တိုက်ပွဲသတင်း

အောင်ဂျာတပ်စခန်း KIA တိုက်ခိုက်သိမ်းပိုက်

မိုးမောက်မြို့နယ် လိုင်လွမ့်အောင်ဂျာတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

လိုင်လွမ့်အောင်ဂျာ (Lailum Awng Ja) တပ်စခန်း  ခုအနက် ကားလမ်းမဘေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့  KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကို အခုလိုပြောပါတယ်။

စာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်က စခန်းကတော့ ဟိုတစ်လောက သိမ်းလိုက်ပြီလေ ခုသိမ်းတာက။ မြစ်ကြီးကနေ ဆင်းလာရင် ခုကားလမ်းအသစ်တံတားကျော်ရင် ကားလမ်းဘေး ဘယ်ဘက်မှာရှိတဲ့ စခန်းကိုသိမ်းတာ။ မနက်  နာရီလောက်ကနေ စသိမ်းတာ နေ့လည်  နာရီလောက်မှာ သူတို့ဘက်က ဆုတ်သွားပြီ လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးတာများပြီး KIA ဘက်ကလည်း ထိခိုက်ဒဏ်ရာပြင်းထန်ရရှိသူများတယ်လို့ သူကဆက်ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁၀ နာရီခန့်ပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်နေချိန်တွင်း စစ်တပ်ဘက်က စစ်ရဟတ်ယာဉ်  စီးနဲ့ စစ်လက်နက် ရိက္ခာ ၁၂ အိတ်လောက်လာရောက်ချပေးခဲ့ပေမယ့် အများပိုင်းကိုတော့ KIAဘက် က သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က မြစ်ကြီးနားကနေ လာတဲ့ဂျက်ဖိုက်တာ  စီးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ လွှဲချော်ခဲ့လို့ KIA ဘက် ထိခိုက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိမှာ အောင်ဂျာဘက်ကို မြစ်ကြီးနားကနေ စစ်ကောင်စီတပ်တွေက စစ်ကား  စီးနဲ့အင်အားဖြည့်လာဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းလည်း ကြားနေရပြီး နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခုလောလောဆယ်အထိတော့ သူတို့ဆုတ်သွားပြီ မြစ်ကြီးနားက စစ်ကြောင်းထိုးလာဖို့လည်းရှိနေတယ်လို့ ကြားနေရတယ်။ ခုလောလောဆယ်အထိတော့ နှစ်ဖက်တင်းမာနေဆဲဖြစ်တယ်” လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ် နမ်ဆန်ယန်ကျေးရွာ တစ်ဖက်ကမ်းမှာရှိတဲ့ အောင်ဂျာကျေးရွာမှာ စစ်တပ်ရဲ့အထိုင်တပ်စခန်း  ခုရှိတဲ့ထဲက ပြီးခဲ့တဲ့ဩဂုတ်လမှာ စာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တပ်စခန်းကို KIA ဘက်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့မှာလည်း နောက်ထပ်အောင်ဂျာအဝင်က စစ်အင်အား ၁၀၀ လောက်တပ်စွဲနေထိုင်တဲ့ အောင်ဂျာရွာအဝင် စခန်းကိုထပ်ပြီးတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အတွက် ရွာနဲ့အနီးဆုံး  ခုကို KIA ဘက်က တိုက်ခိုက်သိမ်းယူလိုက်တာဖြစ်ပါတယ်။

KIO ဌာနချုပ်တည်ရှိတဲ့ လိုင်ဇာမြို့အနီး နမ်ဆန်ယန်၊ လိုင်လွမ့်အောင်ဂျာဘက်တွေမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲပြင်းထန်နေတာ ခုဆိုရင်  လလောက်ရှိလာပြီဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button