ရေဦးနယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာတွင် ၄ ရက်ကြာ တပ်စွဲနေထိုင်ကာ ပြည်သူ့နေအိမ်များကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်အဆင့် တစ်ဦးနှင့် တပ်သားအဆင့် ၂၅ ဦး သေဆုံးခဲ့သည်ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) မှ သိရသည်။ ဇူလိုင်လ ၂၈ ရက်နေ့ စစ်ကောင်စီတပ်များသည် ဒီပဲယင်း မှ ရေဦးမြို့နယ် တင်းတိမ်ရံ ကျေးရွာသို့ အင်အား၁၄၀ ဖြင့် ဦးတည်လာစဥ်