မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

နောင်မွန်တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ပျက်ဆီးသွားသည့် လယ်ယာမြေတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်

ပူတာအိုခရိုင် နောင်မွန်မြို့တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးမြေ ဧက ၂၀ ကျော်အထိ ထိခိုက်ပျက်စီးသွားပြီး ထိုပျက်စီးသွားသည့် လယ်ယာမြေယာတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်လိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

နောင်မွန်ဒေသတွင် စက်တင်ဘာ လဆန်းပိုင်းအတွင်းမှ မိုးသည်းထန်ရွာစွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် လယ်ယာမြေ ဧက ၂၀ ကျော်ရှိခဲ့သည့်အနက် ၇ ဧကခန့်သည် ပြန်လည် ပြုပြင်၍မရအောင် ပျက်စီးသွားသဖြင့် နောင်မွန်မြို့နယ် မြေစာရင်းဦးစီးဌာနမှ ပယ်ဖျက်လိုက်ကြောင်း နောင်မွန်ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

ပျက်စီးသွားတဲ့ ဧက ၃၀ ဝန်းကျင်လောက်ရှိမယ်။ တစ်ချို့နေရာတွေမှာက ရေဝင်ပြီး အမှိုက်ဆို့သွားတာလောက်ဘဲရှိတယ်။ ၇ ဧကလောက်ကတော့ လုံးလုံးယူလို့မရအောင်ဖြစ်သွားတယ်။ ကမ်းခြေလူမျိုး ကျောက်ခဲတွေဖုံးသွားတယ်။ တောင်ခြေနဲ့နီးတော့ မြေစာတွေအပြည့်ဖုံးသွားတယ်။ လုံးဝကို ပျက်စီးသွားတယ်။ တာဝန်ရှိတဲ့သူတွေက လယ်ယာမြေစာရင်းထဲက ပယ်ဖျက်လိုက်ကြောင်း ပြောကြားလာတယ်ဟုပြောသည်။

မြေစာရင်းဌာနမှ ပယ်ဖျက်လိုက်သည့် လယ်ယာမြေ ၇ ဧက သည် နောင်မွန်မြို့ပေါ်ရပ်ကွက် ၅၊ ရပ်ကွက် ၁၊ နမ်ပန်ဒမ်း၊ ကဆန်ခူး၊ ကွမ်လိန်၊ ထန်ထု၊ ရပ်ဘော့ စသော ကျေးရွာနေ ဒေသခံ တောင်သူများ၏ လယ်ယာမြေများဖြစ်ကြောင်းသိရသည်။

အဆိုပါ လယ်ယာမြေများပျက်စီသွားသည့် လယ်ရှင်များအနေဖြင့် လက်ရှိ ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများကို သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်အစားထိုးဖော်ဆောင်ပေးရန်အတွက်မျှော်လင့်နေကြကြောင်းသိရသည်။

နောင်မွန်တွင် လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း ရေကြီးရေလျှံမှုတစ်ကြိမ် ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများ၏ လယ်စပါးခင်းအများအပြား နှင့် လမ်းတံတားများ ပျက်ဆီးခဲ့သည်။

Show More

Related Articles

Back to top button