ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်း၏ နေအိမ်ကို ချိတ်ပိတ်သိမ်းယူရန်အတွက် စစ်ကောင်စီတပ်မှ ပစ္စည်းများ သိမ်းယူခိုင်းနေကြောင်း အိမ်ရှင်များထံမှသိရသည်။ စစ်ကောင်စီတပ်မှ ယခုလ ဇွန်လ ၁၅ ရက်နေ့တွင် နေအိမ်ကို ချိတ်ပိတ်ရန်အတွက် ပစ္စည်းများရွေ့ပြောင်းပေးရန်လာရောက် ပြောဆိုခဲ့ပြီးနောက် ဇွန်လ ၂၀ ရက်နေ့တွင် ဒုတိယအကြိမ် ကား ၅စီးဖြင့် ရဲနှင့်စစ်သား ၃၀ ဝန်းကျင်ခန့် ထပ်မံလာရောက်ပြောဆိုခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ နယ်မြေရှိ 'အဖိုးအိုနှင့် သားသုံးယောက်' ထင်းစည်းချိုး ရုပ်ထုကို KSCM က မီးရှို့ဖျက်ဆီးကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ဇွန်လ ၈ ရက်ည ၈နာရီဝန်းကျင်တွင် မီးရှို့ခဲ့ခြင်းဖြစ်ပြီး စည်းလုံးမူကိုဖော်ဆောင်သည့် အဆိုပါရုပ်ထုသည် စစ်တပ်၏ အတုအယောင် ဝါဒဖြန့်ရာတွင်သုံးသည့် အရာဖြစ်သည့်အတွက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း KSCM မှ တာဝန်ရှိသူကပြောသည်။ "ဒီနေရာကို ဘာလို့လုပ်တာလဲဆိုရင် လက်တွေ့မှာစစ်တပ်ရဲ့ ဝါဒဖြန့်တဲ့နေရာမှာအသုံးပြုနေတဲ့ နေရာတွေမှာသုံးနေတဲ့ အတုအယောင်ဖြစ်တယ်။