စစ်သင်္ဘော

  • Jul- 2025 -
    31 July
    သတင်း

    မုံရွာကနေဆန်တက်တဲ့ စစ်သင်္ဘောတွေ ဟုမ္မလင်းမြို့မှာအများပိုင်းဆိုက်ကပ်ထား၊ ခန္တီးဘက် ၈ စီးဆန်တက်

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကနေဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအုပ်စုဟာ ဇူလိုင်လ ၂၉ ရက်နေ့ ဟုမ္မလင်းမြို့မှာရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ပထမအပတ်ကစလို့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော စုစုပေါင်း ၃၈ စီး မုံရွာကနေစပြီး ဆန်တက်လာခဲ့ရာ ဇူလိုင် ၂၉ ရက်ည ဟုမ္မလင်းမြို့ကိုရောက်ရှိလာပြီး အဲ့ဒီထဲကသင်္ဘော ၈ စီးဟာ ဒီကနေ့မနက်ပိုင်းမှာပဲ ခန္တီးဘက်ကိုဆက်ဆန်တက်သွားတယ်လို့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “အားလုံးပေါင်းဆိုရင် ၃၀ ကျော်ပေါ့ အပေါက်အပြဲတွေပဲရောက်လာတယ်။ အကုန်လုံးဖလက်ယာဥ်တွေကြီးပဲ တချို့ကရေလယ်ခေါင်မှာပဲရပ်ထားတယ်။ တချို့က ကမ်းကပ်ထားတယ် အဲ့ထဲက ရှစ်စီးက ဒီမနက်ကခန္တီးဘက်ကိုတက်သွားတယ်”လို့ သူကပြောပါတယ်။ စစ်သင်္ဘောပေါ်မှာ  စားနပ်ရိက္ခာနဲ့လက်နက်ခဲယမ်းတွေလို့ယူဆရတဲ့ သေတ္တာအပြင် ဆန်အိတ်တွေတင်ဆောင်လာပြီး ဟုမ္မလင်းမြို့တွင်းတပ်မှာလည်း စစ်သားအင်အား၊ဆန်အိတ်နဲ့သေတ္တာတွေ ချနေတယ်လို့ သိရပါတယ်။ “ပစ္စည်းတွေကတော့ချနေတုန်း ဆန်အိတ်တွေကော၊ပြီးရင်သေတ္တာတွေနဲ့ချနေတာ စစ်သားကတော့ မနေ့က ဖောကား ၂ စီးနဲ့အပြည့်ပဲ ဟုမ္မလင်းတပ်ထဲကိုပို့လိုက်တယ်။ ကုန်တွေများတယ် သင်္ဘောက သဲအိတ်တွေနဲ့အပြည့်ကာထားတော့ဘာမှအသေအချာမမြင်ရဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့ ကာကွယ်ရေးတပ် ဖွဲ့ဝင်တစ်ဦးကဆက်ပြောပါတယ်။ ဟုမ္မလင်းကာကွယ်ရေးတပ်တွေရဲ့ပြောဆိုချက်အရ စစ်သင်္ဘောတွေပေါ်ကနေ တပ်မ ၈၈ ဘတ်တံဆိပ်ပါတဲ့ စစ်သားတွေ FAW ကားနှစ်စီးအပြည့်တင်ပြီး ဟုမ္မလင်းမြို့တွင်းတပ်ထဲပို့ဆောင်ထားထားတယ်လို့…

    Read More »
  • 29 July
    သတင်း

    ဗန်းမော်ကိုဦးတည်‌နေတဲ့ စစ်သင်္ဘောများ ရွှေကူမြို့မှာဆိုက်ကပ်တာ ၄ ရက်ကြာရှိလာ

    ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဦးတည်ဆန်တက်လာနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရွှေကူမြို့ကိုရောက်ရှိလာပြီး ကျောက်ချထားတာ ၄ ရက်ကြာရှိလာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ နဲ့ ၂၂ ရက်နေ့တွေကစပြီး…

    Read More »
  • 21 July
    သတင်း

    စစ်သင်္ဘောဆန်တက်လာတဲ့အတွက် မြစ်ကမ်းတစ်လျှောက်နေထိုင်တဲ့ပြည်သူတွေ ကြိုတင်တိမ်းရှောင်

    မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကောင်စီတပ်ရဲ့သင်္ဘောတွေဆန်တက်လာနေတဲ့အတွက် မြစ်ကမ်းနံဘေးနေထိုင်တဲ့ဒေသခံပြည်သူတွေ ဘေးလွှတ်ရာကြိုတင်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သင်္ဘောဆန်တက်ချိန် မြစ်ကမ်းတစ်လျှောက် လေကြောင်း၊ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်မှုတွေရှိနေတဲ့အတွက် မြစ်ကြောင်းတစ်လျှောက်နေထိုင်တဲ့ပြည်သူတွေ ကြိုတိမ်းရှောင်နေရတာဖြစ်တယ်လို့ ကသာမြို့ဒေသခံအမျိုးသားတစ်ဥိီး ပြောပါတယ်။ “တစ်ချို့ကတော့မနေ့ကတည်းကတိမ်းရှောင်နေကြတယ်။ မော်တော်ကြီးမော်တော်ငယ်တွေနဲ့ကိုရှောင်ကြတာ။ အခြေနေကတော့အားလုံးကစောင့်ကြည့်ပြီးလှုပ်ရှားနေရတာ အဆင်သင့်ပြင်ဆင့်ထားရတာပေါ့ သတင်းကိုအဆက်မပြတ်နားထောင်ပြီးတော့”လို့ပြောပါတယ်။ ဒီတစ်ကြိမ်ဆန်တက်လာတဲ့ သင်္ဘောတွေဟာ စစ်သင်္ဘော ၅ စီး၊ နောက်တွန်းထောက်ပို့သင်္ဘော ၇ စီးဖြစ်ပြီး လက်ရှိ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ အမှတ် (၁၃ )တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တကက ၁၃) မှာရောက်ရှိနေပြီး ပြန်ဆန်တက်ဖို့ပြင်ဆင်မှုတွေလုပ်နေတယ်လို့သိရပါတယ်။ ဒါကြောင့် စစ်သင်္ဘောရောက်နေတဲ့ အထက်ဘက်ကမြို့နယ်တွေဖြစ်တဲ့ ထီးချိုင့်၊ ကသာမြို့နယ်တွေရဲ့ မြစ်ကမ်းနံဘေးက ကျေးရွာပေါင်းများစွာ စစ်သင်္ဘောနဲ့လေကြောင်းအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်တာ ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ ထီးချိုင့်မြို့နယ်ကဒေသခံတွေကတော့ စစ်သင်္ဘောတွေ မန္တလေးမြို့ကနေစတက်လာတဲ့ ဇူလိုင် ၁၇ ရက်နေ့နောက်ပိုင်းကစလို့ မြစ်ကမ်းနံဘေးတစ်လျှောက်နေထိုင်တဲ့ဒေသခံတွေကို ကြိုတင်ပြင်ဆင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကတစ်ဆင့်ဆော်ဩခဲ့ပြီး တိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့နေ့ခင်းပိုင်းမှာ ကသာမြို့နယ်တစ်ဝှိုက် စစ်ကောင်စီရဲ့ Y 12 အမျိုးအစားရဟတ်ယာဥ်တစ်စီးဝဲနေပြီးကင်းထောက်စောင့်ကြည့်တာလုပ်နေတာလို့ ယူဆရကြောင်းဒေသခံတွေကပြောပါတယ််။ “ထီးချိုင့်မြို့နယ်လည်းရှောင်ပြီးပြီ တော်တော်များများကကြောက်နေကြတာ စိုးရိမ်ပူပန်နေကြတာပေါ့။ ညဆိုလည်းလေကြောင်းကိုသတိထားပြီး အိပ်နေရတဲ့အခြေနေဖြစ်နေတာ။ ပြီးတော့ Y12 ကလည်းကသာမြို့နယ်ထဲလာပတ်နေတာ ကြိုတင်ထောက်လှမ်းတဲ့သဘောရှိတယ်”လို့ နောက်ထပ်ကသာမြို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ အဆိုပါစစ်သင်္ဘောတွေဟာ သပိတ်ကျင်း–တကောင်း–ထီးချိုင့်–ကသာ–ရွှေကူ–ဗန်းမော်မြို့ လမ်းကြောင်းအတိုင်း ကချင်ပြည်နယ်အထိတက်လာနိုင်တယ်လို့ဒေသခံတွေနဲ့စစ်ရေးအခြေနေစောင့်ကြည့်သူတွေကခန့်မှန်းထားကြပါတယ်။ တစ်ဖက်မှာအခုလို စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့မြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကိုပစ်ခတ်လေ့ရှိသလို မြေပြင်စစ်ကြောင်းထိုးတာလေကြောင်းတိုက်ခိုက်တာတွေလုပ်လေ့ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းနှစ်စဥ်ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ညနေပိုင်းကလည်း စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ လမ်းကြောင်းရှင်းလေကြောင်းပစ်ခတ်တာကြောင့် ဝက်လက်မြို့နယ်ထဲကကျေးရွာ ၃ ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သား ၂၀ ကျော်သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ကသာ၊ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ရိက္ခာတွေဖြည့်တင်းနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွက်အရေးပါတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ကိုကာကွယ်ဖို့စစ်လက်နက်နဲ့ရိက္ခာတွေကိုရတဲ့နည်းနဲ့ သယ်ယူပို့ဆောင်ဖို့ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 18 July
    သတင်း

    စစ်တပ်ရဲ့ စစ်သင်္ဘောတွေ မင်းကင်းနယ်ထဲရောက်လာတဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာ‌ပေါင်း ၂၀ ခန့်တိမ်းရှောင်

    လေကြောင်းကနေ လုံခြုံရေးယူပြီး ဆန်တက်လာနေတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ မင်းကင်းမြို့နယ်ထဲဝင်ရောက်လာပြီဖြစ်တဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာ‌ပေါင်း (၂၀) ခန့်တိမ်းရှောင်နေရတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်က သိရပါတယ်။ ဇူလိုင်ဆန်းပိုင်းကစပြီး မုံရွာကနေ ဟုမ္မလင်း– ခန္တီးဘက်ကိုဦးတည်ကာ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောကြီးသုံးစီး၊သံခွန်မော်တော်၊ စစ်သင်္ဘောငယ် စုစုပေါင်း…

    Read More »
  • 17 July
    သတင်း

    စစ်တပ်ရဲ့ စစ်လက်နက်နဲ့ရိက္ခာတင်သင်္ဘောတွေ ကချင်အထိဦးတည်ဆန်တက်နိုင်

    အာဏာသိမ်းစစ်‌ကောင်စီတပ်ဟာ ဇူလိုင်လ ၁၇ ရက် ဒီနေ့မနက်ပိုင်း ၈နာရီကစလို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘောနဲ့ရိက္ခာတင်သင်္ဘော‌အပါ တစ်ခြားတွရေယာဉ်အစီး ၂၀ ခန့် အထက်ဘက်ကိုဦးတည်ဆန်တက်လာနေပြီး ဗန်းမော်မြို့အထိဦးတည်နိုင်တယ်လို့ မြစ်ကြောင်းအခြေနေစောင့်ကြည့်နေတဲ့အဖွဲ့တွေကခန့်မှန်းပါတယ်။ “ကျနော်တို့ခန့်မှန်းတာကတော့ ဒီလကုန်လောက်ဆိုဗန်းမော်အထိတက်နိုင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ကုန်တွေကလည်းများတယ် ရိက္ခာကလည်းများတယ်ဗျ။…

    Read More »
  • 9 July
    သတင်း

    မုံရွာကနေတက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘော ဟုမ္မလင်းဘက်ကို ဦးတည်တက်လာနေဟုဆို

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကနေထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်း၊ ခန္တီးဘက်ကို ဆန်တက်လာနေတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်က သိရပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ မုံရွာမြို့ သင်္ဘောဆိပ်ကနေထွက်ခွာသွားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကြီးတွေနဲ့ အဲဒီသင်္ဘောကိုလုံခြုံရေးယူပေးတဲ့ သံခွန်မော်တော်အပါအဝင် စုစုပေါင်း ၁၀ စီးခန့်ဟာ ဟုမ္မလင်းဘက်ကို ဦးတည်လာနေပြီး မနေ့က ကနီမြို့နယ်ထဲမှာဝင်ရောက်လာတယ်လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “အစီးရေအတိအကျကတော့အတည်ပြုနေတုန်း သံခွန်အသေးတွေကော သင်္ဘောအကြီးက ၆ စီးပြောတယ်။ ဟုမ္မလင်းအထိပဲလား ခန္တီးဘက်ထိဆက်တက်မလားတော့မသိရသေးဘူး မနေ့က ကနီနယ်ထဲဝင်တယ် ကနီတော့မရောက်သေးဘူး ဒီနေ့ရောက်မလားစောင့်ကြည့်ရမယ်”လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်သင်္ဘောတွေရဲ့အမိုးပေါ်မှာတော့ လက်နက်ကြီး၊စက်သေနတ်တွေတပ်ဆင်ထားပြီး သင်္ဘောထဲမှာတော့ လက်နက်ခဲယမ်းနဲ့ရိက္ခာတင်ဆောင်လာတယ်လို့ယူဆရကြောင်း သူက ဆက်ပြောပါတယ်။ “သင်္ဘောတွေက ကမ်းမကပ်ဘူးရယ် ရေလယ်ခေါင်ကနေပဲဆန်တက်လာတယ်ဆိုတော့ ဘာတွေပါမှန်းမသိရဘူး ယာဥ်တန်းနဲ့လာပြီဆိုကတည်းက စစ်သားနဲ့လက်နက်ခဲယမ်းတွေပဲပါမှာပဲ အလွတ်တော့ဘယ်လာမလဲ”လို့ သူကဆက်ပြောပါတယ်။ စစ်သင်္ဘောတွေဆန်တက်လာနေတာကြောင့် ဟုမ္မလင်းမြို့ပေါ်က စစ်ကောင်စီနဲ့ SNA စစ်သားတွေဟာ ရွှေပြည်အေးမြို့ဘက်ကို ဒီရက်ပိုင်းရေကြောင်းနဲ့ခပ်စိပ်စိပ်စစ်ရေးလှုပ်ရှားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ “သင်္ဘောတွေတက်လာတယ်ဆိုတော့ ဒီမြို့ထဲကနေစစ်သားတွေ ရွှေပြည်အေးဘက်သွားတယ် စက်လှေတွေနဲ့နှစ်စီး၊သုံးစီးတခါသွားရင်ကင်းလှည့်တာလားရွှေပြည်အေး ခြေနေသွားကြည့်တာဖြစ်နိုင်တယ်။ ရွှေပြည်အေးက pdf တွေထိုင်တယ်လေ”လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ရွှေပြည်အေးမြို့ဟာ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းမှာရှိတာဖြစ်ပြီး လက်ရှိမှာတော့ ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် စစ်သင်္ဘောတွေဟာ ဟုမ္မလင်းမြို့ကို ဝင်ရောက်ဖို့အတွက်လက်ရှိကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရွှေပြည်အေးမြို့ရဲ့သင်္ဘောဆိပ်ကိုဖြတ်ရမှာဖြစ်တဲ့အတွက် ရွှေပြည်အေးဘက်မှာ တိုက်ပွဲတွေဖြစ်ပွားလာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေတဲ့အတွက် လက်ရှိဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်သယ်ယူဖို့ ရေကြောင်းကိုသာအသုံးပြုနေရတာဖြစ်ပါတ်။ ဒါပေမယ့်…

    Read More »
  • Sep- 2024 -
    19 September
    သတင်း

    ဗန်းမော်မြို့ကို စစ်သင်္ဘောတစ်စီးရောက် လာတယ်လို့ ဗိုလ်မှူးကြီး နော်ဘူအတည်ပြု

    မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတစ်စီးနဲ့ မနေ့ ညနေပိုင်း ၃ နာရီဝန်းကျင် ကချင်ပြည်နယ် ဗန်းမော်မြို့ကိုရောက်ရှိလာပြီဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကအတည်ပြုပါတယ်။ ဗန်းမော်မြို့နယ်ကိုရောက်ရှိလာတဲ့ စစ်သင်္ဘောတွေထဲမှာ စစ်လက်နက်ရိက္ခာတင်ယာဥ် သင်္ဘောအကြီးစား တစ်စီးနဲ့ အဲ့ဒီစစ်သင်္ဘောတွေကိုတွန်းဖို့အတွက် သံခွန်ယာဥ် ၂ စီး…

    Read More »
  • 19 September
    သတင်း

    ဗန်းမော်ကိုဆက်တက်ဖို့ကြိုးစားနေတဲ့ စစ်သင်္ဘော ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေး

    ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာဆိုက်ထားတဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ်အထက်ဘက်ကို ဆန်တက်ဖို့ကြိုးစားနေပေမယ့် ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနေ့က မနက်ပိုင်းမှာ လေကြောင်းပစ်ကူတွေအသုံးပြုပြီး ရွှေကူမြို့နယ်ကနေ အထက်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဇင်းဘိုကျေးရွာအရောက်မှာ ပစ်ခတ်ခံရပြီး ပြန်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ပစ်ခတ်ခံရပြီးမကြာခင်မှာပဲ လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုပြီး ပြန်ဆန်တက်ခဲ့ရာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် ဒုတိယမြစ်ကျဥ်းအနီး ဝဲမရွာတစ်ဝှိုက် ရေလယ်ခေါင်မှာသောင်တင်နေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “သင်္ဘောတွေ ဒုတိယမြစ်ကျဥ်းထဲမှာပဲ သူတို့မကျော်နိုင်သေးဘူး။ သူတို့ကျော်ဖို့ကြိုးစားနေတာပေါ့။ ကျနော်တို့တားဆီးတာကိုလည်း လေယာဥ်ပစ်ကူနဲ့ကြိုးစားတယ် ဒါပေမဲ့ ပစ်ခတ်တာက ဗန်းမော်ကားလမ်း မပေါ်ကိုကျတယ်။”လို့ပြောပါတယ်။ ဒါပေမဲ့ စစ်သင်္ဘော ၅ စီးထဲက သံခွန်ယာဥ်အသေးစား ၂ စီးကတော့ စင်းခန်းတံတားအထိဆန်တက်သွားနိုင် ပြီး အရေးကြီးတဲ့ စစ်ရိက္ခာယာဥ်သင်္ဘောတွေကတော့ ဆန်တက်နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ မနေ့ကညတစ်ညလုံးနီးပါး ဝေဟင်ကနေ ကင်းပတ် တာတွေလုပ်သလို ဒီကနေ့ မနက်ပိုင်းမှာလည်း ဧရာဝတီမြစ်ကမ်းနဘေးရွာတွေကို သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ကျနော်တို့ကလည်း အဲ့သင်္ဘောတွေတက်လို့မရအောင်တိုက်ခိုက်နေပါတယ်။ ဒရုန်းတွေဘာတွေလည်း သုံးမရဘူး။ လက်နက်ကြီးနဲ့ပဲပစ်ရတာ။ စစ်သင်္ဘောတွေကတော့ရေလယ်ခေါင်မှာပဲ။ လေကြောင်းက မနေ့ကတော့ပစ်တယ်။ ညလုံးပေါက်လည်းလေယာဥ်နဲ့ဝဲတယ်။ ဒီမနက်လည်းဝဲတယ်”လို့ပြောပါတယ်။ တစ်ဖက်မှာ မြေပြင်စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ ရွှေကူမြို့နယ်ထဲက အင်အား ၆၀ ပါ စစ်ကောင်စီ စစ်ကြောင်းဟာလည်း ပြန်လည်ဆုတ်ခွာသွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်လည်း ကာကွယ်ရေးတပ်တွေက ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ရွှေကူမြို့နယ်အရောက်မှာ ၁၀ ရက်ခန့်ကြာရပ်နားပြီး အဘက်ဘက်က ပြန်လည်ပြင် ဆင်ပြီးမှ ဗန်းမော်မြို့နယ်ဆီပြန်လည်ဦးတည်ဆန်တက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့ရွာတွေက အရပ်သားတွေကို ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပါသေးတယ်။  By – အမိုး

    Read More »
  • 17 September
    သတင်း

    ရွှေကူကနေ ဆန်တက်လာတဲ့စစ်သင်္ဘော ပစ်ခတ်ခံရလို့ ပြန်ဆုတ်ခွာ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောအထက်ဘက်ကိုဆန်တက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်ခံရလို့ ပြန်ဆုတ်ခွာသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ၅ စီးဟာ ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်အစောပိုင်း ဧရာဝတီမြစ်အထက်ဘက် ဗန်းမော်မြို့နယ်ကိုဦးတည်ဆန်တက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ဇင်းဘုံရွာအဝင်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေ KNG ကိုပြောပါတယ်။ “ဒီမနက် ရွှေကူကနေတက်လာတဲ့စစ်သင်္ဘော ၅ စီး ရွှေကူအထက်ဘက်မှာ ကျနော်တို့ KIA နဲ့ PDF တွေ ပစ်ခတ်တာ ၉ နာရီ နဲ့ ၁၀ နာရီကြားလောက်မှာ။ သင်္ဘော ၂ စီးပျက်သွားပြီးတော့ ရွှေကူကိုအားလုံး ပြန်ဆုတ်သွားတယ်။”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ဒါ့အပြင် စစ်သင်္ဘောစထွက်ခွာတဲ့ မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်ကစလို့ စစ်ကောင်စီတပ်ဘက်က လေကြောင်း အသုံးပြုတိုက်ခိုက်တာတွေလုပ်ခဲ့သလို မြေပြင်စစ်ကြောင်းတစ်ခုက ရွှေကူမြို့တွင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းပတ်ထိုးဖို့ပြင်ဆင်နေတဲ့ စစ်ကြောင်းဟာ အင်အား ၅၀ ကျော်ရှိပြီး ရွှေကူ မြို့အထွက်ဆိုင်းဘုတ်အနီးရောက်ရှိနေပြီလို့သိရပါတယ်။ “၈ နာရီလောက်ကစထွက်တယ်။ ကုန်းကြောင်းကလည်း ရွှေကူမြို့အထွက်ဆိုင်းဘုတ်နားမှာ ဘာလုပ်မလို့ လဲမသိဘူး။ ထိုးကူဖို့ပြင်တာပေါ့လေ။ လေကြောင်းကလည်းတောက်လျှောက်ပစ်နေတာ။ သင်္ဘောကလည်း တောက်လျှောက်ပဲပစ်တာ”လို့ ရွှေကူမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်လည်း ကာကွယ်ရေးတပ်တွေက ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ရွှေကူမြို့နယ်အရောက်မှာ ၁၀ ရက်ခန့်ကြာရပ်နားပြီး အဘက်ဘက်က ပြန်လည်ပြင် ဆင်ပြီးမှ ဗန်းမော်မြို့နယ်ဆီပြန်လည်ဦးတည်ဆန်တက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့ရွာတွေက အရပ်သားတွေကို ထိမှန်ပြီး ၁၁ ဦးထက်မနည်းသေဆုံးခဲ့ရပါသေးတယ်။ By – အမိုး

    Read More »
  • 4 September
    သတင်း

    ကသာမှာရပ်ထားတဲ့ စစ်သင်္ဘောတွေ လေကြောင်းပစ်ကူနဲ့  ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်သင်္ဘော ၅ စီးလုံး ဝေဟင်ကနေ ဂျက်ဖိုက်တာနဲ့ ဆက်တိုက်ပစ်ကူပြီးတော့ ကချင်ပြည်နယ်ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာနေပြီလို့ ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ စက်တင်ဘာလ၄ရက်နေ့ ဒီကနေ့မနက်ပိုင်း၉နာရီဝန်းကျင်လောက်မှာ ကသာမြို့နယ် သဖန်းကိုင်ရွာဆိပ်ကမ်း ကနေ ရွှေကူမြို့ဆီဦးတည်ထွက်ခွာနေတာဖြစ်ပြီး ကသာမြို့နယ်အဆုံးကရွာဖြစ်တဲ့ မိုးတားလေးတစ်ဝှိုက်ကို ရောက်ရှိနေပြီလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “ မိုးတားလေးအထက်နားရောက်ပြီ ကသာနယ်ဆုံးတော့မှာ။ မနက်က ၉ နာရီကစထွက်တာ လေယာဥ်က လည်း ၈ စင်းလောက်သုံးသွားတယ်။ လေယာဥ်က ဗုံးတွေချလိုက်တာတွေရော စုံတယ် စက်သေနတ်တွေ နဲ့ရောပစ်တာ”လို့ပြောပါတယ်။ ကသာမြို့နယ်ထဲက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကလည်း တက်လာတဲ့စစ်သင်္ဘောတွေနဲ့ အပြန် အလှန်ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူဆက်တိုက်အသုံး ပြုတာတွေကြောင့် မရပ်တန့်နိုင်ခဲ့ဘူးလို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောပေါ်ကရော လေကြောင်းကနေပါ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ခဲ့တဲ့ အတွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကကျေးရွာနေအိမ်တစ်ချို့တော့ပျက်ဆီးနိုင်တယ်လို့ ဆိုပါ တယ်။ “ လောလောဆယ်တော့ ဒေသခံတွေအခြေနေမကြားသေးဘူး။ မြစ်ကမ်းဘေးကရွာတွေကတော့ ကြိုပြီး ရှောင်ခိုင်းထားတယ်။ ဒီနေ့တော့ထိခိုက်မှုမရှိလောက်ဘူးထင်ပါတယ်။ အဆောက်အဦးတွေကတော့ ပျက်ဆီးနိုင်တယ်”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်လက်နက်ရိက္ခာတွေအဓိကသယ်လာတဲ့ အဲ့ဒီစစ်သင်္ဘော ၅ စီးဟာ ကသာမြို့နယ် သဖန်းကိုင်ဆိပ်ကမ်း တွင် ၂ ညအိပ်ပြီး ကသာမြို့နယ်ထဲက စစ်သားအင်အားတွေလည်းဖြည့်တင်းသွားတယ်လို့ ကာကွယ်ရေးတပ် တွေဘက်ကပြောပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့တွေ ဖြစ်တဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာနဲ့ကသာမြို့နယ် ကလုံ၊ညောင်ခြေထောက်ရွာတို့မှာ အရပ်သားတွေ ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်လာတာဖြစ်ပြီး စတင်ထွက်ခွာလာချိန် ၈ စီးရှိပေမဲ့ ၃ စီးကတော့ သပိတ်ကျင်းမြို့နယ်မှာကျန်နေခဲ့တာ လို့ သိရပါတယ်။ သပိတ်ကျင်းမြို့နယ်ကနေတော့ စစ်သင်္ဘော ၅ စီးထွက်ခွာလာတာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့ ထီးချိုင့် နဲ့ မြတောင်ရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် တစ်ညအိပ်ရပ်နားပြီး စက်တင်ဘာ ၂ ရက်နေ့မှာ ကသာမြို့နယ်ကိုရောက်ရှိလာတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်မယ်ဆိုတော့မသိရသေးပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဒီနှစ်မတိုင်ခင်ကာလတွေမှာတော့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အထိဆန် တက်ပြီး ရိက္ခာရောလူအင်အားပါဖြည့်တင်းလေ့ရှိတာဖြစ်ပါတယ်။ သို့ပေမဲ့ ပြီးခဲ့တဲ့ မတ်လက KIA နဲ့ပူးပေါင်းအဖွဲ့တို့ဆောင်ရွက်ခဲ့တဲ့ ကချင်ပြည်နယ်တစ်ပြည်နယ် လုံး အတိုင်းအတာ အရှိန်မြင့်စစ်ဆင်ရေးအတွင်း ဧရာဝတီမြစ်ကြောင်းက အရေးပါတဲ့နေရာတစ်ချို့ကို KIA ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ စစ်ရေး ကျွမ်းကျင်သူတွေကတော့သုံးသပ်ထားပါတယ်။ By – အမိုး

    Read More »
Back to top button