ဒေါက်တာသိန်းမြင့်ဝေ

  • Aug- 2023 -
    3 August
    သတင်း

    ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသိန်းမြင့်ဝေ ဖမ်းဆီးခံရ

    ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာရှိတဲ့ ကျော်ဆေးခန်းပိုင်ရှင် မနေ့ည ၈နာရီမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ အဲဒီဆေးခန်းဟာ ပုဂ္ဂလိကဆေးခန်းဖြစ်ပြီး ၂၄ နာရီဖွင့်တဲ့ဆေးခန်းဖြစ်ပြီး  မနေ့ညဆေးခန်းဖွင့်ထားချိန်မှာ အိမ်စီးကား ၅စီးနဲ့ လူအင်အား ၁၀ ကျော်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “မနေ့ည ဖမ်းဆီးခံသွားရတာ ဖားကန့်ဆေးရုံအုပ်ဟောင်းဟုတ်တယ် ဖမ်းဆီးခံရတဲ့ချိန် ဆေးခန်းမပိတ်သေးဘူး ဆေးခန်းကလာဖမ်းသွားတာ”လို့ပြောပါတယ်။ ဖမ်းဆီးခံသွားရသူဟာ ဖားကန့်ဆေးရုံအုပ်ဟောင်း ဒေါက်တာသိန်းမြင့်ဝေဆိုသူဖြစ်ပြီး အာဏာသိမ်းမှုမဖြစ်ခင် ဆေးရုံအုပ်ကြီးတာဝန်မှ နုတ်ထွက်ထားသူဖြစ်ကြောင်းလည်း သိရပါတယ်။ ဒေသခံတွေပြောတာကတော့ ဒေါက်တာသိန်းမြင့်ဝေကို ဖမ်းဆီးခံသွားသူတွေဟာ စစ်တပ်ကဖြစ်နိုင်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ယောက်က ခုလိုသုံးသပ်ပြောဆိုပါတယ်။ “သူက CDM ဆရာဝန်တစ်ယောက်ကို အလုပ်ပေးထားတယ်ကြားတယ် အဲဒါနဲ့လည်း ဆက်စပ်နေလားပေါ့ ဖြစ်နိုင်တာတော့ စစ်တပ်ဘက်က ဖြစ်ဖို့များတယ်”လို့ပြောပါတယ်။ ဖားကန့်မှာပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ မြို့မလက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖမ်းဆီးခံရမှု၊ဇူလိုင်လ ၂၇ ရက်နေ့ အမိန့်ရအပေါင်ဆိုင်ပိုင်ရှင်ဇနီး ဖမ်းဆီးခံခဲ့ရတာရှိခဲ့ပါတယ်။…

    Read More »
Back to top button