စိုက်ပျိုးမြေ
-
Feb- 2026 -24 Februaryသတင်း
နမ့်တောင်းမှာ ဒေသခံတွေရဲ့စိုက်ပျိုးမြေကို တရုတ်လုပ်ငန်းရှင်တစ်ဦး အတင်းအဓ္ဓမလိုက်လံသိမ်းယူနေ
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာမှာ ကိုးကန့်တပ် MNDAA အမည်ခံထားတဲ့ တရုတ်လုပ်ငန်းရှင်တစ်ဦး ရွာသားတွေရဲ့ စိုက်ပျိုးမြေတွေကို မတရားသိမ်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်တောင်းကျေးရွာဒေသခံ အိမ်ခြေ ၆ ရဲ့ ကြံစိုက်ခင်းတွေကို ကိုးကန့်တပ်သားတွေနဲ့အတူ တရုတ်လုပ်ငန်းရှင်တစ်ဦး လိုက်လံဖျက်ဆီးတာတွေလုပ်နေပြီး မြေယာပိုင်ရှင်တွေကိုလည်းသွားလာခွင့်ပိတ်ကာ အတင်းအဓ္ဓမမြေလုယူနေတယ်လို့ နမ့်တောင်းဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “တရုတ် ရှားကွေ့ ဆိုတဲ့တစ်ယောက်က ကိုးကန့်ကို ငွေအများကြီးပေးလိုက်ပြီ။ ကားတွေအထိဝယ်ပေးပြီးပြီဆိုပြီး ကျနော်တို့မြေယာတွေကို လာသိမ်းနေတာ ဟုတ်တယ်။ ကျနော်တို့ကဘာမှမသိပါဘူး ကျနော်တို့သိတာက ကိုယ့်မြေကိုယ့်ယာမှာ လွတ်လပ်စွာလုပ်ကိုင်စားသောက်ခွင့်ရှိပြီဆိုပြီး ပြန်လုပ်ကိုင်နေကြတာ ဒီနေ့ ၁၀ နှစ်တောင်ရှိနေပြီ။ အခုက MNDAA ကိုးကန့်အမည်ခံပြီးအဲဒီတရုတ်လုပ်ငန်းရှင်က ကျနော်တို့ကို လာခြိမ်းခြောက် လာလုယူနေတာ အခု သူတို့သိမ်းယူထားတဲ့မြေတွေမှာ ကော်ဖီတွေ စိုက်ပျိုးနေကြတယ်။ ကျနော်တို့က ကြံစိုက်ပျိုးထားတော့ ၄ နှစ်၊ ၅နှစ်စာအတွက် စိုက်ပျိုးထားတာဖြစ်တယ်။ အခုက အဲဒီမြေယာတွေကို လာလုနေတာဖြစ်တယ်”လို့မြေယာလုယူခံလိုက်ရတဲ့ နမ့်တောင်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလလောက်က ကြံခင်းစတင်ရိတ်သိမ်းတဲ့အချိန်ကစပြီး ကိုးကန့်တပ် MNDAA အမည်ခံထားတဲ့ အဲဒီတရုတ်လုပ်ငန်းရှင်တစ်ဦးဟာ ဒေသခံတွေကို အဲဒီမြေယာမှာ လုပ်ကိုင်စားသောက်ခွင့်မရတော့ကြောင်း ပြောဆိုလာတယ်လို့ သူကဆက်ပြောပါတယ်။ အဲဒီနောက် ကိုးကန့်တပ်သားတွေကို မကြာခဏစေလွှတ်ပြီး မြေပိုင်ရှင်တွေကို လုပ်ငန်းလုပ်ကိုင်ခွင့်တားမြစ်တာ၊ ခြိမ်းခြောက်တာမျိုးတွေဆက်တိုက်လုပ်လာပြီး မြေယာတွေကို မတရားသိမ်းယူလာခဲ့တာလို့ ပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ မြေပိုင်ရှင်တွေက မုံးကိုးမြို့ရှိ ကိုးကန့်ရုံးချုပ်ဆီမြေယာသိမ်းယူခံရတာနဲ့ပတ်သက်ပြီး သွားရောက်တိုင်ကြားပေမယ့် ကိုးကန့်ဘက်က တရုတ်နှစ်သစ်ကူးပြီးမှ ဖြေရှင်းပေးမယ်လို့သာပြောဆိုခဲ့ပြီး လက်ရှိအချိန်ထိ တုံ့ပြန်ပြန်အကြောင်းကြာပြောဆိုလာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ အဲဒီတရုတ်လုပ်ငန်းရှင်ဟာ ကိုးကန့်တပ်သားတွေနဲ့အတူ ဒီဖေဖော်ဝါရီလအတွင်းထဲမှာတင် ဒေသခံတွေရဲ့ကြံစိုက်ခင်းတွေမှာ အုပ်ထားတဲ့ပလတ်စတစ်တွေကို လိုက်သိမ်းပြီး အခင်းတွေကိုလိုက်ဖျက်ဆီးတာတွေ ၂ ကြိမ်ပြုလုပ်ခဲ့ပြီး အခင်းသွားလမ်းတွေကိုလည်း ပိတ်ပင်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။ “မြေယာအခင်းဆီ သွားသွားလာလာလုပ်ရင်လည်း ပေးမသွားဘူး သွားခွင့်မပြုဘူး။ နင်တို့သွားရင်တော့ ပစ်မှာ ဘာညာနဲ့ ပြောဆိုခြိမ်းခြောက်နေတာ။ အဲဒီလိုခြိမ်းခြောက်နေလို့ ကျမတို့လည်း လုပ်ငန်းလုပ်ရတာလည်း အဆင်မပြေအရမ်းခက်ခဲနေတယ်။ ကျမတို့အုပ်ထားတဲ့ ပလတ်စတစ်တွေက အခုပဲ လာလာလှန်ပေးလိုက်တာ၊သိမ်းပေးလိုက်တာမျိုးတွေ လုပ်နေတာ ဒီမြေယာတွေက ကျမတို့ အရင်ကတည်းကလုပ်ကိုင်စားသောက်နေတဲ့ မြေယာဖြစ်တယ်။အခုလို လာခြိမ်းခြောက် လုယူနေတော့လုပ်ကိုင်ရတာလည်း ခက်ခဲနေတယ်။ ကျမတို့ လိုချင်တာက ကိုယ့်မြေယာမှာ ကိုယ်လွတ်လပ်စွာလုပ်ကိုင်ခွင့်ရချင်ပါတယ်။”လို့…
Read More » -
Apr- 2024 -22 Aprilသတင်း
စိန်လုံတောင် (Sinlum Bum) တစ်ကြော ဒေသခံတွေ ပိုင်ဆိုင်တဲ့စိုက်ပျိုးမြေမှာ မြေရှားမတူးဖို့ ကန့်ကွက်
ဗန်းမော်ခရိုင် မိုးမောက်မြို့ နဲ့ လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တစ်ကြော ဒေသခံတွေပိုင်ဆိုင်တဲ့စိုက်ပျိုးမြေမှာ မြေသတ္တုတူးဖော်မည့် စီမံကိန်းကို ဒေသခံတွေ ဆက်လက် ကန့်ကွက်နေတယ်လို့ သိရပါတယ်။ စိန်လုံတောင်အနီး ဗျဲန်ဝိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့စဉ်ကလည်း ကျေးရွာဒေသခံတွေကို ၎င်းတို့လုပ်ငန်းခွင်ထဲ သွားလာခွင့်ပိတ်ပင်ခဲ့ပြီး KIA ကတော့ မြေရှားသတ္တု ဆက်လက်တူးဖော်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ဗျဲန်ဝိုင်မှာ တိုက်ပွဲဖြစ်ပေမဲ့…
Read More » -
Sep- 2022 -9 Septemberမြေယာနှင့် သဘာဝပတ်ဝန်းကျင်
နောင်မွန်တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ပျက်ဆီးသွားသည့် လယ်ယာမြေတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်
ပူတာအိုခရိုင် နောင်မွန်မြို့တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးမြေ ဧက ၂၀ ကျော်အထိ ထိခိုက်ပျက်စီးသွားပြီး ထိုပျက်စီးသွားသည့် လယ်ယာမြေယာတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်လိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ နောင်မွန်ဒေသတွင် စက်တင်ဘာ လဆန်းပိုင်းအတွင်းမှ မိုးသည်းထန်ရွာစွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်…
Read More »


