ကလေးမြို့ တောင်ပိုင်း စစ်ရှောင် ၅ သောင်းခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီတွေလိုအပ်နေ

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းတွင် စစ်ဘေးရှောင် ၅ သောင်းနီးပါးအထိ တိုးလာသောကြောင့် ၎င်းတို့အတွက် အစားအသောက်နှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ဧပြီလ မတိုင်မှီတွင် စစ်ဘေးရှောင် ဦးရေ တစ်သောင်းကျော် ဝန်းကျင်ခန့်သာ ရှိ‌သော်လည်း ဧပြီလ ၂၀ ရက်‌ နောက်ပိုင်း စစ်ကောင်စီမှ ထိုးစစ်ပြင်းပြင်းထန်ထန် ပြုလုပ်လာခြင်းနှင့် ကျေးရွာများကို မီးရှို့ခဲ့သောကြောင့် လူဦးရေ တိုးလာခြင်းဖြစ်သည်ဟု စစ်ပြေးဒုက္ခသည် ၅ သောင်းနီးပါး