,

Breaking News :

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

ကားမိုင်းထွေအုပ်ရုံး ဗုံးဖောက်ခွဲခံရပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်ရရှိကာ ၁ ဦးသေဆုံး

ဖားကန့်တွင် အရပ်သားကား ၂ စီးကို စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး

ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

ဖားကန့်တွင် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု ပိုမိုအသုံးပြုလာနေ

လုံးခင်းတွင် ဆိုင်ကယ်စီးနှင်လာသည့် လူငယ်တစ် ဦး သေနတ်ပစ်သတ်ခံရ

ဆပ်ပြာချောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

Hpakant

ဖားကန့်မြို့နယ် ဝှေ့ခါကျေးရွာအုပ်စု ဆပ်ပြာကျေးရွာ

ဖားကန့်မြို့နယ် ဝှေ့ခါကျေးရွာအုပ်စု ဆပ်ပြာချောင်းတွင်နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

ဆပ်ပြာချောင်း ဘုန်းကြီးကျောင်းဝင်းတွင် စစ်အင်အား ၆၀ ကျော်ခန့်ရှိနေစဉ် KIA က ဒရုန်းဖြင့် သွားရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။

ဆပ်ပြာချောင်း ဘုန်းကြီးကျောင်းမှာရှိနေတဲ့ အဖွဲ့တွေကို ဒရုန်းနဲ့ သွားတိုက်ခဲ့တယ်။ စစ်သားတွေ ၅ ယောက်လောက်က သေတယ်လို့ပြောတယ်။ ဒဏ်ရာရသွားတဲ့ သူတွေက သေချာမသိရဘူး။ KIA ဘက်ကတော့ သွားပစ်ပြီး ပြန်သွားတဲ့နောက်ပိုင်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ကြတယ်ဟု ပြောဆိုသည်။

KIA အဖွဲ့ဘက်မှ ဒရုန်းဖြင့် သွားရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည့်နောက်ပိုင်း ဆပ်ပြာချောင်းရွာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ကောင်စီအဖွဲ့က KIA နှင့် PDF အဖွဲ့ရှိသည့်ဘက်သို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ၁ နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဆက်လက်သိရသည်။

ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရသည့် စစ်ကောင်စီအဖွဲ့သည် နိုဝင်ဘာလ ၁၅ ရက်နေ့ အင်းတော်ဘက်မှ ဖားကန့်ဝှေ့ခါဘက်သို့ တက်လာစဉ် ဖားကန့်မြို့နယ်အစပ် ညောင်ထောက်ကုန်းနေရာတွင် မွန်းလွှဲ ၁ နာရီဝန်းကျင်ခန့်တွင် KIA နှင့် PDF အဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခံရသည့်အဖွဲ့ဖြစ်သည်။

အဆိုပါ စစ်ကောင်စီအဖွဲ့သည် ဖားကန့်ဘက်သို့ စစ်အင်အားတိုးချဲ့ရန် တက်ခဲ့သည့် တပ်မ ၁၁ လက်အောက်ခံ ခလရ ၄၂ အဖွဲ့ဖြစ်ပြီး ဒရုန်းဖြင့်တိုက်ခိုက်ခံရသော်လည်း လက်ရှိအချိန်အထိ ဆပ်ပြာချောင်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်လျက်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

Read Previous

စစ်တပ်၏ လွှတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ်မှ ၈‌၆ ဦး လွှတ်မြောက်လာပြီး နိုင်/ကျဉ်း ၁၈ ဦးပါဝင်လာ

Read Next

ဗန်းမော် သတ္တုတွင်းဝန်ကြီးနှင့် ဆွေမျိုးတော်စပ်သူ ပိုင်ဆိုင်သည့် ရွှေဖောင်မှ လွဲပြီး ကျန်ရွှေဖောင်များကို မီးရှို့ဖျက်ဆီး