သတင်း

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မသန်စွမ်းတွေ စားဝတ်နေရေးပိုခက်ခဲလာ

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျပ်ငွေတန်ဖိုးကျဆင်းလာ တာနဲ့ ကုန်ဈေးနှုန်းမြှင့်တက်လာတာတွေကြောင့် နိုင်ငံတစ်ဝှမ်းကမသန်စွမ်းတွေ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ မသန်စွမ်းအရေးကူညီနေသူတွေဆီကနေ သိရပါတယ်။

အလားတူ ကချင်ပြည်နယ်မှာလည်း စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက် မသန်စွမ်းတွေဟာ အလုပ်အကိုင်ရှားပါးလာပြီး အဖက်ဖက်ကနေ ပိုပြီးခက်ခဲလာတယ်လို့  ကချင်ပြည်နယ်အတွင်းက မသန်စွမ်းအရေးဆောင်ရွက်နေတဲ့ တွဲလက်မေတ္တာ ပရဟိတအသင်းက ဆရာအဇောင်းကအရင်ကဆို မသန်စွမ်းတွေအတွက်အခွင့်အရေးက ကူညီတဲ့အဖွဲ့အစည်းတွေက သူတို့အတွက်အစားအသောက်အကူညီတွေရတယ် ပြီးတော့ သူတို့ရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရှိတယ်အခုတော့မရှိတော့ ဘူး အားလုံးကခက်ခဲသွားကြတော့ အလုပ်တွေကရှားသွားတာပေါ့လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာရှိတဲ့ မသန်စွမ်းတစ်ချို့ဟာ ပြီးခဲ့တဲ့အစိုးရသက်တမ်းမှာ မသန်စွမ်းတစ်ယောက်ကို ထောက်ပံ့ငွေ ၃ သောင်းကျပ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မသန်စွမ်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရှိခဲ့တာကြောင့် စားဝတ်နေရေးဖြေရှင်းနိုင်ခဲ့ပေမယ့်လို့  အာဏာသိမ်းပြီးနောက် ကုန်စျေးနူန်းမြင့်တက်လာတာတွေအပြင် ကျပ်ငွေတန်ဖိုးကျဆင်းလာတာကြောင့် ဆန်အိတ်တစ်အိတ်ကို တစ်သိန်းကျော်လောက်ပေးနေရတဲ့ ဒီကာလမှာတော့ ရပ်တည်ဖို့ ပိုခက်ခဲလာတာပါ။

ဒါ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ကူညီထောက်ပံ့မှုတွေဟာလည်း  ပိုလျော့နည်းလာ တယ်လို့ မသန်စွမ်းအရေးကူညီနေသူတွေက ဆိုပါတယ်။

ဒါ့ကြောင့် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကုန်ဈေးနှုန်းတွေကြီးမြှင့်လာတဲ့အတွက် မသန်စွမ်း တစ်ယောက်အနေနဲ့ ရုန်းကန်နေရတဲ့အကြောင်းကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က အသက် ၆၀ နှစ်အရွယ် ဒေါ်လွမ်းညွယ်က အခုလိုပြောပြပါတယ်။

အခက်အခဲကြုံတာကတော့ အများကြီးပဲ ကိုယ်ကမသန်စွမ်းဆိုတော့လေ ရှာရဖွေရလုပ်ရကိုင်ရ အင်မတန်မှ ခက်ခဲတာပေါ့နော့ ရုန်းကန်နေရတာပေါ့ တကယ်လို့ ကိုယ်ကအဆင်မပြေဝယ်စားဖို့ကြတော့ လည်း  ဈေးနှုန်းကလည်းအရမ်းတက် ဆန်တစ်အိတ်ကို ၁ သိန်းကျော်တဲ့အခါကျတော့ စားဖို့သောက်ဖို့ကျ အရမ်းကိုခက်တယ် တစ်ခါတစ်လေကျရင် ဆန်ကွဲလည်း ပြုတ်ပြီးသောက်ရတဲ့အချိန် လည်းရှိပါတယ် တစ်ခါတစ်လေကျတော့လည်း သူများရှိတဲ့သူဆီမှာ ဆန်ပြည်ဆန်ခွက်လေးတွေယူထား ကိုယ်ရှာနိုင်ရင် ပြန်ဆက်ပေးပေါ့ မပြောပြတတ်လောက်အောင်ပဲ ဟင်းအိုးမှာဆားမခပ်တဲ့အချိန်တွေဘယ်လောက်များသွားလည်းမသိတော့ဘူးလို့ ပြောပါတယ်။

မသန်စွမ်းတွေကြုံနေရတဲ့အခက်အခဲနဲ့သူတို့အတွက် အလုပ်အကိုင်အခွင့် အလမ်းတွေရရှိဖို့အတွက် ကူညီဆောင်ရွက်ပေးကြဖို့ ကချင်ပြည်နယ်အတွင်းက မသန်စွမ်းအရေးဆောင်ရွက်နေတဲ့ တွဲလက်မေတ္တာ ပရဟိတအသင်းက ဆရာအဇောင်းက အခုလိုပြောပါတယ်။

အရင်ကတော့ မသန်စွမ်းတွေရဲ့အခွင့်အရေးအတွက် သင်တန်းတွေဘာတွေရှိတာပေါ့ ဒါပေမယ့် အခု စစ်တွေဖြစ် နိုင်ငံရေးတွေမတည်မငြိမ်ဖြစ်တော့ အရင်ထက်ကိုစားဝတ် နေရေးပိုခက်ခဲသွားကြတယ် အခုက ခက်ခဲတဲ့မသန်စွမ်းတွေ ကလည်းပိုများလာတယ် ကျနော်တို့ကလည်း အမြဲမကြည့်ပေးနိုင်ဘူးလေ အဲ့တာကြောင့် အခုဖြစ်နိုင်မယ်ဆိုရင် အသက်မွေးဝမ်းကျောင်း လက်မှုပညာတွေ အလုပ်အကိုင် အခွင့်အလမ်း တွေပေးမယ်ဆိုရင်တော့ အဆင်ပြေသွားဖို့ရှိတာပေါ့လို့ ပြောပါတယ်။

လက်ရှိမှာလည်း မြန်မာနိုင်ငံတဝှမ်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပဋိပက္ခတွေကြောင့် အသတ်ခံရတဲ့ မသန်စွမ်းတွေရှိသလို လက်နက်ကြီးတွေထိမှန်တာ မိုင်းနင်းမိတာတွေကြောင့်လည်း မသန်စွမ်းတွေ ပိုတိုးလာနေပါတယ်။

Show More

Related Articles

Back to top button