စစ်သင်္ဘော
-
Sep- 2025 -5 Septemberသတင်း
ဗန်းမော်ရောက် စစ်သင်္ဘောများ ပြန်စုန်ဆင်း
ကချင်ပြည်နယ် ဗန်းမော်ကို ရောက်ရှိနေတဲ့စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်တင်ဘာလ ၅ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်စုန်ဆင်းသွားပြီလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စုစုပေါင်းစစ်သင်္ဘော ၆ စီးလို့သိရပြီး ဒီစုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကို ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့လူအင်အားတွေတင်ပို့ခဲ့တဲ့စစ်သင်္ဘောတွေပဲဖြစ်ပါတယ်။…
Read More » -
3 Septemberသတင်း
ကသာမှာ သံခွန်သင်္ဘော၅စီး ဗန်းမော်ကိုဆန်တက်ဖို့ပြင်ဆင်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် သဖန်းကိုင်းဆိပ်ကမ်းတစ်ဝှိုက်မှာ သံခွန်သင်္ဘော ၅ စီး ဗန်းမော်မြို့ကိုဆန်တက်ဖို့အတွက်ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကိုစစ်သင်္ဘောနဲ့သံခွန်သင်္ဘောအစီး ၂၀…
Read More » -
Aug- 2025 -13 Augustတိုက်ပွဲ
စစ်သင်္ဘောရောက်ပြီးနောက် အမြောက်တပ် ၃၆၆ နဲ့ လေယာဥ်ကွင်းတို့ကို KIAပူးပေါင်းတပ်လက်လွှတ်ထားရ
စစ်သင်္ဘောတွေရောက်ပြီးတဲ့နောက် တိုက်ပွဲတွေပြင်းထန်နေတဲ့ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်ကထိုးစစ်တွေ စတင်လာပြီး KIA ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့နေရာတချို့ကိုလည်းလက်လွှတ်လိုက်ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ၂၀၂၅ ခုနှစ် ဒီနှစ်ရဲ့အစပိုင်းမှာပဲကေအိုင်အေပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ အမတ ၃၆၆ အမြောက်တပ်အပါအဝင်လေယာဥ်ကွင်းကနေပါ နောက်ဆုတ်ပေးထားရတယ်လို့ ဆိုပါတယ်။ “အခုက အရင်ကရထားတဲ့ ၃၆၆ စစ်တပ်ဆိုတာ လေယာဥ်ကွင်းဘေးနားကတပ်ပေါ့။…
Read More » -
12 Augustသတင်း
စစ်သင်္ဘောကနေထွက်ပြေးလာတဲ့ ဒုရဲအုပ်နဲ့စစ်မှုထမ်း ၂ ဦးကို NUG ထိန်းသိမ်းထား
ကချင်ပြည်နယ်ဗန်းမော်ကိုရောက်လာတဲ့ စစ်သင်္ဘောတွေနဲ့အတူပါလာတဲ့ ဒုရဲအုပ်အပါအဝင် အဓ္ဓမလူသစ်စုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်း ၂ဦးကိုအမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံတပ်တွေကထိန်းသိမ်းစောက်ရှောက်ထားတယ်လို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင်…
Read More » -
8 Augustလူ့အခွင့်အရေးချိုးဖောက်မှု
ဗန်းမော်မြို့ကိုစစ်သင်္ဘောတွေရောက်ရှိနိုင်ဖို့ စစ်တပ်ရဲ့ပစ်ခတ်မှုတွေအကြား အရပ်သား ၃၁ ဦးသေဆုံးခဲ့
မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိစစ်သင်္ဘောတွေဆန်တက်နိုင်ဖို့အရေး စစ်ကောင်စီကရေလမ်းကြောင်းရှင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေနဲ့မြစ်ကြောင်းအခြေနေစောင့်ကြည့်တဲ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကို စစ်သင်္ဘောအစီး ၂၀ ကျော်နဲ့…
Read More » -
6 Augustသတင်း
စစ်သင်္ဘောတွေရောက်ပြီးနောက် ဗန်းမော်မြို့မှာတိုက်ပွဲပြင်းထန်လာ
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေရောက်ရှိပြီးတဲ့နောက် ဗန်းမော်မြို့မှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေပိုပြီး ပြင်းထန်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာခဲ့တဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကိုရောက်ရှိလာခဲ့ပြီးဗန်းမော်မြို့အပါအဝင်ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်က ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့တွေမှာပါလက်နက်ရိက္ခာနဲ့ လူအင်အားတချို့ဖြည့်တင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။…
Read More » -
1 Augustသတင်း
စစ်သင်္ဘောအားလုံး ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်နေပြီး မြစ်ကျဥ်းတဝိုက် တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ် ရွှေကူမြို့နယ်ရောက် စစ်သင်္ဘောအားလုံး ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မနက်ပိုင်းမှာပဲ ဗန်းမော်မြို့ကိုဦးတည်ဆန်တက်နေတယ်လို့ မြစ်ကြောင်းတစ်လျှောက်စစ်ရေးအခြေနေစောင့်ကြည့်နေသူတွေနဲ့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ လေကြောင်းကနေလည်း အမျိုးမျိုးသောရဟတ်ယာဥ်တွေနဲ့မြစ်ကမ်းဘေးတစ်လျှောက်ကိုပစ်ကူပေးနေပြီး စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေဘက်ကလည်းခုခံနေတဲ့အတွက် နှစ်ဖက်တပ်အကြားအပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက“စစ်သင်္ဘောတွေကဒီမနက်အားလုံးတက်ကြတယ်တဲ့။အဲ့မှာမြစ်ကျဥ်းတစ်ဝှိုက်ပစ်ကြခတ်ကြတော့…
Read More » -
Jul- 2025 -31 Julyသတင်း
မုံရွာကနေဆန်တက်တဲ့ စစ်သင်္ဘောတွေ ဟုမ္မလင်းမြို့မှာအများပိုင်းဆိုက်ကပ်ထား၊ ခန္တီးဘက် ၈ စီးဆန်တက်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကနေဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအုပ်စုဟာ ဇူလိုင်လ ၂၉ ရက်နေ့ ဟုမ္မလင်းမြို့မှာရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ပထမအပတ်ကစလို့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော စုစုပေါင်း ၃၈ စီး မုံရွာကနေစပြီး ဆန်တက်လာခဲ့ရာ ဇူလိုင် ၂၉ ရက်ည ဟုမ္မလင်းမြို့ကိုရောက်ရှိလာပြီး အဲ့ဒီထဲကသင်္ဘော ၈ စီးဟာ ဒီကနေ့မနက်ပိုင်းမှာပဲ ခန္တီးဘက်ကိုဆက်ဆန်တက်သွားတယ်လို့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “အားလုံးပေါင်းဆိုရင် ၃၀ ကျော်ပေါ့ အပေါက်အပြဲတွေပဲရောက်လာတယ်။ အကုန်လုံးဖလက်ယာဥ်တွေကြီးပဲ တချို့ကရေလယ်ခေါင်မှာပဲရပ်ထားတယ်။ တချို့က ကမ်းကပ်ထားတယ် အဲ့ထဲက ရှစ်စီးက ဒီမနက်ကခန္တီးဘက်ကိုတက်သွားတယ်”လို့ သူကပြောပါတယ်။ စစ်သင်္ဘောပေါ်မှာ စားနပ်ရိက္ခာနဲ့လက်နက်ခဲယမ်းတွေလို့ယူဆရတဲ့ သေတ္တာအပြင် ဆန်အိတ်တွေတင်ဆောင်လာပြီး ဟုမ္မလင်းမြို့တွင်းတပ်မှာလည်း စစ်သားအင်အား၊ဆန်အိတ်နဲ့သေတ္တာတွေ ချနေတယ်လို့ သိရပါတယ်။ “ပစ္စည်းတွေကတော့ချနေတုန်း ဆန်အိတ်တွေကော၊ပြီးရင်သေတ္တာတွေနဲ့ချနေတာ စစ်သားကတော့ မနေ့က ဖောကား ၂ စီးနဲ့အပြည့်ပဲ ဟုမ္မလင်းတပ်ထဲကိုပို့လိုက်တယ်။ ကုန်တွေများတယ် သင်္ဘောက သဲအိတ်တွေနဲ့အပြည့်ကာထားတော့ဘာမှအသေအချာမမြင်ရဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့ ကာကွယ်ရေးတပ် ဖွဲ့ဝင်တစ်ဦးကဆက်ပြောပါတယ်။ ဟုမ္မလင်းကာကွယ်ရေးတပ်တွေရဲ့ပြောဆိုချက်အရ စစ်သင်္ဘောတွေပေါ်ကနေ တပ်မ ၈၈ ဘတ်တံဆိပ်ပါတဲ့ စစ်သားတွေ FAW ကားနှစ်စီးအပြည့်တင်ပြီး ဟုမ္မလင်းမြို့တွင်းတပ်ထဲပို့ဆောင်ထားထားတယ်လို့…
Read More » -
29 Julyသတင်း
ဗန်းမော်ကိုဦးတည်နေတဲ့ စစ်သင်္ဘောများ ရွှေကူမြို့မှာဆိုက်ကပ်တာ ၄ ရက်ကြာရှိလာ
ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဦးတည်ဆန်တက်လာနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရွှေကူမြို့ကိုရောက်ရှိလာပြီး ကျောက်ချထားတာ ၄ ရက်ကြာရှိလာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ နဲ့ ၂၂ ရက်နေ့တွေကစပြီး…
Read More » -
21 Julyသတင်း
စစ်သင်္ဘောဆန်တက်လာတဲ့အတွက် မြစ်ကမ်းတစ်လျှောက်နေထိုင်တဲ့ပြည်သူတွေ ကြိုတင်တိမ်းရှောင်
မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကောင်စီတပ်ရဲ့သင်္ဘောတွေဆန်တက်လာနေတဲ့အတွက် မြစ်ကမ်းနံဘေးနေထိုင်တဲ့ဒေသခံပြည်သူတွေ ဘေးလွှတ်ရာကြိုတင်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သင်္ဘောဆန်တက်ချိန် မြစ်ကမ်းတစ်လျှောက် လေကြောင်း၊ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်မှုတွေရှိနေတဲ့အတွက် မြစ်ကြောင်းတစ်လျှောက်နေထိုင်တဲ့ပြည်သူတွေ ကြိုတိမ်းရှောင်နေရတာဖြစ်တယ်လို့ ကသာမြို့ဒေသခံအမျိုးသားတစ်ဥိီး ပြောပါတယ်။ “တစ်ချို့ကတော့မနေ့ကတည်းကတိမ်းရှောင်နေကြတယ်။ မော်တော်ကြီးမော်တော်ငယ်တွေနဲ့ကိုရှောင်ကြတာ။ အခြေနေကတော့အားလုံးကစောင့်ကြည့်ပြီးလှုပ်ရှားနေရတာ အဆင်သင့်ပြင်ဆင့်ထားရတာပေါ့ သတင်းကိုအဆက်မပြတ်နားထောင်ပြီးတော့”လို့ပြောပါတယ်။ ဒီတစ်ကြိမ်ဆန်တက်လာတဲ့ သင်္ဘောတွေဟာ စစ်သင်္ဘော ၅ စီး၊ နောက်တွန်းထောက်ပို့သင်္ဘော ၇ စီးဖြစ်ပြီး လက်ရှိ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ အမှတ် (၁၃ )တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တကက ၁၃) မှာရောက်ရှိနေပြီး ပြန်ဆန်တက်ဖို့ပြင်ဆင်မှုတွေလုပ်နေတယ်လို့သိရပါတယ်။ ဒါကြောင့် စစ်သင်္ဘောရောက်နေတဲ့ အထက်ဘက်ကမြို့နယ်တွေဖြစ်တဲ့ ထီးချိုင့်၊ ကသာမြို့နယ်တွေရဲ့ မြစ်ကမ်းနံဘေးက ကျေးရွာပေါင်းများစွာ စစ်သင်္ဘောနဲ့လေကြောင်းအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်တာ ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ ထီးချိုင့်မြို့နယ်ကဒေသခံတွေကတော့ စစ်သင်္ဘောတွေ မန္တလေးမြို့ကနေစတက်လာတဲ့ ဇူလိုင် ၁၇ ရက်နေ့နောက်ပိုင်းကစလို့ မြစ်ကမ်းနံဘေးတစ်လျှောက်နေထိုင်တဲ့ဒေသခံတွေကို ကြိုတင်ပြင်ဆင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကတစ်ဆင့်ဆော်ဩခဲ့ပြီး တိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့နေ့ခင်းပိုင်းမှာ ကသာမြို့နယ်တစ်ဝှိုက် စစ်ကောင်စီရဲ့ Y 12 အမျိုးအစားရဟတ်ယာဥ်တစ်စီးဝဲနေပြီးကင်းထောက်စောင့်ကြည့်တာလုပ်နေတာလို့ ယူဆရကြောင်းဒေသခံတွေကပြောပါတယ််။ “ထီးချိုင့်မြို့နယ်လည်းရှောင်ပြီးပြီ တော်တော်များများကကြောက်နေကြတာ စိုးရိမ်ပူပန်နေကြတာပေါ့။ ညဆိုလည်းလေကြောင်းကိုသတိထားပြီး အိပ်နေရတဲ့အခြေနေဖြစ်နေတာ။ ပြီးတော့ Y12 ကလည်းကသာမြို့နယ်ထဲလာပတ်နေတာ ကြိုတင်ထောက်လှမ်းတဲ့သဘောရှိတယ်”လို့ နောက်ထပ်ကသာမြို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ အဆိုပါစစ်သင်္ဘောတွေဟာ သပိတ်ကျင်း–တကောင်း–ထီးချိုင့်–ကသာ–ရွှေကူ–ဗန်းမော်မြို့ လမ်းကြောင်းအတိုင်း ကချင်ပြည်နယ်အထိတက်လာနိုင်တယ်လို့ဒေသခံတွေနဲ့စစ်ရေးအခြေနေစောင့်ကြည့်သူတွေကခန့်မှန်းထားကြပါတယ်။ တစ်ဖက်မှာအခုလို စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့မြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကိုပစ်ခတ်လေ့ရှိသလို မြေပြင်စစ်ကြောင်းထိုးတာလေကြောင်းတိုက်ခိုက်တာတွေလုပ်လေ့ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းနှစ်စဥ်ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ညနေပိုင်းကလည်း စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ လမ်းကြောင်းရှင်းလေကြောင်းပစ်ခတ်တာကြောင့် ဝက်လက်မြို့နယ်ထဲကကျေးရွာ ၃ ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သား ၂၀ ကျော်သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ကသာ၊ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ရိက္ခာတွေဖြည့်တင်းနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွက်အရေးပါတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ကိုကာကွယ်ဖို့စစ်လက်နက်နဲ့ရိက္ခာတွေကိုရတဲ့နည်းနဲ့ သယ်ယူပို့ဆောင်ဖို့ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ By – အမိုး
Read More »