တပ်စခန်းသိမ်း

  • Mar- 2024 -
    18 March
    သတင်း

    တနိုင်းဒေသ နမ့်ကောန်(Namkawn) စစ်တပ်စခန်းကို KIA တိုက်ခိုက်နေပြီး စစ်တပ်ကလေယာဉ်ဗုံးကြဲနေ

    “တိုက်ပွဲက အခုချိန်အထိ တဒုန်းဒုန်းဖြစ်နေကြတုန်း တိုက်ပွဲက ၇ နာရီလောက်ကနေ စတာ။ တိုက်ပွဲအခြေအနေက KIA ဘက်ကနေ နမ့်ကောန့်စခန်းကို အပြီးသိမ်းမယ်လို့ စီစဉ်ချထားကြတယ်။ အခု ၁၁ နာရီလောက်အထိတော့ သိမ်းလိုက်ပြီလို့မကြားရသေးဘူး။ ရအောင်သိမ်းမယ်လို့ပဲကြားထားတာ”လို့ပြောပါတယ်။

    Read More »
  • Oct- 2023 -
    20 October
    သတင်း

    အောင်ဂျာတပ်စခန်း KIA တိုက်ခိုက်သိမ်းပိုက်

    မိုးမောက်မြို့နယ် လိုင်လွမ့်အောင်ဂျာတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ လိုင်လွမ့်အောင်ဂျာ (Lailum Awng Ja) တပ်စခန်း ၃ ခုအနက် ကားလမ်းမဘေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့  KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကို အခုလိုပြောပါတယ်။ “စာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်က စခန်းကတော့ ဟိုတစ်လောက သိမ်းလိုက်ပြီလေ ခုသိမ်းတာက။ မြစ်ကြီးကနေ ဆင်းလာရင် ခုကားလမ်းအသစ်တံတားကျော်ရင် ကားလမ်းဘေး ဘယ်ဘက်မှာရှိတဲ့ စခန်းကိုသိမ်းတာ။ မနက် ၂ နာရီလောက်ကနေ စသိမ်းတာ နေ့လည် ၁ နာရီလောက်မှာ သူတို့ဘက်က ဆုတ်သွားပြီ” လို့ ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးတာများပြီး KIA ဘက်ကလည်း ထိခိုက်ဒဏ်ရာပြင်းထန်ရရှိသူများတယ်လို့ သူကဆက်ပြောပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁၀ နာရီခန့်ပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်နေချိန်တွင်း စစ်တပ်ဘက်က စစ်ရဟတ်ယာဉ် ၂ စီးနဲ့ စစ်လက်နက် ရိက္ခာ ၁၂ အိတ်လောက်လာရောက်ချပေးခဲ့ပေမယ့် အများပိုင်းကိုတော့ KIAဘက် က သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က မြစ်ကြီးနားကနေ လာတဲ့ဂျက်ဖိုက်တာ ၂ စီးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ လွှဲချော်ခဲ့လို့ KIA ဘက် ထိခိုက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိမှာ အောင်ဂျာဘက်ကို မြစ်ကြီးနားကနေ စစ်ကောင်စီတပ်တွေက စစ်ကား ၃ စီးနဲ့အင်အားဖြည့်လာဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းလည်း ကြားနေရပြီး နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။…

    Read More »
Back to top button