ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ဖားကန့်မြို့နယ် ဝှေ့ခါကျေးရွာအုပ်စု ဆပ်ပြာချောင်းတွင်နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ ဆပ်ပြာချောင်း ဘုန်းကြီးကျောင်းဝင်းတွင် စစ်အင်အား ၆၀ ကျော်ခန့်ရှိနေစဉ် KIA က ဒရုန်းဖြင့် သွားရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။ “ဆပ်ပြာချောင်း ဘုန်းကြီးကျောင်းမှာရှိနေတဲ့