ပြည်သူ့စစ်စခန်း KIA ပြန်တိုက်ခိုက်ပါက လူနေအိမ်များကို ငဲ့ညှာမည်မဟုတ်ကြောင်း မင်းဇင်သန့် ပြော
,
စစ်ကိုင်းတိုင်းဒေသ ထီးချိုင့်မြို့ပေါ်ရှိ ဘောလုံးကွင်းတွင် စစ်ကြောင်းထိုးပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက် ၂ဦးထက်နည်း သေဆုံးပြီး ၅ဦးထက်နည်း ခြေပြတ်လက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင်ခန့်တွင် ထီးချိုင့်မြို့လယ် ဘောလုံးကွင်းတွင် စစ်အင်အား ၇၀ ခန့် အနားယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ ကြိုတင်စီစဉ်ထားသည့် ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ တန်ပြန်ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦး