တအာင်း

  • Mar- 2026 -
    19 March
    သတင်း

    တအောင်းနဲ့ကိုးကန့်တွေ့ဆုံမှု ၂ ရက်ကြာမြင်လာတဲ့အထိ အဖြေမသိရသေး

    တအာင်း(TNLA) တပ်နဲ့ ကိုးကန့်တပ် MNDAA တို့ တွေ့ဆုံဆွေးနွေးမှု နှစ်ရက်ကြာမြင့်လာတဲ့အထိ အဖြေမသိရသေးဘူးလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်ကို MNDAA ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မှုအပြီး လောက်ကိုင်မြို့မှာ MNDAA နဲ့ TNLA တို့ တွေ့ဆုံဆွေးနွေးမှုလုပ်နေပေမဲ့ မတ်လ ၁၉ ရက်နေ့ ဒီမနက်ပိုင်းအထိ အဖြေမသိရသေးဘူးလို့ PSLF/TNLA က ပြောဆိုပါတယ်။ “လောလောဆယ်ကတော့ သွားရောက်ဆွေးနွေးတဲ့ကိုယ်စားလှယ်တွေလည်း ပြန်မရောက်သေးဘူး။ ဆွေးနွေးပွဲရလဒ်ကလည်း အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး”လို့PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးကပြောပါတယ်။    မတ်လ ၁၇ ရက်နေ့ကစပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့် MNDAA တပ်တို့အကြား လောက်ကိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။ ကိုးကန့် MNDAA နဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ကြား လောက်ကိုင်မှာ တွေ့ဆုံဆွေးနွေးနေတဲ့နေ့ကစပြီး နှစ်ဖက်တပ်ကြား မြေပြင်မှာ အပစ်ရပ်ထားတာကာ ကိုးကန့်ဖမ်းဆီးထားတဲ့ TNLA တပ်သား တုံ့ပန်းတချို့ကိုလည်း ပြန်လွှတ်ပေးတာတွေရှိတယ်လို့ ဆက်လက်သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မနက်ကစပြီး ကိုးကန့် MNDAA က စစ်အင်အားအလုံးအရင်းနဲ့ ၎င်းရဲ့ မဟာမိတ်အဖွဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို သိမ်းပိုက်ထိန်းချူပ်လိုက်တာဖြစ်ပါတယ်။ ကွတ်ခိုင်ကိုထိန်းချူပ်ထားတဲ့ တအာင်း(ပလောင်) TNLA ကို ကိုးကန့်တပ် MNDAA ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာ မိတ်ဆက်ပြဿနာလို့သာTNLA က ရှုမြင်ပြီး ဆွေးနွေးမှုတွေနဲ့ အဖြေရှာကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ကာ လက်ရှိထိ နှစ်ဖက်တပ်ဟာ မဟာမိတ်အဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ “ကျမတို့က ဒီကိစ္စကို အဓိက ကိုင်တွယ်ပြီးဆွေးနွေးနေပါတယ်။ လောလောဆယ်ကတော့ အပစ်ရပ်နိုင်တဲ့ အနေအထားတော့ရှိပါတယ်။ လူထုတွေအနေနဲ့ ဝန်ထုတ်ဝန်ပိုး မဖြစ်ရလေအောင် တစ်ဖက်မှာလည်း တိုက်ပွဲတွေ ဆက်လက်မကြီးပွားဖို့ ကျမတို့အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ လောလောဆယ်ကတော့ ကျမတို့ဟာ ဒီပြဿနာကို မိတ်ဖက်ပြဿနာလို့ပဲ ရှုမြင်ပြီး မိတ်ဖက်တွေ့ဆုံဆွေးနွေးရေးကိုပဲ အဓိက ဆောင်ရွက်နေဆဲဖြစ်တာကြောင့် လောလောဆယ်ကတော့ မဟာမိတ်အနေနဲ့ ဆက်ရှိနေဆဲဖြစ်ပါတယ်။”လို့  PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက ဆက်ပြောပါတယ်။   ဒေသခံတွေပြောဆိုချက်အရ  ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်သံတွေတော့ ငြိမ်သက်နေပြီဖြစ်ပေမဲ့ မြေပြင်မှာ တအာင်း(ပလောင်) TNLA တပ်ဖွဲ့တွေကို ကိုးကန့်တပ်က လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ၊ အရပ်ဝတ်ထားတဲ့ ပလောင်စစ်သားတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ကိုးကန့်တပ်ဟာ TNLA ကို ဒရုန်းစစ်ဆင်ရေးနဲ့ အဓိက တိုက်ခိုက် ဗုံးကြဲခဲ့တာကြောင့် ကိုးကန့်တပ် MNDAA ဒရုန်းလက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ခန့်မှန်းဦးရေ ၁၀ ဦးထက်မနည်း ရှိခဲ့ကာ အရပ်သားနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ရှမ်းမြောက် လားရှိုး– မူဆယ် ပြည်ထောင်လမ်းမ ပြန်လည်ဖွင့်လှစ်ရေးနဲ့ တရုတ်နိုင်ငံ ယူနန်ကနေ ရှမ်းမြောက်ကိုဖြတ်ပြီး ကျောက်ဖြူအထိ ရထားလမ်းဖောက် စတင်နိုင်ဖို့ စစ်တပ်နဲ့ တရုတ်က စီမံကိန်းစတင်ဆောက်ရွက်နေခြင်းဖြစ်တယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောဆိုသုံးသပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် အဓိက တရုတ်နဲ့ စစ်ကော်မရှင်တပ်က ကိုးကန့်တပ် MNDAA နဲ့ အဓိက ဆွေးနွေးကာ အခုလို TNLA ကို ပစ်ခတ်တိုက်ခိုက်လာဖို့ကိုလည်း တရုတ်အစိုးရနဲ့ စစ်တပ်က အဓိကကြိုးကိုင်နေခြင်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။ ရှမ်းမြောက်ရှိ ဒေသခံပြည်သူတွေကတော့ စစ်ရေး၊ နိုင်ငံရေးအရှုပ်တွေကြား အခြေအနေမတည်ငြိမ်မှုတွေနဲ့ ရှမ်းမြောက်ဘယ်လို ဆက်ဖြစ်လာမလဲ စိုးရိမ်မှုတွေ မြှင့်တက်နေကြတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Aug- 2024 -
    6 August
    သတင်း

    TNLA တွေ ထိန်းချုပ်ထားတဲ့ မိုးမိတ်မှာ ဒေသခံတစ်ချို့နေရပ်ပြန်နိုင်ကြပြီ

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ထဲက တိုက်ပွဲတွေကြောင့်စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ တစ်ချို့ နေရပ်ပြန်လာကြပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကပဲ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးမိတ်မြို့ဆီ ဒေသခံတွေပြန်လာနေကြတာဖြစ်ပြီး မြို့ခံ PDF တွေကသေချာစီစစ်ပြီးဝင်ခွင့်ပြုနေတာလို့ မိုးမိတ်ဒေသခံတစ်ယောက်ကပြောပါတယ်။ “တပ်ကတော့မရှိတော့ဘူး။ မြို့ထဲမှာတော့ မြို့ခံPDF တွေပဲကျန်တော့မှာ တအာင်းတပ်ကလည်း နည်းနည်း ပဲ ကျန်ခဲ့တယ်တဲ့။ မိုးမိတ် PDF တွေကသေချာစီစစ်ပြီးတော့ဝင်ခွင့်ပြုနေတယ်ဗျ။အခုကဒေသခံတွေလည်း တော်တော်များများဝင်ကြတယ် ဈေးရောင်းဈေးဝယ်တို့ ပြည်သူလူထုကတော့ဝင်နေကြပြီ”လို့ပြောပါတယ်။ နေရပ်ပြန်ဝင်လာတဲ့ဒေသခံ ထောင်နဲ့ချီရှိနိုင်တယ်လို့သိရပြီး ဒေသခံဖြစ်တဲ့အစိုးရဝန်ထမ်းတွေနဲ့မိသားစု ဝင်တွေပဲ မြို့ထဲကိုပြန်ဝင်လာတာမတွေ့ရဘူးလို့ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်းမြောက်ပိုင်းညီနောင်အဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ လောက်ကိုင်နဲ့ သိန္နီမြို့တို့ကိုလေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့အတွက် စိုးရိမ်မှုတွေရှိနေတယ် လို့ ဒေသခံတွေကဆိုပါတယ်။ ဒါ့အပြင် မိုးမိတ်မြို့တွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက်တော့ အချိန်ယူရအုံးမယ် လို့ ဒေသခံတစ်ယောက်ကအခုလိုသုံးသပ်ပါတယ်။ “တကယ်လို့ပြန်လည်ထူထောင်ရေးလုပ်မယ်ဆိုရင်တော့ စီးပွားရေးသမားတွေကတော့မဖြစ်လောက်တော့ ဘူးထင်တယ်။ အခုကလည်း သိတဲ့အတိုင်းပဲ ကွတ်ခိုင်တို့လောက်ကိုင်တို့အေးအေးဆေးဆေးနေနေတာ တောင် သွားသွားကြဲနေတာဆိုတော့ မိုးကုတ်၊မိုးမိတ်လည်းဘယ်နေပါ့မလဲ”လို့ဆိုပါတယ်။ မိုးမိတ်မြို့တွင်းနဲ့အနီးတစ်ဝိုက်ကတော့ ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေဆဲဖြစ်ပြီး မိုးမိတ်မြို့နဲ့ ၁၀မိုင်ပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာတစ်ချို့မှာတော့ တယ်လီနောဖုန်းလိုင်းတွေရတယ်လို့သိရပါတယ်။ တအာင်းတပ်မတော် TNLA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့  ၁၀၂၇ ဒုတိယလှိုင်းအဖြစ် သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးမိတ် မြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှုတွေအကြားမြို့တွင်းနဲ့ ဘေးနားမှာရှိတဲ့ မြောက်ပိုင်း၊ လက်ခုပ်တန်း၊ ဒိုးပင်နဲ့ တောင်ကိုင်းစတဲ့ကျေးရွာတွေမှာပျက်ဆီးဆုံးရှုံးမှုတွေများတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိ မိုးမိတ်မြို့ကို ဝင်နိုင်တဲ့လမ်းကြောင်းတွေဖြစ်တဲ့ မန္တလေးတိုင်း မတ္တာရာနဲ့တွင်းငယ်လမ်းပိုင်းတွေကို တော်လှန်ရေးအင်အားစုတွေကထိန်းချုပ်ပြီးဝင်ထွက်သွားလာခွင့်ပိတ်ဆို့ထားတာကြောင့်အသုံးပြုလို့ မရဘူး လို့သိရပါတယ်။ မိုးမိတ်မြို့ကို ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ–မန်တုံ၊ မဘိမ်း–မြစ်ဆုံ၊ မိုးကုတ်–မိုးမိတ်၊ တွင်းငယ်–မိုးမိတ် စတဲ့လမ်းပိုင်းတွေကိုအသုံးပြုပြီးသွားလာနိုင်ပေမဲ့ လက်တလောတိုက်ပွဲတွေကြောင့်လမ်းပိုင်းသွားလာခွင့် ကန့်သတ်ချက်တွေတော့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကစလို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တိုက်ပွဲက တကျော့ပြန်ဖြစ်ပွားခဲ့ရာကနေ ဇူလိုင်လ ၃၁ ရက်နေ့မှာ မိုးမိတ်မြို့တစ်မြို့လုံးကို TNLA နဲ့ပူးပေါင်းအဖွဲ့ကသိမ်းပိုက်ထိမ်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Jun- 2024 -
    12 June
    သတင်း

    TNLA ဖမ်းဆီးထားတဲ့ ပန်ရှော်ရွာ အုပ်ချုပ်ရေးမှူး အမြန်ဆုံးလွှတ်ပေးဖို့ ဒေသခံတွေတောင်းဆို

    တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဖမ်းဆီးထားတဲ့ လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာ (Bangshau) အုပ်ချူပ်ရေးမှူးကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံတွေတောင်းဆိုနေကြပါတယ်။ ရှမ်းမြောက် လားရှိုးမြို့အရှေ့ဘက် မိုင်းယော်အနီး ပန်ရှော်(Bangshau)ကျေးရွာအုပ်ချူပ်ရေးမှူး ဦးရှလောလွမ်းဒိုင်ကို TNLA တပ်ဖွဲ့က ဇွန်လ ၉ ရက်နေ့ ည…

    Read More »
  • Apr- 2024 -
    19 April
    သတင်း

    ကွတ်ခိုင်မြို့မှာ KIA အနေနဲ့ ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းရမယ်လို့ဆို

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်နေရာယူထားတဲ့ ကွတ်ခိုင်မြို့မှာ KIA အနေနဲ့ ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းရမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် ကချင်ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီ လ ၁၀ ရက် နဲ့ ၁၂ ရက်နေ့မှာ ကွတ်ခိုင်ရှိ…

    Read More »
  • Dec- 2023 -
    8 December
    သတင်း

    KIO တိုက်နယ် အုပ်ချုပ်ရေးမှူး နဲ့ ဒုတပ်ကြပ်တို့ နှစ်ဦး TNLA မိုင်းခွဲတိုက်ခိုက်မှုကြောင့် သေဆုံး

    ရှမ်းမြောက် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး( Mong Wee) အနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ KIO နမ့်ဖတ်ကာအုပ်ချူပ်ရေး တိုက်နယ်အဖွဲ့ကနေ…

    Read More »
Back to top button