တိုက်ပွဲသတင်း

ဗန်းမောက်မှာ သိမ်းပိုက်ထားတဲ့ စခန်းကုန်းတစ်ခု ပြန်လက်လွှတ်လိုက်ရ

စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့နယ်က မံလူ၊ ပင်းခါး ကျေးရွာနားမှာရှိတဲ့ စခန်းကုန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်အပြီးရက်ပိုင်းအကြာမှာဘဲ ပြန်လက်လွှတ်လိုက်ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတွေဆီကသိရ ပါတယ်။

၅၇၁ ပွိုင့်ကုန်းလို့အမည်ရှိတဲ့ အဆိုပါစခန်းကုန်းကို တော်လှန်အင်အားစုတွေဟာ ဒီလ အောက်တိုဘာ ၈ ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ပေမဲ့ တစ်ပတ်ခန့်အကြာ အောက်တိုဘာလ ၁၄ ရက်နေ့တွင်ပြန်လည်လက်လွှတ်ခဲ့ရတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သူတစ်ဦး ခုလိုပြောပါတယ်။

ကျနော်တို့ဘက်ကက အဲ့စခန်းကိုသိမ်းထားတာ ဒီလထဲမှာဘဲဟုတ်တယ်။ ပြီးတော့ ရက်ပိုင်းအကြာမှာဘဲ ပြန်လက်လွှတ်လိုက် ရတာပေါ့လေ။ တစ်နေ့ကပေါ့။ ၅၇၁ ကုန်းလို့ခေါ်တယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့ကိုလက်လွှတ်လိုက်ရတဲ့နောက် အင်အားဖြည့်တင်းမှုတွေလုပ်ထားသလို ဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအသုံးပြုပြီး ထိုးစစ်တွေဆက်တိုက်လုပ်လာနေ တာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉၊ ၁၁၊ ၁၃ ရက်နေ့တွေမှာဆိုရင်လည်း ဗန်းမောက်မြို့နဲ့ကပ်လျှက်မှာရှိတဲ့ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်တာတွေလုပ်ခဲ့သလို နယ်စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျောင်း (နတလ) ကိုလည်း လေကြောင်းတိုက်ခိုက်တာတွေလုပ်ခဲ့ပါသေးတယ်။

တစ်ဖက်မှာ ၅၇၁ ပွိုင့်ကုန်းကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေကတော့ ဒီစခန်း သိမ်းနိုင်ခဲ့တဲ့အကြောင်းကို ဗီဒီယိုနဲ့တကွ ၎င်းတို့ရဲ့ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တွေနဲ့ ဖေ့ဘုတ်စ်စာမျက်နှာတွေမှာ ထုတ်ပြန်လာတာတွေ တွေ့ရပါတယ်။

၂ လပိုင်း ၁၆ ရက်နေ့မှာကျနော်တို့သိမ်းနိုင်ခဲ့တဲ့ စခန်းကို PDF တွေက ၁၀လပိုင်း ၈ ရက်နေ့မှာလာပြန်သိမ်းထားတာ။ အဲ့တာကို ၁၀လပိုင်း ၁၄ ရက်နေ့မှာကျနော်တို့ကပြန်လည်သိမ်းပိုက်ရရှိပါတယ်လို့ SNA တပ်သား တစ်ဦးကပြောဆိုနေကာ ရိုက်ထားတဲ့ရုပ်သံတစ်ခု ၎င်းတို့ကိုထောက်ခံတဲ့ လူမှုကွန်ယက်စာမျက်နှာ တစ်ချို့မှာ ဖော်ပြလျှက်ရှိပါတယ်။

ဒီ ၅၇၁ တပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂ နှစ်ကျော်လောက်အထိုင်ချတပ်စွဲထားခဲ့ရာကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေကလက်လွှတ်ထားခဲ့ရတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိတော့ နှစ်ဖက်လက်နက်ကိုင်တပ်တွေအကြား အဆိုပါတပ်စခန်းကိုအပြန်အလှန်သိမ်းပိုက်ထိန်းချုပ်ရင်း လက်ရှိမှာ စစ်ကောင်စီနဲ့SNA တပ်တွေကသိမ်းပိုက်ထားတယ်လို့ဆိုရမှာဖြစ်ပါတယ်။

ရှမ်းနီအမျိုးသားတပ်မတော် SNA ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက် အပါအဝင် ကချင်ပြည်နယ်ထဲ က မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့နယ် တို့တွင်စစ်ရေးလှုပ်ရှားကြတယ်လို့သိရပါတယ်။

ဗန်းမောက်မြို့နယ်ဟာ စစ်ကိုင်းတိုင်း ကသာခရိုင်အတွင်းက မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်ပြီး ရှမ်းနီ၊ ကဒူး၊ ကနန်း စတဲ့တိုင်းရင်း သား အများစုနေထိုင်ကြတဲ့ဒေသဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button