တိုက်ပွဲပြင်းထန်

  • Feb- 2026 -
    4 February
    သတင်း

    ဖားကန့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပိုပြီးလုပ်ဆောင်နေ

    တစ်ပတ်ခန့် တိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့ ဖားကန့် တိုက်ပွဲနေရာကို စစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ လေကြောင်း ၂ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဖားကန့် မရှီကထောင်အနောက်ဘက်ခြမ်း ထုံးဘိုကျေးရွာ ဆုတောင်းကုန်းအနီးတဝိုက်ကို…

    Read More »
  • 2 February
    သတင်း

    ဖားကန့်မှာ နှစ်ဖက်တိုက်ပွဲကြောင့် စာသင်ကျောင်းထဲ လက်နက်ကြီးကျမှန်ပြီး ကလေးငယ်တစ်ချို့ ထိခိုက်မှုရှိ

    ကချင်ပြည်နယ် ဖားကန့်မြိုမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်နက်ကြီးကျမှန်ပေါက်ကွဲမှုတွေကြောင့် အရပ်သားထိခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၉ နာရီဝန်းကျင်ကနေစတင်လာတဲ့ ဖားကန့်တိုက်ပွဲဟာ ဒီကနေ့အထိ နှစ်ဖက်တပ်အပြန်အလှန် ပစ်ခတ်နေဆဲဖြစ်သလို တိုက်ပွဲအတွင်းပစ်ခတ်တဲ့လက်နက်ကြီးတစ်လုံး ဖားကန့် အထက်တန်းကျောင်းဝင်းထဲကျမှန်ပေါက်ကွဲလို့ ကျောင်းသား နှစ်ဦးထိခိုက်မှုရှိခဲ့ပါတယ်။ “ဖားကန့် ကျောင်းကြီး စာသင်ကျောင်းမှာ လက်နက်ကြီးကျတာဟုတ်တယ်။ ကလေးငယ် နှစ်ယောက်တော့ထိတယ်။ တခြားထိခိုက်မှုတွေလည်းရှိတယ်လို့ ကြားတယ်။ အသေစိတ်တော့ မသိရသေးဘူး။ တိုက်ပွဲက ဒီကနေ့ အထိ ဖြစ်နေတော့ မနေ့ညအထိ ပစ်လိုက်နားနဲ့ ဖြစ်နေတယ်။ မရှီကထောင်နောက်ကျောဘက်မှာပဲဖြစ်နေတာ။ လောလောဆယ်က ၃ နေရာလောက်မှာဖြစ်နေကြတာ”လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ မြို့ခံတွေပြောချက်အရ ခုလိုတိုက်ပွဲစတင်လာာတဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့တွေက KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ မရှီကထောင်၊ ဆုတောင်းကုန်းဘက် စစ်ကြောင်းထိုးတိုက်ခိုက်လာရာကနေ စတင်လာတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ မရှီကထောင်နောက်ကျော၊ ထုံးဘိုဘက်မှာ အပြန်အလှန် ပစ်ခတ်မှုရှိနေသလို ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲဖြစ်နေဆဲလို့ ဆိုပါတယ်။ နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုကြောင့် ဖားကန့် အထက်တန်းကျောင်းဝင်းထဲက KG တန်းကျောင်းဆောင်ထိမှန်သွားတဲ့အပြင် ဆယ်ကျော်သက် ကျောင်းသူ၊ ကျောင်းသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီကနေ့ ပစ်ခတ်မှုထဲမှာ မနက်ပိုင်း ၅ နာရီဝန်းကျင် မရှီကထောင်ရပ်ကွက်ထဲ လက်နက်ကြီးကျမှန်ခဲ့တဲ့အတွက် အမျိုးသား တစ်ဦး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အတွက် ဖားကန့် – ဆိပ်မူ သွားမိန်းလမ်းမကြီးကိုသွားလာခွင့်ပိတ်ထားသလို ဆိပ်မူကနေ ဖားကန့်ကိုသွားတဲ့ ဖားပြင်၊ မန၊ ရှရော်ခလမ်းကိုလည်း သွားလာခွင့်ကန့်သတ်ထားတယ်လို့ ဆက်သိရပါတယ်။ ဖားကန့် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ် ကချင်အမျိုးသားတစ်ဦးက “၃၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ မရှီကထောင် ဆုတောင်းကုန်းဘက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့တွက် တိုက်ပွဲပြန်ဖြစ်လာတယ်။ ပြင်းပြင်းထန်ထန်က မနေ့ကစဖြစ်လာတယ်လို့ပြောလို့ရမယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ နောက်ထပ် KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆိုင်းတောင်ပြန်ပြီး ထိန်းချုပ်ဖို့ လုပ်လာတဲ့အတွက် စစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်တယ်လို့ ပြောပါတယ်။ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထုံးဘို၊ ဂျမ်ဂတ်ဘက်မှာ နေရာယူထားတာလည်းဖြစ်ပါတယ်။…

    Read More »
  • Jan- 2026 -
    22 January
    သတင်း

    မချမ်းဘောမြို့နယ်မှာ စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်လို့ဆို

    "အဲ့ဘက်က စစ်ရေးတော်တော်လေးတင်းမှာနေတယ်ဗျ အချိန်မရွေးတိုက်ပွဲကဖြစ်နိုင်တယ် စကမ(စစ်ကော်မရှင်တပ်)တွေက ဒီဘက်ကိုစစ်ကြောင်းဝင်နေတာ"လို့သူကပြောပါတယ်။

    Read More »
  • 21 January
    သတင်း

    တိုက်ပွဲဖြစ်နေတဲ့ကသာမှာ ကျောင်းပြန်ဖွင့်နေ

    စစ်ကိုင်းနဲ့ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစလို့ ကျောင်းတွေပြန်ဖွင့်နေပြီ လို့ ကသာမြို့ခံတွေဆီကသိရပါတယ်။ စစ်ကော်မရှင်က ကျောင်းသား/သူ နဲ့ Non-CDM ဆရာ/မ စုစုပေါင်း ၄၀၀ ကျော်ကို ကသာမြို့ကိုဝင်ရောက်စေပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ…

    Read More »
  • 13 January
    သတင်း

    ကသာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့မီးလောင်နေ

    စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သိမ်းတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ရဲ့ ခမရ ၃၀၉ တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့စွန်ရပ်ကွက်၊ကျေးရွာတစ်ချို့မှာ နေအိမ်မီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ဆို ရက်ပေါင်း ၁၉ ရက်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့  ဒီမနက်ပိုင်းမှာတော့ ခမရ ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကသာမြို့ရဲ့မြောက်ဖက်ရှိ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာရှိနေအိမ်တစ်ချို့ မီးလောင်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “ဒီမနက် ၁၁ နာရီလောက်ကနေ ပစ်နေတာ ခုကသာမြို့ မြောက်ဖက် မိုးတားလေးရွာဘက်သွားတဲ့လမ်းမှာရှိတဲ့ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာဘက် အိမ်တွေမီးလောင်နေတယ် မီးခိုးတွေလည်း အလိပ်လိုက်ကိုမြင်နေရတယ်။ ဘယ်လောက်ထိလောင်သွားပြီလဲဆိုတာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်နေတဲ့  စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာတွေဟာ မြို့နဲ့တစ်ဆက်တည်းရှိပြီး ရပ်ကွက်အနေနဲ့ဆို ရပ်ကွက် (၈) ဧရိယာမှာရှိကာ ကသာမြို့တွင်းကနေ ဆိုင်ကယ်နဲ့ ၁၀ မိနစ် ခန့်သွားရတဲ့နေရာမှာရှိတဲ့ ရပ်ကွက်၊ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် နေအိမ်မီးလောင်ဆုံးရှုံးမှုအခြေနေကိုတော့ အသေးစိတ်မသိရသေးသလို ထိခိုက်ဒဏ်ရာရသူရှိ မရှိကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် ဒီမနက်လက်နက်ကြီးပစ်ခတ်နေတဲ့အချိန်အတွင်းမှာပဲ စစ်တပ်ဘက်က Y8 လေယာဉ်နဲ့ ခမရ ၃၀၉ တပ်ထဲကို ရိက္ခာ၊လက်နက်ခဲယမ်းတွေလည်း ၂ ကြိမ်လာပို့သွားတယ်လို့ သိရပါတယ်။  “ဒီမနက် ခမရ ၃၀၉ ထဲကိုလည်း ရိက္ခာတွေလာချသွားတယ် သူတို့က လေကြောင်းအသုံးပြုပြီး ရိက္ခာ၊လက်နက်ခဲယမ်းတွေသယ်နေတာ။ တိုက်ပွဲက ပစ်လိုက်၊နားလိုက်ပဲ နားတယ်ဆိုတာ ဟိုလိုကြီးနားသွားတာမဟုတ်ဘူး နေ့တိုင်းလိုလိုဖြစ်နေတာ  မနေ့ကဆိုတစ်နေ့လုံးပစ်ကြတာဟုတ်တယ်”လို့  ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ခုလိုပြောပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က အသေခံဒရုန်းအသုံးပြုမှု အလွန်အကျွံသုံးနေပြီး ကသာမြို့အနီးကျေးရွာတွေဘက်ကို လေကြောင်းနဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တွေလည်းပုံမှန်ရှိနေတဲ့အတွက် ပြည်သူတွေသတိထားနေကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေဆိုပါတယ်။ KNG ရဲ့နောက်ဆုံးရရှိထားတဲ့အခြေနေအရ ကသာမြို့နယ်ရဲ့နောက်ဘက် ကြံတော၊ပြည်သာယာရပ်ကွက်ရှိ ကသာမြို့စောင့်တပ် ခမရ ၃၀၉ တပ်က ခံစစ်ဌာနချုပ်အဖြစ်ခုခံနေသလို ရဲစခန်း၊ထွေအုပ်ရုံးနဲ့ မြို့ပေါ်ရပ်ကွက် တစ်ချို့ကိုသာ စစ်တပ်ဘက်က ထိန်းချုပ်ထားနိုင်ပြီး မြို့အစွန်ရပ်ကွက်နဲ့ ကျေးရွာတွေဘက်ကိုတော့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။ ကသာမြို့မှာ ရပ်ကွက် ၁၁ ခု၊ ကျေးရွာ ၂၀၀ နီးပါးခန့်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀,၀၀၀ ကျော်နေထိုင်တဲ့မြို့ဖြစ်ပြီး ခရိုင်ရုံးစိုက်ရာမြို့လည်းဖြစ်သလို ကုန်းကြောင်း၊ရေကြောင်းအချက်ချာကျတဲ့မြို့ဖြစ်ပါတယ်။ ကသာမြို့ ဒေသခံတွေကတော့ ဒီဇင်ဘာလဆန်းပိုင်းမှာ ကသာမြို့သိမ်းတိုက်ပွဲစတင်လာတော့မယ့်အကြောင်း သတင်းတွေထွက်ပေါ်လာချိန်နဲ့ မြို့သိမ်းတိုက်ပွဲစတင်လာချိန်ကစပြီး အများပိုင်းနေရပ်စွန့်ခွာသွားသူတွေရှိသလို မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကျန်ရှိသေးတဲ့ပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ NUG အစိုးရ လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက မကြာခဏဆိုသလို အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကိုင်း– ကချင် အစပ်မှာ တဆက်တည်းရှိနေတဲ့ မော်လူး၊ အင်းတော်၊ ဗန်းမောက်မြို့တွေကိုထိန်းချုပ်ထားပြီး ကသာမြို့ကိုပါ သိမ်းယူဖို့ ဆက်ပြီးထိုးစစ်ဆင် တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။ စစ်ကိုင်း– ကချင်အစပ်ရှိ ကသာမြို့ဟာ ဒုတိယကမ္ဘာစစ်၊ ကိုလိုနီခေတ်က အင်္ဂလိပ်အရေးပိုင်မင်းတွေ ခရိုင်ရုံးစိုက်ခဲ့တဲ့ ခရိုင်မြို့ကြီးဖြစ်ခဲ့သလို ဒီနေ့ထိ နှစ်ရာကျော်ရှိကိုလိုနီအိမ်ကြီးတွေလည်း အများအပြားရှိနေတဲ့အပြင် သမိုင်းဝင်စေတီပုထိုးအဆောက်အဦးတွေများစွာရှိနေတဲ့မြို့လည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • Nov- 2025 -
    5 November
    သတင်း

    ဗန်းမော်တိုက်ပွဲရပ်တန့်မှုမရှိဘဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြော

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့တွေ့ဆုံခဲ့ပြီးနောက် ဗန်းမော်တိုက်ပွဲငြိမ်သက်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေပြင်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ လက်ရှိ ဗန်းမော်ကနေ မိုးမောက်သွားတဲ့လမ်း ဗန်းမော်တက္ကသိုလ်ဝင်းနေရာ၊ ၃ မိုင်နေရာနဲ့ ခလရ ၄၇ တပ်ရင်းအနီးတဝိုက်တွေမှာ နှစ်ဖက်တပ်အကြားတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “ဗန်းမော်တိုက်ပွဲက နေ့တိုင်းလိုတိုက်ပွဲရှိပါတယ် နမ့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ ဘက်ခြမ်း လက်နက်ကြီးတွေပစ်ပြီး ခြေလျင်နဲ့ ထိုးတော့တိုက်ပွဲဖြစ်တယ်။ ပြီးရင် ၃ မိုင် ၊ ခလရ ၄၇ သွားတဲ့လမ်း တစ်လျှောက် နေ့တိုင်းလိုဖြစ်နေတယ်။ စစ်တပ်ဘက်ကနေ ထိုးနေပေမယ့် KIA နေရာယူထားတဲ့ဘက်ကို ထိုးဝင်လာနိုင်တာမျိုးတော့မရှိဘူး။ KIA ဘက်ကလည်း နေရာအသစ်သိမ်းယူနိုင်တာမရှိသလို လက်လွတ်လိုက်ရတဲ့နေရာလည်းမရှိပါဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံခဲ့ပြီးနောက် တိုက်ပွဲငြိမ်သက်သွားပြီဖြစ်တဲ့အကြောင်း ဗန်းမော်တိုက်ပွဲနဲ့ပတ်သက်ပြီး လူမူကွန်ယက်စာမျက်နှာပေါ်မှာ သတင်းတွေအမျိုးမျိုးထွက်ပေါ်လာပါတယ်။ ဒါပေမယ့် မြေပြင်အခြေနေမှာတော့ စစ်တပ်ကဘက်နေ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း သိသိသာသာထိုးစစ်ဆင်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက် မြို့တွင်း နေရာ ၃ နေရာမှာ တိုက်ပွဲနေ့တိုင်းနီးပါးပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေ ပြောပါတယ်။…

    Read More »
  • Sep- 2025 -
    22 September
    သတင်း

    လန်ဆယ်နဲ့ခေါင်လန်ဖူးကြားတိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းပါတိုက်ခိုက်နေ

    ကချင်ပြည်နယ် ခေါင်လန်းဖူးမြို့နယ် KIA ပူးပေါင်းတပ် တွေထိန်းချုပ်ထားတဲ့ လာဟီဆင် စခန်းဘက်ကို ခေါင်လန်းဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ ခေါင်လန်းဖူးမြို့နယ်နဲ့ လန်ဆယ်မြို့ကို သွားတဲ့လမ်းပိုင်းရှိ လာဟီဆင်စခန်းဘက်ကို ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်က စက်တင်ဘာ ၁၉ ရက်နေ့…

    Read More »
  • Jul- 2025 -
    14 July
    သတင်း

    ဖားကန့်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

    ဖားကန့်မှာ စစ်ကောင်စီတပ် ဂျက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတဲ့အတွက် မော်မောကုန်းကျေးရွာက စာသင်းကျောင်းထိခိုက်ပျက်စီးသွားသလို တိုက်ပွဲကြောင့်စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲဝန်းကျင်အချိန် မော်မောကုန်း စာသင်ကျောင်းနေရမှာ ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးနှစ်ကြိမ်ပစ်ခတ်သွားပြီး တပြိုင်နက် စစ်ကောင်စီတပ်တွေရှိတဲ့ မော်မောလယန်ဘုန်းကြီးကျောင်းနဲ့ မှော်ဝမ်းကလေး စာသင်ကျောင်း နှစ်နေရာကိုသွားရောက်တိုက်ခဲ့တယ်လို့ ဖားကန့်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ကတော့ မော်မောဘွမ့်၊ လမောင်ကုန်း တောင်ကုန်းနေရာတွေကို ရဖို့လုပ်နေတယ်။ မနေ့ညနေလည်း လေယာဉ်နဲ့ လာကြဲနေတဲ့အချိန်ထဲမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီတပ်ရဲ့ မော်မောလယန်က ဘုန်းကြီးကျောင်းထဲမှာ နေရာယူထားတဲ့အဖွဲ့၊ ပြီးတော့ မှော်ဝမ်းလေးစာသင်ကျောင်း ရှိတဲ့ စစ်ကောင်စီတပ်တွေကို သွားရောက် တိုက်ခိုက်တာတွေလုပ်ခဲ့တော့ ပစ်ခတ်မှုတွေရှိခဲ့တယ်။ တိုက်ပွဲက အပြန်အလှန် နာရီဝက်လောက်ဖြစ်ခဲ့ပါတယ်”လို့ပြောပါတယ်။ မော်မောလယန်နဲ့ မှော်ဝမ်းကလေး နှစ်နေရာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လကတည်းကနေ မော်မောဘွမ့်နဲ့ မမောင်ကုန်းနေရာကိုရယူဖို့ ဆွတ်ဘွမ့်(အမှိုက်ပုံ) နဲ့ မော်မောလယန် ကျေးရွာအနီးတဝိုက်မှာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ သုံးရက်တာအတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲမှာလည်း စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုများခဲ့တယ်လို့လည်း ဆက်သိရပါတယ်။ ဇူလိုင်လ ၁၃ ရက် မနေ့က စစ်ကောင်စီတပ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နောက် တိုက်ပွဲဧရိယာနယ်မြေတွေဖြစ်တဲ့ မော်မောလယန် နဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ) စတဲ့ နေရာတွေမှာ မနေ့ည ၉ နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းအထိ လက်နက်ကြီးတွေသံတွေ ကြားနေရဆဲဲဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေ ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဟာ ဖားကန့် ဗျူဟာကုန်းကနေ လမ်းကြောင်းနှစ်ခုနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေတဲ့အတွက် မှော်ဝမ်းကနေ ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ အင်မားယန် ကျေးရွာတဝိုက်နဲ့ ရှရော်ခ ညောင်ပင်ကုန်း၊ မော်မောလယန်ကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ မော်မောကုန်းကျေးရွားက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိနေတယ်လို့ယူဆပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေ သုံးသပ်နေကြပါတယ်။ မော်မောကုန်းကျေးရွာနေပြည်သူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးတိမ်းရှောင်ထားတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မနေ့ည ၉ နာရီဝန်းကျင်အချိန်မှာ မှော်ဝမ်းကျေးရွာရှိ မူရင်းနှစ်ခြင်းအသင်း တော်ဘုရားကျောင်းဝင်းထဲမှာ စစ်အင်အားအလုံးအရင်း ဝင်ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ “အစပိုင်းတော့ စစ်ကြောင်းမှာပါတဲ့ တပ်သားတွေ သုံး၊ လေးယောက်နဲ့ ဖြည်းဖြည်းချင်းဝင်လာကြတယ်။ သူတို့ စစ်ဆေးမေးမြန်းတာတွေ လုပ်ချင်တယ်ပေါ့။ တာဝန်ရှိသူတွေနဲ့ တွေ့ချင်တယ်လို့အရင်ပြောတယ်။ ဘုရားကျောင်းထဲမှာ အမျိုးသား ဘယ်နှစ်ယောက်ရှိတာလဲမေးတယ်။ သော့ဖွင့်ထားတဲ့ရုံးခန်းတွေ အကုန်လုံးဝင်ကြည့်ကြတယ်။ သူတို့က ဒီတိုင်းလာစစ်မေးမြန်းတာလို့တော့ ပြောတယ်။ ဒါပေမယ့် ဘာမှတော့ လုပ်ဆောင်သွားတာမျိုးတော့မရှိဘူး”လို့ စစ်ဆေးခံရတဲ့ မှော်ဝမ်းမူရင်းနှစ်ခြင်းအသင်းတော်တာဝန်ရှိသူတွေနဲ့ နီးသူတစ်ဦးက ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းကနေ စစ်ကောင်စီတပ်တွေက လမောင်ကုန်းနဲ့ မော်မောဘွမ့်တောင်ကုန်းနေရာတွေကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တက်လာတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်ကြောင်းထိုးထားတဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ) နဲ့ မော်မောလယန် ကျေးရွာတွေမှာလည်း အရပ်သားပြည်သူတွေ အကြောင်းမဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း နေ့စဉ်ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့မှာ ဖားကန့်၊ မရှီကထောင်ရပ်ကွက် ရွှေမြန်မာ ရွှေဆိုင်ရှေ့ စစ်ကြောင်းသွားလာလှုပ်ရှားနေချိန် စစ်ကြောင်းမှာပါလာတဲ့ ယခင် ဆွတ်ဘွမ့်(အမှိုက်ပုံ) ကျေးရွာက ဥက္ကဋ္ဌဟောင်း မင်းစိုးဦး နဲ့ ဂွေခါ အုပ်ချုပ်ရေးမှူး ဦးဘရန်မွန်းဆိုသူ နှစ်ဦးပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။…

    Read More »
  • May- 2025 -
    20 May
    သတင်း

    ဖားကန့်တိုက်ပွဲမှာ စစ်တပ် လေကြောင်းအကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်

    ကချင်ပြည်နယ် ဖားကန့်မြို့ကိုဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်တယ်လို့ KIO ပြန်ကြား‌ရေးတာဝန်ရှိသူက ပြောပါတယ်။ “ဖားကန့်ဘက်က တိုက်ပွဲပြင်းထန်နေတယ်။ လေယာဉ်နဲ့ဗုံးလာကြဲပြီး ကူပေးနေရတဲ့အထိ တိုက်ပွဲအရမ်းပြင်းထန်နေပါတယ်”လို့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးအင်ဖန်နော်ဘူက…

    Read More »
  • 7 May
    သတင်း

    ကပ်မှော်ရွာအနီး တိုက်ပွဲပြင်းထန်နေ၊ ‌‌‌‌စစ်တပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်

    မေလကုန်အထိ အပစ်ရပ်ကြောင်းကြေညာထားတဲ့ စစ်ကောင်စီတပ်က ကချင်ပြည်နယ်၊ ဖားကန့်ဘက်ကို မြေပြင်၊‌ဝေဟင်နဲ့ ထိုးစစ်ဆင်နေတာ ၂ ပတ်တိတိရှိလာပြီဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF  ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတွေပြန်ရဖို့ စစ်တပ်က ဧပြီလ ၂၃ ရက်ကစပြီး ကားမိုင်း၊…

    Read More »
Back to top button