Covid-19သတင်း

ဝမ်တိန်မြို့တွင် ကိုဗစ် ပိုးတွေ့ရှိသဖြင့် ကုန်တင်ကား အဝင်အထွက်ကို ယာယီရပ်ဆိုင်း

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ကျင်းစန်းကျော့ နှင့် ထိစပ်နေသည့် တရုတ်ဘက်ဝမ်တိန်မြို့တွင် ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်း ကိုဗစ်ပိုးတွေ့ လူနာ ၁ ဦး တွေ့ ရရှိခဲ့သဖြင့် ဝမ်တိန်အတွင်းရှိ စစ်ဆေးရေးဂိတ်မှ ကုန်တင်ကားအဝင်အထွက်ကို ယာယီရပ်ဆိုင်းထားကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းမှ သိရသည်။

ဟုတ်တယ် မနေ့ ညနေပိုင်း ဒီမနက်ပိုင်းမှ အလောတကြီးနဲ့ ကျောင်းသားတွေတောင် အိမ်ပြန်လာလို့ မရဘူး။ ဝမ်တိန်မှာ ၃ ရက် စစ်ဆေးမယ်လို့ပြောတယ်လို့ နယ်စပ် ကုန်သည် ၁ ဦးက ပြောသည်။

အဆိုပါပိုးတွေ့လူနာကို ဝမ်တိန်မြို့တွင်းရှိ ခေါက်ဆွဲ ဆိုင် ၁ ဆိုင်မှ တွေ့ရှိခြင်းဖြစ်ကြောင်း မြန်မာကုန်သည် တစ်ဦးက ပြောသည်။

လက်ရှိဝမ်တိန် မြို့ နှင့် ရွှေလီမြို့ကို ဆက်သွယ်ထားသည့် တံတားမှ ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ထားကြောင်း မြန်မာကုန် ဂိတ် လုပ်ငန်းရှင် ၁ ဦးမှ သိရသည်။

ဝမ်တိန်မြို့ရှိ ပိုးတွေ့ ရပ်ကွက်၌ အဝင်အထွက်ကန့်သတ်ထားပြီး လမ်းပန်းဆက်သွယ်ရေး ပြဿနာမဖြစ်စေရန် ဝမ်တိန်လမ်း၊ အဝေးပြေးဂိတ်များ၊ ဝမ်တိန်မြို့မှ ဝင်ထွက်မည့် ကုန်တင်ကားများကို ခေတ္တခဏ ပိတ်ထားကြောင်း တရုတ်ဘက်မှ WeChat လူမှုကွန်ယက်မှ တဆင့် အသိပေးထားကြောင်း ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရသည်။

ယနေ့မှစ၍ ဝမ်တိန်မြို့တွင် နေထိုင်သူများအနေဖြင့် မလိုအပ်ပဲ အပြင်မထွက်ရန်၊ အပြင်ထွက်ပါက Mask တပ်ရန်၊ လက်ပုံမှန်ဆေးရန်၊ တားမြစ် ကန့်သတ်ချက်များကို ချိုးဖောက်ပါက ကိုဗစ် စည်းကမ်းအရ အရေးယူခံရမည်ဖြစ်ပြီး ကာရန်တင်း ဝင်ရမည့်အပြင် မိမိဘာသာ တာဝန်ယူရမည်ဖြစ်ကြောင်း အသိပေးစာမှာ ပါရှိသည်။

ကျင်းစန်းကျော့ အပေါက်မပိတ်ဘူး။ ဝင်ထွက် လုပ်နေတုန်းပဲ။ ဝမ်တိန်ပဲ ပိတ်တာ။လို့ မြန်မာဘက်က ပို့ကုန် လုပ်ငန်းရှင် ၁ ဦးက ရှင်းပြပါတယ်။

မြန်မာနှင့်တရုတ် အဓိက ကုန်သွယ်ရာမြို့ ဖြစ်သည့် တရုတ်နယ်စပ် ဝမ်တိန်မြို့သည် မြန်မာဘက် ကျင်စန်းကျော့နှင့် ထိစပ်နေသဖြင့် ကျင်းစန်းကျော့ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ် ပိတ်သွားမည်ကို နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းကိုသာ မှီခိုနေကြရသူတွေက စိုးရိမ်နေကြသည်။

မြန်မာတရုတ်ပို့ကုန်၏ ၇၀ ရာခိုင်နှုန်းကျော်သည် မူဆယ်နယ်စပ်မှ တင်ပို့ပြီး လက်ရှိတွင် ကျင်းစန်းကျော့ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ် တခုတည်းမှသာ ကုန်သွယ်ရတာဖြစ်သည်။

Show More

Related Articles

Back to top button