သတင်း

စစ်သင်္ဘောဆန်တက်လာတဲ့အတွက် မြစ်ကမ်းတစ်လျှောက်နေထိုင်တဲ့ပြည်သူတွေ ကြိုတင်တိမ်းရှောင်

မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကောင်စီတပ်ရဲ့သင်္ဘောတွေဆန်တက်လာနေတဲ့အတွက် မြစ်ကမ်းနံဘေးနေထိုင်တဲ့ဒေသခံပြည်သူတွေ ဘေးလွှတ်ရာကြိုတင်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သင်္ဘောဆန်တက်ချိန် မြစ်ကမ်းတစ်လျှောက် လေကြောင်း၊ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်မှုတွေရှိနေတဲ့အတွက် မြစ်ကြောင်းတစ်လျှောက်နေထိုင်တဲ့ပြည်သူတွေ ကြိုတိမ်းရှောင်နေရတာဖြစ်တယ်လို့ ကသာမြို့ဒေသခံအမျိုးသားတစ်ဥိီး ပြောပါတယ်။

တစ်ချို့ကတော့မနေ့ကတည်းကတိမ်းရှောင်နေကြတယ်။ မော်တော်ကြီးမော်တော်ငယ်တွေနဲ့ကိုရှောင်ကြတာ။ အခြေနေကတော့အားလုံးကစောင့်ကြည့်ပြီးလှုပ်ရှားနေရတာ အဆင်သင့်ပြင်ဆင့်ထားရတာပေါ့ သတင်းကိုအဆက်မပြတ်နားထောင်ပြီးတော့”လို့ပြောပါတယ်။

ဒီတစ်ကြိမ်ဆန်တက်လာတဲ့ သင်္ဘောတွေဟာ စစ်သင်္ဘော  စီး၊ နောက်တွန်းထောက်ပို့သင်္ဘော  စီးဖြစ်ပြီး လက်ရှိ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ အမှတ် (၁၃ )တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တကက ၁၃မှာရောက်ရှိနေပြီး ပြန်ဆန်တက်ဖို့ပြင်ဆင်မှုတွေလုပ်နေတယ်လို့သိရပါတယ်။

ဒါကြောင့် စစ်သင်္ဘောရောက်နေတဲ့ အထက်ဘက်ကမြို့နယ်တွေဖြစ်တဲ့ ထီးချိုင့်၊ ကသာမြို့နယ်တွေရဲ့ မြစ်ကမ်းနံဘေးက ကျေးရွာပေါင်းများစွာ စစ်သင်္ဘောနဲ့လေကြောင်းအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်တာ ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ထီးချိုင့်မြို့နယ်ကဒေသခံတွေကတော့ စစ်သင်္ဘောတွေ မန္တလေးမြို့ကနေစတက်လာတဲ့ ဇူလိုင် ၁၇ ရက်နေ့နောက်ပိုင်းကစလို့ မြစ်ကမ်းနံဘေးတစ်လျှောက်နေထိုင်တဲ့ဒေသခံတွေကို ကြိုတင်ပြင်ဆင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကတစ်ဆင့်ဆော်ဩခဲ့ပြီး တိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။

တစ်ဖက်မှာ ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့နေ့ခင်းပိုင်းမှာ ကသာမြို့နယ်တစ်ဝှိုက် စစ်ကောင်စီရဲ့ Y 12 အမျိုးအစားရဟတ်ယာဥ်တစ်စီးဝဲနေပြီးကင်းထောက်စောင့်ကြည့်တာလုပ်နေတာလို့ ယူဆရကြောင်းဒေသခံတွေကပြောပါတယ််။

ထီးချိုင့်မြို့နယ်လည်းရှောင်ပြီးပြီ တော်တော်များများကကြောက်နေကြတာ စိုးရိမ်ပူပန်နေကြတာပေါ့။ ညဆိုလည်းလေကြောင်းကိုသတိထားပြီး အိပ်နေရတဲ့အခြေနေဖြစ်နေတာ။ ပြီးတော့ Y12 ကလည်းကသာမြို့နယ်ထဲလာပတ်နေတာ ကြိုတင်ထောက်လှမ်းတဲ့သဘောရှိတယ်”လို့ နောက်ထပ်ကသာမြို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

အဆိုပါစစ်သင်္ဘောတွေဟာ သပိတ်ကျင်းတကောင်းထီးချိုင့်ကသာရွှေကူဗန်းမော်မြို့ လမ်းကြောင်းအတိုင်း ကချင်ပြည်နယ်အထိတက်လာနိုင်တယ်လို့ဒေသခံတွေနဲ့စစ်ရေးအခြေနေစောင့်ကြည့်သူတွေကခန့်မှန်းထားကြပါတယ်။

တစ်ဖက်မှာအခုလို စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့မြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကိုပစ်ခတ်လေ့ရှိသလို မြေပြင်စစ်ကြောင်းထိုးတာလေကြောင်းတိုက်ခိုက်တာတွေလုပ်လေ့ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းနှစ်စဥ်ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ညနေပိုင်းကလည်း စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ လမ်းကြောင်းရှင်းလေကြောင်းပစ်ခတ်တာကြောင့် ဝက်လက်မြို့နယ်ထဲကကျေးရွာ  ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သား ၂၀ ကျော်သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ကသာ၊ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ရိက္ခာတွေဖြည့်တင်းနိုင်ခဲ့ပါတယ်။

ကချင်ပြည်နယ်အတွက်အရေးပါတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ကိုကာကွယ်ဖို့စစ်လက်နက်နဲ့ရိက္ခာတွေကိုရတဲ့နည်းနဲ့ သယ်ယူပို့ဆောင်ဖို့ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button