တိုက်ပွဲသတင်း

တနိုင်းဒေသ နမ့်ကောန်(Namkawn) စစ်တပ်စခန်းကို KIA တိုက်ခိုက်နေပြီး စစ်တပ်ကလေယာဉ်ဗုံးကြဲနေ

တနိုင်းမြို့နယ် မိုင်းခွန်အုပ်စု ရွှေမှော်ဒေသဖြစ်တဲ့ နမ်ကောန့် (Namkawn) ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ ဆက်တိုက်ခိုက် ဗုံးကြဲတိုက်ခိုက်တယ်လို့ သိရပါတယ်။

မတ်လ ၁၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း  နာရီဝန်းကျင်လောက်ကနေ နမ်ကောန့်ချောင်း ရွာအဝင် ကြိုးတံတားပေါ်မှာ စစ်အင်အား ၃၀ ဝန်းကျင်လောက်နဲ့တပ်စွဲထားတဲ့ တပ်စခန်းကို KIA တပ်မဟာ ၂၊ တပ်ရင်း (၁၄အဖွဲ့တွေက တပ်စခန်းသိမ်းပိုက်ဖို့ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်တယ်လို့ ရွှေမှော်ဒေသမှာရှိနေတဲ့ ပြည်သူတစ်ယောက်က KNG ကိုပြောပါတယ်။

တိုက်ပွဲက အခုချိန်အထိ တဒုန်းဒုန်းဖြစ်နေကြတုန်း တိုက်ပွဲက  နာရီလောက်ကနေ စတာ။ တိုက်ပွဲအခြေအနေက KIA ဘက်ကနေ နမ့်ကောန့်စခန်းကို အပြီးသိမ်းမယ်လို့ စီစဉ်ချထားကြတယ်။ အခု ၁၁ နာရီလောက်အထိတော့ သိမ်းလိုက်ပြီလို့မကြားရသေးဘူး။ ရအောင်သိမ်းမယ်လို့ပဲကြားထားတာလို့ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်အထိ  ဖက်တပ်အပြင်းအထန်းတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဘက်ကို ဂျက်လေယာဉ်တစ်စီးနဲ့ အဆက်အပြတ်လာရောက်ဗုံးကြဲနေတာလို့ သူကဆက်ဆိုပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နမ့်ကောန်ရွှေမှော်ဒေသဟာ တနိုင်းမြို့အထက် ပရင်းတောင်သွားလမ်း မိုင်းခွန်းကျေးရွာအနီး နမ့်ကောန်ကျေးရွာအဝင်မှာရှိတဲ့ တပ်စခန်းဖြစ်ပြီး အဲဒီတပ်စခန်းကို လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်လောက်မှာ စစ်တပ်က လာရောက်တပ်ချထားတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။

နမ့်ကောန့်ဒေသဟာ အရင်က KIA ရဲ့ ထိန်းချုပ်နယ်မြေဖြစ်ခဲ့ပြီး ၂၀၁၇ ဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဟူးကောင့်ချိုင်ဝှမ်းဒေသနယ်မြေတစ်လျှောက် စစ်အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့တာကြောင့် KIA က တပ်ဆုတ်ခဲ့ရတဲ့ ရွှေမှော်ဒေသဖြစ်ပါတယ်။

လက်ရှိအချိန်အမှာ နမ့်ကောန်ရွှေမှော်ဒေသကို KIA တပ်တွေက ပြန်လည်ရယူဖို့အတွက် နမ့်ကောန့်တပ်စခန်းကို တစ်ရက်တည်းအပြီးသတ်သိမ်းယူဖို့ တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်တယ်လို့  ရွှေမှော်ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

အဲဒီ နမ့်ကောန့် တပ်စခန်းကို တနိုင်းဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ရဲ့ ထိန်းချုပ်မှုလက်အောက်က ခလရ ၈၆  ခလရ ၂၃၈၊ ခမရ ၃၁၈ တပ်ရင်းအဖွဲ့တွေက အလှည့်ကျတာဝန်ယူထားပြီး နမ့်ကောန့်ဒေသကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

အခုလို KIA က နမ့်ကောန်တပ်စခန်းကို တစ်ရက်တည်းအပြီး ရှင်းလင်းမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် နမ့်ကောန့်ဒေသမှာ ရွှေတူးဖော်နေတဲ့လုပ်ငန်းရှင်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကနေ နမ့်ကောန်အနီးတဝိုက်မှာရှိတဲ့ ဒေသတစ်ချို့မှာထွက်ပြေးတိမ်းရှောင်ထားကြတယ်လို့ရွှေမှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ယောက်က ဆက်ဆိုပါတယ်။

အဲမှာရွှေလုပ်နေတဲ့ သူတွေအားလုံးက ထွက်ပြေးသွားကြပြီ။ သူတို့ကို မနေ့ကစပြီး ရှောင်ထားခိုင်းကြတယ်။ တစ်ချို့က အပါက်ဝကနေ ထွက်တယ်။ တစ်ချို့ကတော့ မိုင်းခွက်ဘက်ကိုထွက်လာကြတယ်။ ဘယ်သူမှမရှိတော့ဘူးလို့ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ နမ့်ကောန်တပ်စခန်းကို ဒီကနေ့ မနက်ပိုင်းမှာပဲ KIA က သိမ်းပိုက်ထားပြီးလို့ သတင်းတွေထွက်ပေါ်နေပေမယ့် နေ့လည် ၁၂ နာရီဝန်းကျင်အထိ လက်နက်ကြီးသံတွေဆက်လက်ကြားနေရဆဲဖြစ်တာကြောင့် တပ်စခန်းသိမ်းနိုင်မှုရှိမရှိကို KNG က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

တနိုင်းဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ နမ့်ကောန့်နဲ့တစ်တည်းရှိကြတဲ့ မိုင်းခွန်နဲ့ လပူမှော်နေရာတွေမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲမကြာခဏဖြစ်ပွားခဲ့တာတွေရှိခဲ့ပေမယ့် ယခု ၂၀၂၄ ခုနှစ်ထဲမှာ ပထမဆုံးအကြိမ်ဖြစ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။

မတ်လ  ရက်နေ့ကနေ စခန်းသိမ်းစစ်ဆင်ရေးစတင်နေတဲ့ KIA ပူးပေါင်းတပ်တွေဟာ လက်ရှိ ကချင်ပြည်နယ် နေရာအနှံ့နီးပါး စခန်းသိမ်းတိုက်ပွဲဆက်တိုက်ဆင်နွှဲနေဆဲလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button