ဆေးဝါး

  • Sep- 2024 -
    3 September
    သတင်း

    ဗန်းမော်မြို့ ဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်မရှိလို့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နာမကျန်းသူများ ဆေးရုံပြဖို့အခက်ကြုံနေ

    ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာရှိတဲ့ ပြည်သူ့ဆေးရုံနဲ့ အပြင် ဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်တွေမရှိတော့တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နာမကျန်းသူတွေ ဆေးရုံပြဖို့အခက်ခဲကြုံနေကြတယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဗန်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ မြို့တွင်း ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်တွေမရှိတော့တဲ့အတွက် ကလေးခွဲမွေးဖို့လိုအပ်တဲ့ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အရေးပေါ်ခွဲစိတ်ဖို့လိုအပ်တဲ့လူနာတွေ၊နာမကျန်းဖြစ်သူတွေ ဆေးရုံ၊ဆေးခန်းပြဖို့ ခက်ခဲနေကြပြီး အသက်သေဆုံးတဲ့ကလေးတွေရှိနေတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက  KNG ကို ခုလိုပြောပါတယ်။ “ကျမမျက်စိရှေ့မှာဘဲ အပြင်ဆေးရုံတစ်ခုမှာ ကလေးခွဲမမွေးနိုင်ဖို့ အရေးပေါ်ခွဲမွေးရမယ့် ကိုယ်ဝန်ဆောင်တစ်ယောက် အမြန်မခွဲနိုင်တော့ ကလေးကရေမွှာမွန်းပြီးသေသွားတယ် ဆရာဝန်တွေက မရှိကြတော့ အရေးပေါ်ခွဲရမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ ဆေးရုံရက်ချိန်းလူနာတွေအရမ်းဒုက္ခရောက်နေကြတယ်”လို့ပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ဗန်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ အပြင် ပုဂ္ဂလိကဆေးရုံအားလုံးနီးပါးမှာ ဗန်းမော် ၄ မိုင် စစ်ဆေးရုံကနေ လာရောက်တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်တွေများတယ်လို့ ဆိုပါတယ်။ သို့သော် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း CDM လုပ်သွားတဲ့ ဆရာဝန်တွေရှိသလို Non CDM ဆရာဝန်အများပိုင်းက KIA ပူးပေါင်းတပ်တွေ စစ်ဆင်ရေးစတင်လာတဲ့ မတ်လ ၇ ရက်နေ့နောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ထွက်ပြေးတိမ်းရှောင်သွားသူတွေရှိတယ်လို့ သိရပြီး ကျန်တဲ့ဆရာဝန်တွေကလည်း စစ်ဆေးရုံကနေထွက်ခွင့်မရတော့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ခုနောက်ပိုင်းက စစ်တပ်ထဲက ဆေးရုံမှာလည်း တိုက်ပွဲမှာဒဏ်ရာရတဲ့ရဲဘော် ခြေပြတ် လက်ပြတ်တာတွေ အပြတ်တွေများလာတော့ သူတို့ဆေးရုံထဲမှာလည်း ဆရာဝန်တွေက အချိန်ပြည့်လိုနေတော့ အပြင်ကိုပေးမထွက်တော့တာဟုတ်တယ်။ အဲကြောင့် အပြင်ဆေးရုံတွေမှာသွားပြလည်း ဆရာဝန်မရှိဘူးဘဲပြောနေကြတာ”လို့…

    Read More »
  • Jan- 2024 -
    16 January
    သတင်း

    နမ္မတူမြို့ နဲ့ နမ့်ဆန်ကို စားသောက်ကုန်တစ်ချို့နဲ့ ဆေးဝါးတွေ ဖြတ်သန်းသယ်ယူခွင့်မပေး

    “ခရီးသည်တွေကိုတော့ပေးသွားတယ် ကုန်ပစ္စည်းတွေဘာတွေနဲ့ ကားအသေးတွေသွားနေတာတွေရှိတယ် ဒါပေမဲ့ ဆန်လုံးဝပေးမတင်ဘူး၊ ဆီရောပဲ ဆီဆို စားသုံးဆီရော စက်သုံးဆီရော၊ ဆေး လုံးဝပေးမတင်ဘူး တင်းတင်းကြပ်ကြပ်ကို ဂိတ်တွေပိတ်ပြီးလုပ်နေတာ အခုက နမ္မတူနဲ့နမ့်ဆန်မြို့နယ်မှာရှိတဲ့ လူထုက အကြီးအကျယ်ဒုက္ခရောက်နေတာ”လို့ ပြောပါတယ်။

    Read More »
  • Jul- 2023 -
    5 July
    သတင်းမိုးမောက်စစ်ဘေးရှောင်

    အင်းတော်နယ်က စစ်ရှောင်သက်ကြီးရွယ်အိုတွေ ဆေးဝါးမလုံလောက်တဲ့အတွက် အသက်သေဆုံးသူများလာ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်ပြည်သူသက်ကြီးရွယ်အိုတွေဟာ ဆေးဝါးအလုံအလောက်မရှိတဲ့အတွက် သေဆုံးသူတွေများလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်းတော်မြို့နယ် မော်တိတ်ဒေသက နန့်သာ၊ အောင်းကုန်း၊တုံ့တော်၊ အင်ပင်၊ မော်တိတ်စတဲ့ကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးရှောင်ကာလ ၃ လ ကျော်ကြာမြင့်နေပြီဖြစ်ပြီး အဲ့ဒီစစ်ရှောင်တွေထဲက အသက် ၆၀…

    Read More »
  • Apr- 2023 -
    10 April
    စစ်ပြေးဒုက္ခသည်များ

    ကန့်ဘလူက ပထမဦးဆုံး စစ်ရှောင်စခန်းအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်အခြားအကူညီများလိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ပထမဦးဆုံး စစ်ရှောင်စခန်းဖြစ်သော စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားအကူညီများစွာ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ အဆိုပါ စစ်ရှောင်စခန်းတွင် လူဦးရေ ၅၀၀ ခန့်ရှိပြီး သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများစွာ ခိုလှုံနေသဖြင့် ရေရှည်တွင် စားနပ်ရိက္ခာနှင့်ဆေးဝါးအကူညီများ အဓိကလိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက…

    Read More »
  • Nov- 2022 -
    23 November
    စစ်ပြေးဒုက္ခသည်များခင်ဦးဒေသခံများ

    ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

    ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ခုဖြင့် ဝင်ရောက်စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ခဲ့သဖြင့် ဒေသခံ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ စောင် နှင့် အဝတ်အထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၁၈ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်တောင်ဘက်ခြမ်း နှင့် မြောက်ဘက်ခြမ်းကို…

    Read More »
Back to top button