ဝမ်တိန်မြို့တွင် ကိုဗစ် ပိုးတွေ့ရှိသဖြင့် ကုန်တင်ကား အဝင်အထွက်ကို ယာယီရပ်ဆိုင်း

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ကျင်းစန်းကျော့ နှင့် ထိစပ်နေသည့် တရုတ်ဘက်ဝမ်တိန်မြို့တွင် ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်း ကိုဗစ်ပိုးတွေ့ လူနာ ၁ ဦး တွေ့ ရရှိခဲ့သဖြင့် ဝမ်တိန်အတွင်းရှိ စစ်ဆေးရေးဂိတ်မှ ကုန်တင်ကားအဝင်အထွက်ကို ယာယီရပ်ဆိုင်းထားကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းမှ သိရသည်။ "ဟုတ်တယ် မနေ့ ညနေပိုင်း ဒီမနက်ပိုင်းမှ အလောတကြီးနဲ့ ကျောင်းသားတွေတောင် အိမ်ပြန်လာလို့ မရဘူး။ ဝမ်တိန်မှာ ၃ ရက် စစ်ဆေးမယ်လို့ပြောတယ်" လို့ နယ်စပ်