သတင်း

အင်းတော်နယ်က စစ်ရှောင်သက်ကြီးရွယ်အိုတွေ ဆေးဝါးမလုံလောက်တဲ့အတွက် အသက်သေဆုံးသူများလာ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်ပြည်သူသက်ကြီးရွယ်အိုတွေဟာ ဆေးဝါးအလုံအလောက်မရှိတဲ့အတွက် သေဆုံးသူတွေများလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အင်းတော်မြို့နယ် မော်တိတ်ဒေသက နန့်သာ၊ အောင်းကုန်း၊တုံ့တော်၊ အင်ပင်၊ မော်တိတ်စတဲ့ကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးရှောင်ကာလ ၃ လ ကျော်ကြာမြင့်နေပြီဖြစ်ပြီး အဲ့ဒီစစ်ရှောင်တွေထဲက အသက် ၆၀ ကျော် အသက်ကြီးရွယ်အိုတွေဟာ ကျန်းမာရေးချို့ယွင်းလာပြီး ဆေးဝါးတွေလုံလောက်မှုမရှိတဲ့အတွက် သေဆုံးသူတွေ ပြီးခဲ့တဲ့တစ်ပတ်အတွင်းသေဆုံးသူ များလာနေတယ်လို့ အောင်းကုန်းကျေးရွာနေ စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

“အဲ့ဒီအသက် ၆၀ ကျော်ပိုင်းတွေဟာ အခုနောက်ပိုင်း သေဆုံးလာတာများနေတယ် ။ အခု တစ်ပတ်အတွင်း ၇ရက်အတွင်းပေါ့အဲ့မှာကိုသေတာ လေးယောက်လောက်ရှိပြီ ဆေးဝါးမကုသနိုင်တော့ ဟိုမှာသေလိုက် ဒီမှာသေလိုက် များလာနေတယ် “လို့ ပြောပါတယ်။

စစ်ရှောင်ကာလ ၃ လကျော်ထဲမှာ ဆေးဝါးမလုံလောက်တဲ့အတွက် သေဆုံးသွားတဲ့သက်ကြီးရွယ်အို ၁၀ ယောက်ကျော်အထိရှိလာပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ သေဆုံံးသူ ၄ ဦးဆက်တိုက်ရှိလာတယ်လို့ သူကေဆက်ပြောပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း သေဆုံးသူတွေထဲမှာ အောင်းကုန်းကတစ်ယောက် ၊ ရွာသာရွာကတစ်ယောက်၊ နန့်သာကျေးရွာကတစ်ယောက်နဲ့ မော်တိတ်ကျေးရွာကတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

ကျွန်တော်တို့အောင်းကုန်းကဟာက မင်းကုန်းဘက်ကိုစစ်ရှောင်တာ သူကမိုးညှင်းဘက်ကိုတော့ပြေးသေးတယ် ဒါပေမယ့် ဆေးမမှီလိုက်တာပေါ့။ တစ်ယောက်က လည်ပင်းစနာတာတဲ့လည်ပင်းနာတာကပျောက်ပြီး ဝမ်းတွင်းထဲကိုရောက်သွားတာ ဝမ်းတွင်းထဲပြန်ရောက်ပြီးဆေးကမကုရတော့ သေဆုံးသွားတယ် ၊ဆေးဝါးကတော့မလုံလောက်တာမဟုတ်ဘူးရှိကိုမရှိတာ” လို့ အောင်ကန်းကျေးရွာစစ်ရှောင်တစ်ဦးက ပြောပါတယ်။

အင်းတော်နယ်ထဲက စစ်ရှောင်သက်ကြီးရွယ်အိုတွေထဲမှာအဖြစ်များနေတာကတော့ ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးနဲ့ ဝမ်းပျက်တဲ့ ရောဂါတွေအဖြစ်များနေပြီး သေဆုံးသူတွေထဲမှာလည်း ဒီရောဂါနဲ့ပက်သတ်ဆက်နွယ်နေတဲ့သူတွေအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာမော်တိတ်ဒေသကိုထိန်းချုပ်ဖို့ ယခုနှစ်မတ်မတ်လ ၂၀ ကျော်ကတည်းက နန့်သာကျေးရွာမှာ စစ်အင်အား ၁၀၀ နီးပါးနဲ့ အခြေချတပ်စွဲထားတာဖြစ်ပြီး လက်ရှိမှာတော့ မော်တိတ်မှာပါ စစ်ကြောင်းတစ်ကြောင်းထပ်ပို့ထားလို့ မော်တိတ်ဒေသတွေကပြောပါတယ်။ လက်ရှိမှာ အင်းတော်နယ်ထဲက ကျေးရွာပေါင်း ၁၀မှ ပြည်သူ ၁၀၀၀၀ နီးပါးစစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြို့နယ်ဖြစ်ပြီး ကချင်နဲ့စစ်ကိုင်းအစပ်မှာရှိတဲ့မြို့နယ်ဖြစ်ပါတယ်။

Show More

Related Articles

Back to top button