ဆန်စျေး
-
Aug- 2025 -19 Augustသတင်း
ခေါင်လန်ဖူးမှာ ဆန်တစ်အိတ် ကျပ် ၅ သိန်းဝန်းကျင်အထိစျေးတက်
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ဘက်ကို ကုန်ကားတွေသွားလာလို့မရသေးတာကြောင့် ဆန်တစ်အိတ်ကိုကျပ် ၅ သိန်းဝန်းကျင်အထိစျေးတက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ပထမ အပတ်ကတည်းကနေ ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းမှာမိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့်လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး ဒီကနေ့အထိပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားအဝင် ရပ်တန့်နေတာလို့ ခေါင်လန်းဖူးမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဆန်ကပြတ်နေတာတော့မဟုတ်ဘူး…
Read More » -
Dec- 2023 -18 Decemberသတင်း
တလူး၊ တကားကျေးရွာဘက် ရေလမ်းကြောင်းပိတ်တာ တစ်လကျော်ကြာလို့ ဆန်စျေး စံချိန်တင် မြင့်တက်
တနိုင်းမြို့နယ် တလူးကျေးရွာ နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တကားကျေးရွာဘက်ကို တစ်လကျော်ကြာ ရေလမ်းကြောင်း ပိတ်ထားတာကြောင့် လက်ရှိမှာတော့ ဆန်တစ်အိတ် ကျပ် ၄ သိန်း ကျော်အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေကြား တလူးနယ်မြေထဲမှာ တိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သလို လက်ရှိမှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အဲဒီဒေသဘက်ကိုသွားနိုင်တဲ့ တစ်ခုတည်းသော…
Read More »

