တစ်သျှူးငှက်ပျောခြံအတွင်း တရားမဝင် တရုတ်နိုင်ငံသားများ မရှိဟု ဝန်ကြီးချုပ်ပြော

ကချင်ပြည်နယ်ရှိ တစ်သျှူးငှက်ပျောခြံများတွင် တရားမဝင် တရုတ်နိုင်ငံသားများ ရှိနေသည်ဆိုသည်မှာ မဟုတ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ငြင်းဆိုလိုက်ပါသည်။ ဇူလိုင် ၅ရက်နေ့ ကချင်ပြည်နယ်အစိုးရ၏ တတိယအကြိမ် (၁)နှစ်တာအတွင်း ပြုပြင်ပြောင်းလဲရေ လုပ်ငန်းများနှင့် ပတ်သက်၍ သတင်းစာရှင်လင်းပွဲအခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ယခုလိုပြောဆိုခဲ့ပါသည်။ “တရားမဝင် တရုတ်နိုင်ငံတွေက အများကြီး ငှက်ပျောခြံတွေမှာ ရှိတယ်ဆိုတာ မဟုတ်ပါဘူး။ ဒီမှာ လုံနယ်ဝန်ကြီး ကိုယ်တိုင် လဝက ပြည်နယ်မှူးက သေချာ ချမှတ်ပြီး Border Pass…