထည်ဖော်ဖို့နဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကောင်စီကအစည်းအဝေးလုပ်

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်မှုထမ်းဥပဒေအကောင်ထည်ဖော်ဖို့အပါအဝင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်စစ်ကောင်စီကအစည်းအဝေးတစ်ခုပြုလုပ်ခဲ့တယ်လို့ကသာမြို့ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့နေ့လည်ပိုင်းလောက်က ကသာမြို့ ရပ်ကွက် ၇ က အုပ်ချုပ်ရေးမှူးရုံးခန်းမှာ အဆိုပါအစည်းအဝေးကိုပြုလုပ်ခဲ့ကြတာလို့သိရပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက“စစ်မှုထမ်းဥပဒေကတော့သူတို့ပြောနေတာကြာပါပြီ။ အခုဒီတစ်ခါကတော့ရှောင်လွဲလို့ရမှာမဟုတ်တော့ဘူး။ သူတို့အမှန်တကယ်ဒီဟာကိုအကောင်အထည်ဖော်မယ်။ တိုက်ပွဲတွေမှာကလေးတွေကိုထည့်သုံးမယ်။ မလွယ်ဘူးဗျ။ မြို့ခံတွေအတွက်အတော်လေးအခက်တွေ့စေတဲ့အနေအထားတစ်ခုပဲဗျ”လို့ပြောပါတယ်။…

    Read More »
  • May- 2025 -
    20 May
    သတင်း

    မိုင် ၄၀ ကျော်ကွင်းလမ်း ဆိုးဆိုးဝါးဝါးပျက်စီးနေလို့ မြစ်ကြီးနားတက်တဲ့ကားများ ပိတ်မိနေ

    စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့နယ်မြို့သိမ်းတိုက်ပွဲအပြီးမှာ အင်းတော်မြို့နယ်လမ်းပိုင်းကိုကာကွယ်‌ရေးတပ်ဘက်က ပြန်ဖွင်ပေးခဲ့ပေမဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုဆက်လက်အသုံးပြုနေရဆဲလို့ ကားသမားတွေကပြောပါတယ်။ ကန့်ဘလူမြို့နယ် ဇီးကုန်း၊ ပေကြီး၊ စံပါယ်နံ့သာ စတဲ့ကျေးရွာတွေတစ်ဝှိုက်က ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ် က ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားတာကြောင့် ကားသမားတွေဟာကွင်းလမ်းကိုအသုံးပြုနေရတာလို့သိရပါတယ်။ လက်တလောမှာတော့…

    Read More »
Back to top button