စားဝတ်နေရေး
-
Mar- 2025 -5 Marchသတင်း
ချီဖွေ၊ပန်ဝါဒေသရောက် ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးအခက်ကြုံ
ကချင်ပြည်နယ် ချီဖွေ၊ပန်ဝါဒေသမှာ အလုပ်အကိုင်ရှားပါးလာတဲ့အတွက်ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးအခက်ခဲကြုံနေတယ်လို့ ရွေ့ပြောင်းလုပ်သားများဆီကနေ သိရပါတယ်။ မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ပန်ဝါဒေသကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းလိုက်တဲ့နောက်ပိုင်း မြေရှားလုပ်ကွက်အများပိုင်းကို ပိတ်သိမ်းလိုက်တာကြောင့် အလုပ်အကိုင်ရှားပါးလာတာဖြစ်တယ်လို့ ပန်ဝါဒေသရောက် ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်၊၊ “ဒီမှာဆက်နေမယ်ဆိုရင်လည်း အလုပ်ကမရှိ စားဖို့တောင်မရှိလာတော့ဘူး။ သတ္တုဆိုဒ်အားလုံးလိုလို နားထားကြပြီ”လို့ ပြောပါတယ်။ ချီဖွေ၊ပန်ဝါဒေသဟာ တရုတ်နယ်စပ်အနီးဆုံးတည်ရှိပြီး စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် အလုပ်အကိုင်ရှားပါးလာမှုကြောင့် မြန်မာပြည်နေရာအနှံ့ လူငယ်၊လူလတ်ပိုင်းတွေဟာ မြေရှားသတ္တုလုပ်ကွက်မှာ အလုပ်လာရောက်လုပ်ကိုင်သူတွေများတဲ့ဒေသဖြစ်ပါတယ်။ ဒါပေမယ့် နယ်ခြားစောင့်ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့အပါအဝင် ချီဖွေမြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့နောက် နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြတ်သန်းခွင့်အပါအဝင်၊ မြေရှားသတ္တုလုပ်ကွက်အများပိုင်း ပိတ်သိမ်းလိုက်တဲ့အတွက် ရွှေ့ပြောင်းလုပ်သားများ အလုပ်လက်မဲ့များလာပြီး နေရပ်ပြန်ဖို့ ခရီးစရိတ်မရှိတဲ့အထိ ခက်ခဲကြပ်တည်းနေကြတယ်လို့ ပန်ဝါဒေသရောက် ရွေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးကလည်း ခုလိုပြောပါတယ်။ “ဒီမှာအလုပ်လာရှာနေတာလည်းကြာပြီ၊ အိမ်ကယူခဲ့ပိုက်ဆံလည်းကုန်နေပြီ။ အိမ်ကိုပြန်သွားရအောင်လည်း လမ်းစရိတ်ကမရှိ၊အခုတောင်သူငယ်ချင်းဆီကပ်နေတာ။ အလုပ်အရမ်းရှားသွားပြီ”လို့ ပြောပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းလုပ်သားတွေဟာ စားဝတ်နေရေးခက်ခဲကြပ်တည်းတဲ့အပြင် ပန်ဝါ–ချီဖွ– မြစ်ကြီးနား လမ်းပိုင်းမှာလည်း KIA တပ်ဖွဲ့ တပ်သားသစ်စု ဆောင်းတာတွေရှိနေတဲ့အတွက် နေရပ်ပြန်ဖို့လည်း စိုးရိမ် နေရတယ်လို့ ရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။ နှစ်ပေါင်း ၅၅ ထိန်းချုပ်ထားတဲ့ ကချင်အထူးဒေသ ၁ ဌာနချုပ် ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ သိမ်းပိုက်ပြီး၊ ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့ သိမ်းပိုက်လိုက်တဲ့နောက် မြေရှားသတ္တုလုပ်ကွက် အားလုံးနီးပါးပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။ ခုလို အလုပ်ကိုင်ရှားပါးမှုကြောင့် ရွှေ့ပြောင်းလုပ်သားများအပြင် ဒေသခံတွေတစ်ဖက်တစ်လမ်းဝင်ငွေရရှိနေတဲ့ ကုန်စုံဆိုင်နဲ့ တစ်ခြားစီးပွားရေးလုပ်ငန်းတွေမှာလည်း ခက်ခဲမှုရှိလာတယ်လို့ ချီဖွေမြို့မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “အရင်လို ရောင်းမကောင်းတော့ဘူး ပန်ဝါဘက်က အလုပ်ဖွင့်မှ အလုပ်သမားတွေပဲ အများပိုင်းဝယ်တာဟုတယ်တယ်။ ခုက ကုန်ခြောက်နည်းနည်းပါးပါးပဲရောင်းရတယ်”လို့ပြောပါတယ်။ …
Read More » -
Sep- 2023 -20 Septemberသတင်း
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မသန်စွမ်းတွေ စားဝတ်နေရေးပိုခက်ခဲလာ
မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျပ်ငွေတန်ဖိုးကျဆင်းလာ တာနဲ့ ကုန်ဈေးနှုန်းမြှင့်တက်လာတာတွေကြောင့် နိုင်ငံတစ်ဝှမ်းကမသန်စွမ်းတွေ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ မသန်စွမ်းအရေးကူညီနေသူတွေဆီကနေ သိရပါတယ်။ အလားတူ ကချင်ပြည်နယ်မှာလည်း စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက် မသန်စွမ်းတွေဟာ အလုပ်အကိုင်ရှားပါးလာပြီး အဖက်ဖက်ကနေ ပိုပြီးခက်ခဲလာတယ်လို့ ကချင်ပြည်နယ်အတွင်းက မသန်စွမ်းအရေးဆောင်ရွက်နေတဲ့ တွဲလက်မေတ္တာ ပရဟိတအသင်းက ဆရာအဇောင်းက“အရင်ကဆို မသန်စွမ်းတွေအတွက်အခွင့်အရေးက ကူညီတဲ့အဖွဲ့အစည်းတွေက သူတို့အတွက်အစားအသောက်အကူညီတွေရတယ် ပြီးတော့ သူတို့ရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရှိတယ်အခုတော့မရှိတော့ ဘူး အားလုံးကခက်ခဲသွားကြတော့ အလုပ်တွေကရှားသွားတာပေါ့“လို့ ပြောပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ မသန်စွမ်းတစ်ချို့ဟာ ပြီးခဲ့တဲ့အစိုးရသက်တမ်းမှာ မသန်စွမ်းတစ်ယောက်ကို…
Read More »

