စားနပ်ရိက္ခာ

  • Sep- 2024 -
    25 September
    သတင်း

    စစ်ရှောင် ၇ လ ကျော်ကြာလာတဲ့ ဝိုင်းမော်မြို့နယ် စစ်ဘေးရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးများကူညီထောက်ပံ့မှုလိုအပ်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်လပ်လာပြီး  ကူညီထောက်ပံံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။ စစ်ရေးအခြေနေကြောင့် နေရပ်ပြန်လို့မရပဲ ဆက်လက်တိမ်းရှောင်နေရတဲ့ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ရွာအပါအဝင် ကျေးရွာအများစုက စစ်ရှောင်တွေဟာ ဇူလိုင်လ မတိုင်ခင်အထိ World Food Program (WFP) ကနေ ငွေကြေး၊ရိက္ခာ ကူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့…

    Read More »
  • Jul- 2024 -
    19 July
    သတင်း

    မိုးမိတ် စစ်ဘေးရှောင် ၁ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီတွေလိုအပ်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့နယ် စစ်ဘေးရှောင် ၁ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့  မိုးမိတ်မြို့ပေါ်မှာ ဒေသခံတွေ ဘေးလွှတ်ရာ ကျေးရွာတွေနဲ့ မန္တလေးမြို့ ဘက်ကိုအဓိကထွက်ပြေးတိမ်းရှောင်နေကြတာလို့ ပြောပါတယ်။ “၂ မိုင် ၃ မိုင်လောက်ဝေးတဲ့ရွာလေးတွေလည်းရှောင်ကြတယ်။ ကျနော်အခုကူညီနေတာဆို စစ်ရှောင် ၁ ထောင်ကျော်တယ်။ အဓိက တော့ မိုးမိတ်မြို့နယ်ပတ်ဝန်းကျင်မှာ ၉၀၀ လောက်ရယ် မန္တလေးမြို့ရောက် နေတဲ့ ၁၀၀လောက်ရှိတယ်။“လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ် လက်ရှိ စစ်ဘေးရှောင်နေသူအများစုဟာ အသက် ၅၀ ကျော်အရွယ်နဲ့ အသက် ၁၅ နှစ်အောက်ကလေးငယ်တွေကအများဆုံးဖြစ်ပြီး အဓိကတော့ စားနပ်ရိက္ခာဖြစ်တယ်လို့ သူကပြောပါတယ်။ အဲ့ဒီစစ်ဘေးရှောင်တစ်ထောင်ကျော်ထဲက စစ်ရှောင် ၉၀၀ ဝန်းကျင်ဟာ မိုးမိတ်မြို့နဲ့ ၂ မိုင်လောက်ပဲဝေးတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြသလို စစ်ဘေးရှောင် ၁၀၀ ကျော်ကတော့ မန္တလေးမြို့က ဘုန်းကြီး ကျောင်းနဲ့ ဆွေမျိုးတွေအိမ်မှာတိမ်းရှောင်နေကြတာလို့…

    Read More »
  • May- 2024 -
    29 May
    သတင်း

    ဝိုင်းမော်မြို့နယ်က စစ်ရှောင်ပြည်သူများ ဆေးဝါးနဲ့အမိုးအကာ အကူညီလိုအပ်နေ

    ဝိုင်းမော်မြို့နယ်ထဲက  စစ်ဘေးရှောင်ပြည်သူများ  စားနပ်ရိက္ခာတွေပြတ်လပ်လုနီးပါးဖြစ်နေတဲ့အပြင် ဆေးဝါးနဲ့အမိုးအကာတွေလည်း အရေးပေါ်အကူညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင်ကျေးရွာအပါအဝင် နောက်ထပ် မေလ ၂၁ ရက်နေ့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေဟာ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ သယ်ယူလာတဲ့အစားအသောက်တွေလည်း ပြတ်လပ်လာတဲ့အပြင် စစ်ရေးတင်းမာနေဆဲချိန်ဖြစ်တာကြောင့် အလုပ်အကိုင်တွေရရှိဖို့လဲခဲယဉ်းတဲ့အတွက် စားဝတ်နေရေးစိုးရိမ်ပူပန်နေရတယ်လို့ ခကွမ်ကျေးရွာက စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “စားနပ်ရိက္ခာတွေကတော့ အရင်ကတည်းက အိမ်ကအနည်းယူလာတဲ့ဟာတွေကို စားနေကြတာပေါ့။ အဲတာတွေကုန်ရင်တော့ ဒုက္ခရောက်ပြီပေါ့ အိမ်ကိုလည်း သွားသွားလာလာလုပ်လို့မရ  စိုးရိမ်ရတော့ရှိနေတဲ့ ဆန်တွေတောင်မသွားယူရဲဘူးပေါ့”လို့ ဆိုပါတယ်။ ဒါ့အပြင် အခုစစ်ရှောင်နေတဲ့စစ်ရှောင်စခန်းတွေဟာ စားနပ်ရိက္ခာပြတ်လပ်လာရုံသာမက နေရာထိုင်ခင်းတွေလည်း ဝါး၊ မိုးကာတွေနဲ့သာဆောက်လုပ်ပြီးနေထိုင်နေတာဖြစ်တဲ့အတွက် မိုးသက်လေပြင်းကျရောက်ချိန်တိိုင်း နေရာ၊ထိုင်ခင်းအဆင်မပြေဖြစ်ရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အဆောင်တွေဆိုရင်လည်း မိုးကာတွေနဲ့ဘဲ တစ်ချို့ဆိုရင်နံရံတွေမှာ ဘာမှမကာထားဘူး မိုးရွာပြီဆိုရင် မိုးတွေယိုတယ်။ မိုးကာတွေကလည်း လှန်တော့ အဆင်မပြေဘူး”လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေဟာ နေရာထိုင်ခင်းအဆင်မပြေမှုတွေနဲ့အတူ တစ်ဖက်မှာလည်း သောက်ရေသုံးရေ၊အိမ်သာအခက်အခဲနဲ့ ခြင်တွေပေါ်များမှုကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတစ်ချို့ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ဖျားနေသူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ စစ်ရှောင်စခန်းတွေမှာ ယာယီဆေးပေးခန်းတွေရှိပေမယ့် လူဦးရေများတဲ့အတွက် ဆေးဝါးလုံလောက်မှုမရှိဘဲ ဆေးဝါးလိုအပ်ချက်‌တွေရှိနေတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေရဲ့ ဆေးဝါးလိုအပ်ချက်‌နဲ့ပက်သက်ပြီး ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့(Kachin Backpack) အဖွဲ့ရဲ့တာဝန်ရှိသူကို မေးမြန်းကြည့်ရာမှာတော့ အခုလိုပြောပါတယ်။ “မနေ့လောက်ကတည်းကနေ ကျွန်တော်တို့လည်းဆေးဝါးတွေပြတ်သွားပြီ အကူအညီတောင်းလာတဲ့သူတွေကိုရော ရှိသလောက်ကူညီပေးလိုက်တော့  ဆေးကပြတ်သွားပြီ။ donorတွေ ကျွန်တော်တို့ကို ဆေးဝါးတွေ ပြန်ကူညီပေးတဲ့ချိန်မှဘဲ ကူညီပေးနိုင်တော့မယ်ထင်တယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလက်ရှိစစ်ရှောင်ပြည်သူတွေမှာ ကလေးငယ်လေးတွေ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအဖြစ်များနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang)၊ နဲ့ လဘန် ကျေးရွာ ဒေသတစ်လျှောက်မှာ ခိုလုံနေကြတဲ့ စစ်ရှောင်ပြည်သူတွေ ဟာ အိမ်ခြေ ၅၀၀ ကျော်ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။ အလားတူဘဲ ဝူယန်ကျေးရွာပြည်သူတွေကလည်း  ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကနေ KIA/KPDF တွေနဲ့ ဝူယန်ပြည်သူ့စစ်တွေကြား တိုက်ပွဲစတင်ဖြစ်လာချိန်ကတည်း  နီးစပ်ရာကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။…

    Read More »
  • 8 May
    သတင်း

    ဝူယန်စစ်ရှောင်ပြည်သူတစ်ချို့ စားနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်နေ

    ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို စစ်ဘေးရှောင်နေတဲ့ပြည်သူတစ်ချို့  စားနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်ပြီး အခက်အခဲကြုံတွေ့နေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်– ချီဖွေ– ဆဒုံးသွားလမ်းမပေါ်မှာရှိတဲ့  ဝူယန်ကျေးရွာတစ်လျှောက်ပြည်သူတွေဟာ ဒီနှစ်ဇန်နဝါရီလကတည်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာမှုအရှိန်ပိုမြင့်တက်လာနေတာကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်ပြန်ဖို့ခက်ခဲနေသေးတာဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူတွေအနေနဲ့ နေရပ်ပြန်လို့မရသေးတဲ့အပြင် မိုးတွင်းကာလရောက်ရှိလာတဲ့အတွက် နေရာထိုင်ခင်းအဆင်မပြေမှုတွေနဲ့အတူ စားနပ်ရိက္ခာပြတ်လပ်တာတွေလည်း ကြုံတွေ့နေကြရပြီဖြစ်တယ်လို့   စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “ဘာမှမယူလာနိုင်ဘူး ဆန်နဲ့ ပိုက်ဆံနည်းနည်းဘဲ ပါလာတာ သုံးလလောက်ရှိလာပြီးဆိုတော့ ပါလာတဲ့ဟာ ကုန်ရင် ဘာစားရမှန်းတောင်မသိတော့ဘူး ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်”လို့ ဆိုပါတယ်။ ဝူယန်ကျေးရွာဟာ ပြည်သူ့စစ်အဖွဲ့ ဂိတ်အထိုင်ချထားတဲ့ရွာဖြစ်ပြီး KIA ပူးပေါင်းတပ်တွေက မကြာခနလာရောက်ပစ်ခတ်တာတွေရှိနေတဲ့အပြင် ပြည်သူ့စစ်ဂိတ်ပစ်ခံရတိုင်း ဝိုင်းမော် ခလ၇ ၅၈ တပ်ကနေလည်း ရွာဘက်ကိုလက်နက်ကြီးပစ်ကူတာတွေကြောင့် လူနေအိမ်ထိခိုက်ပျက်စီးတာ၊ အရပ်သားပြည်သူ လက်နက်ကြီးထိမှန်တာတွေကြုံတွေ့နေကြရပါတယ်။ ဒါကြောင့် ကျေးရွာနေပြည်သူတွေဟာ ဒိီနှစ် နှစ်ဆန်းပိုင်းကနေ ငွေကြေးတတ်နိုင်သူတွေအနေနဲ့ မြစ်ကြီးနား၊ဝိုင်းမော်ဘက်ကို အိမ်ငှားနေထိုင်ကြတာရှိသလို  နီးစပ်ရာဆွေမျိုးတွေဆီမှာ သွားရောက်နေထိုင်သူတွေရှိနေပါတယ်။ ဒါပေမယ့် ငွေကြေးမတတ်နိုင်တဲ့ပြည်သူတွေတစ်ချို့က ဝါးရှောင်ကျေးရွာကနေ ၂ နာရီအကြာဆိုင်ကယ်စီးပြီးသွားရတဲ့ ဒိန်ဂျန်ယန်ရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ လက်ရှိ ဒိန်ဂျာယန်ကျေးရွာက  အိမ်ခြံဝန်းတစ်ခုတည်းမှာဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ အိမ်ခြေ ၂၀ ကျော် လူဦးရေ ကလေး ၃၇ ဦးအပေါအဝင် အားလုံးစုစုပေါင်း ၁၀၀ ဦးဝန်းကျင် မိုးကာတဲဆောက်ပြီးနေနေကြတယ်လို့ သိရပါတယ်။  စစ်ရှောင်ကာလ ၃ လဝန်းကျင်ကြာမြင့်လာတဲ့အပြင် အလှူရှင်တွေမရှိဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့နေထိုင်နေကြတာဖြစ်ပြီး လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ လိုအပ်နေတာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “လာတဲ့ချိန် တဲကတော့ ကိုယ်တဲကိုဆောက်ကြတာပေါ့ အားလုံးပေါင်းပြီး လုံခြုံလားဆိုတော့ မလုံခြုံဘူးပေါ့ မိုးကာကအစပေါ့ မိုးတွင်းဆို ပိုဆိုးလာတယ်။ ပြီးတော့ ဒီမှာ တစ်ယောက်ဖျားပြီဆို အကုန်ဖျားပြီးဘဲ ဆက်တိုက်ဖျားပြီ”လို့ ဆိုပါတယ်။ လတ်တလော ဝူယန်ကျေးရွာပြည်သူ့စစ်ဂိတ်မှာ ပြည်သူ့စစ်အဖွဲ့က လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ပြီး ဝူယန်ကျေးရွာ အ.လ.က ကျောင်းမှာလည်း စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့တပ်စွဲနေထိုင်နေတယ်လို့လည်း သိရပါတယ်။ အလားတူဘဲ KIA ပူးပေါင်းတပ်တွေဘက်က ဝူယန်ကျေးရွာအထက်ဘက် လမြန်နဲ့နမ့်ဝါ၊ မုတ်ကျိတ်ရွာ လမ်းမကြီးတစ်လျှောက်မှာရှိနေကြတာကြောင့် လက်နက်ကိုင်နှစ်ဖွဲ့အကြား ပြည်သူတွေ သွားလာဖိုခက်ခဲနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း  ကလေးတွေကျောင်းတက်ရမဲ့ အချိန်တွေရောက်လာပေမယ့် စစ်ရေးအခြေနေကြောင့် နေရပ်ပြန်လို့မရသေးတဲ့ စစ်ရှောင်ပြည်သူတွေဟာ သား၊သမီးတွေရဲ့ ပညာရေးလည်းပူပန်နေကြရတယ်လို့ ဆိုပါတယ်။  “ကျွန်မတို့ တောင်းဆိုချင်တာက ဒီကကျောင်းတက်တဲ့ သူတွေက ကျွန်မ ရဲ့ သားသမီးတွေတင်မကဘဲ တခြားကလေးတွေရော အများကြီးဆိုတော့ သူတို့ကို ဘယ်လိုကျောင်းပြန်ထားပေးနိုင်ဖို့ ကူညီပေးဖို့ပေါ့ မိုးရာသီဆိုတော့  အစားအသောက်,ကျန်းမာရေးကအစ တော်တော်အခက်အခဲ ဖြစ်လာမယ့်လို့ မြင်တယ်”လို့ ဆိုပါတယ်။ ဝူယန်ဒေသခံတွေဟာ စစ်ရေးအခြေနေအရ တိမ်းရှောင်နေကြရတဲ့အပြင် စာသင်ကျောင်းလည်းပိတ်ထားဆဲဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ပညာရေးအတွက် စိုးရိမ်နေပြီး တာဝန်ရှိလူကြီးတွေအနေနဲ့ ကူညီပေးဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။  လက်ရှိ KIA/KPDFတွေနဲ့ ဝူယန်ပြည်သူ့စစ်တွေ စစ်ရေး တင်းမာနေတာဖြစ်ပြီး ခလရ(၅၈)တပ်ရင်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းတန်း ပစ်ခတ်မှုတွေကြောင့် ဝူယန်ဒေသခံပြည်သူတစ်ချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတာဘဲ ဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ် အထိုင်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရှိတဲ့ ခကွမ်ရွာ၊ဝူယန်၊လဘန်၊လမြန်၊နမ့်ဝါ၊မုတ်ကျိတ်၊ဝါးရှောင် စတဲ့ကျေးရွာတွေဟာ ဝိုင်းမော်– ချီဖွေ– ဆဒုံးသွားတဲ့ ကားလမ်းမကြီးရဲ့ဘေးဝဲယာမှာ တစ်ဆက်တည်းရှိတဲ့ကျေးရွာတွေဖြစ်ပြီး ရွာအားလုံးဟာ ရွာချင်းဆက်ထားတာဖြစ်ပါတယ်။ By –…

    Read More »
  • Apr- 2024 -
    11 April
    သတင်း

    ဆယ်ဇင်းရွာကစစ်ဘေးရှောင်တစ်ချို့ စားနပ်ရိက္ခာခက်ခဲနေ

    ကချင်ပြည််နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာကနေ ဘကြီးကွင်းဘက် တိမ်းရှောင်နေတဲ့စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာခက်ခဲနေပြီး ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။ ဆယ်ဇင်းကျေးရွာအဝင်မှာရှိတဲ့ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ထိုင်တဲ့စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေဝင်တိုက်နေတာကြောင့် ဒေသခံရာချီစစ်ဘေးရှောင်နေရပြီး အစားသောက်ရေးအခက်အခဲဖြစ်နေတယ်လို့ ဆယ်ဇင်းကျေးရွာနေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ဒီနေ့နဲ့ဆိုတော့ ၃ ရက်ရှိပြီပေါ့ တချို့ရှိတဲ့လူကတော့စုထားဆောင်းထားတာရှိတော့ လောလောဆယ်အထိတော့အဆင်ပြေကြတယ်မခက်ခဲသေးဘူး။ အခုအခက်အခဲဖြစ်နေတာကတစ်နေ့လုပ်မှတစ်န့စားရတဲ့မိသားစုဝင်တွေတော့ခက်ခဲတာပေါ့အဓိကကိုပြောရမယ်ဆိုရင်စားဖို့သောက်ဖို့မရှိကြဘူးပြီးတော့သူတို့ကတောတောင်တွေထဲ ဘကြီးကွင်းဘက်ကိုရှောင်နေကြတယ်”လို့ အသက် ၅၀ ကျော်အရွယ်ရှိတဲ့အထက်ပါအမျိုးသမီးကပြောပါတယ်။ KIA၊KPDF နှင့်စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိဆယ်ဇင်းကျေးရွာထဲက ချမ်းသာကုန်းရပ်ကွက်၊ အမှတ် ၁ ရပ်ကွက်၊အမှတ် ၂ ရပ်ကွက်နှင့် အမှတ် ၃ စတဲ့ရပ်ကွက်နေပြည်သူတွေ ဧပြီ ၉ ရက်နေ့ကတည်းက စတင်တိမ်းရှောင်နေတာဖြစ်တယ်လို့သိရပါတယ်။ “တချို့မရှောင်ကြတဲ့ရပ်ကွက်တွေလည်းရှိတယ် အများပိုင်းရှောင်ကြတာက စခန်းနဲ့နီးတဲ့ချမ်းသာကုန်ဘက်တွေရှောင်ကြတာအခုလောလောဆယ် ဘုန်းကြီးကျောင်းထဲမှာ ၂၀၀ ကျော် ၃၀၀ လောက်ရှိတယ် အများပိုင်းက တောတောင်တွေထဲ မှာရှောင်နေကြတယ်”လို့ ဆယ်ဇင်းဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိတောတောင်တွေထဲမှာတိမ်းရှောင်နေတဲ့ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ မိသားစုဝင် ၃၀၀ ဦးထက်မနည်းရှိနေတာဖြစ်ပြီး အစားအသောက်အကူအညီတွေအရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကဆိုပါတယ်။ KIA၊ KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဆယ်ဇင်းကျေးရွာထဲက ရဲစခန်းနဲ့စစ်တပ်ကုန်းကို ဧပြီ ၉ ရက်နေ့မနက်အစောပိုင်းမှာဝင်တိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းကတော့ စဝင်တိုက်တဲ့နေ့မှာပဲလက်ချအညံ့ခံသွားပေမယ့် စစ်တပ်စခန်းကုန်းလက်နက်မချသေးတာကြောင့် ဒီနေ့နေ့လည်ပိုင်းထိနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Dec- 2023 -
    16 December
    သတင်း

    အခွန်ကောက်ဂိတ်တွေများလာတဲ့အတွက် စင်ကြိုင်စစ်ရှောင်စခန်းက စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စင်ကြိုင်ကျေးရွာဘက် ကုန်ပစ္စည်းတင်ပို့ရာမှာအခွန်ကောက်ခံတဲ့ ဂိတ်တွေများတဲ့အတွက် ကုန်ဈေးနှုန်းတွေမြင့်တက်နေတာကြောင့် စင်ကြိုင်စစ်ရှောင် စခန်းမှာ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။ လက်ရှိ ဝိုင်းမော်မြို့ကနေ စင်ကြိုင်ရွာအထိ လမ်းတစ်လျှောက် နယ်ခြားစောင့်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ စစ်ကောင်စီဂိတ် ဂိတ်ပေါင်း ၁၂ ခုရှိတဲ့ထဲက ၁၃ မိုင်…

    Read More »
  • Nov- 2023 -
    9 November
    သတင်း

    ဟုမ္မလင်းနယ် ရွာ ၄ ရွာက စစ်ဘေးရှောင်တွေ အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်နေ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်အုပ်စုမှာပါဝင်တဲ့ ကျေးရွာ ၄ ရွာထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နှင့်အခြား ဆေးဝါး၊အဝတ်အထည်တွေအကူအညီလိုအပ်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ နောင်ပိုအောင်ကျေးရွာနဲ့လွှစင်ကုန်းကျေးရွာဘက်မှာ ဒီတစ်ပတ်အတွင်းကစပြီး စစ်ကောင်စီတပ်၊ SNAပူးပေါင်းတပ်နဲ့ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ခပ်စိတ်စိတ်ဖြစ်လာနေတာကြောင့်…

    Read More »
  • 7 November
    သတင်း

    မုံးကိုး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့အကူညီတွေလိုအပ်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ကျေးရွာတစ်ချို့ ဘေးလွှတ်ရာတွေမှာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “ ၁၀၂၇ စစ်ဆင်ရေး” အဖြစ် မုံးကိုးဒေသတွင်း ဖြစ်ပွားလာတဲ့ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီဘေးလွှတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရပြီး အကူညီတစ်စုံ တစ်ရာမရကြဘူးလို့ TWO တအာင်းအမျိုးသမီးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ “အခုလောလောဆယ်က သူတို့က…

    Read More »
  • Aug- 2023 -
    14 August
    သတင်း

    ဒီပဲယင်းက စစ်ဘေးရှောင် ၅၀၀အတွက် အကူအညီများလိုအပ်နေ

    ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုအတွက် စားနပ်ရိက္ခာ၊ဆေးဝါး၊မိုးကာ နဲ့ အဖက်ဘက်က အကူညီတွေလိုအပ်နေပြီးတော့ ပညာသင်ခွင့်ဆုံးရှုံးနေရတဲ့ ကလေးငယ်တွေလည်းရှိတယ်လို့ ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။ အဲ့ဒီစစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်ဟာ စစ်ဘေးရှောင်တဲစခန်းသီးသန့်လုပ် ထားတာမျိုးမဟုတ်မရှိတဲ့အတွက်နီးစပ်ရာဘုန်းကြီးကျောင်း၊စာသင်ကျောင်းအဟောင်းနဲ့ယာယီတဲတွေထိုးပြီး စုဖွဲ့နေထိုင် ကြတယ်လို့ ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အားလုံးနီးပါးမိသားစု၁၀၀နီးပါးလောက် စခန်းသီးသန့်ပုံစံနေတာမျိုးတွေ့ရတယ် စားဝတ်နေရေးအတွက် ဒေသမှာရှိတဲ့ ပဲနုတ်တာ၊ပေါင်းနုတ်တာ၊ကောက်စိုက်၊ပျိုးနုတ်…

    Read More »
  • Apr- 2023 -
    10 April
    စစ်ပြေးဒုက္ခသည်များ

    ကန့်ဘလူက ပထမဦးဆုံး စစ်ရှောင်စခန်းအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်အခြားအကူညီများလိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ပထမဦးဆုံး စစ်ရှောင်စခန်းဖြစ်သော စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားအကူညီများစွာ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ အဆိုပါ စစ်ရှောင်စခန်းတွင် လူဦးရေ ၅၀၀ ခန့်ရှိပြီး သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများစွာ ခိုလှုံနေသဖြင့် ရေရှည်တွင် စားနပ်ရိက္ခာနှင့်ဆေးဝါးအကူညီများ အဓိကလိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက…

    Read More »
Back to top button