မက်သာဒုန်းရောင်းချသူတွေကို စည်းကမ်းကြပ်မတ်ပေးဖို့တောင်းဆို

မြစ်ကြီးနားမြို့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံရှေ့မှာ မက်သာဒုန်းသောက်သုံးသူတွေက တစ်ဆင့်ပြန်ရောင်းတာတွေလုပ်နေတဲ့အတွက် စည်းကမ်းကြပ်မတ်ပေးဖို့ မက်သာဒုန်းသောက်သူတစ်ချို့တောင်းဆိုနေပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူအပေါ် မူတည်ပြီး မက်သာဒုန်းကို ၃၀၀ အားကနေပြီး စတိုက်ပေးတာဟုတ်တယ်။ အဲ့ဒါကို အကုန် မသောက်ဘဲ ဘယ်လို ခိုးသယ်လည်းတော့ မသိဘူး။ အပြင်မှာ ပြန်ရောင်းကြတယ်”လို့ မက်သာဒုန်းသောက်သူတစ်ဦး KNG ကိုပြောပါတယ်။

မက်သာဒုန်းဆေးရည်သောက်သူတစ်ချို့ဟာ ရောင်းလို့ရတဲ့ ငွေနဲ့ ဘိန်းဖြူ၊ရာမအစရှိတဲ့ မူးယစ်ဆေးပြန်ဝယ်ပြီး သုံးစွဲနေကြတယ်လို့ သူကဆက်ပြောပါတယ်။

မြစ်ကြီးနား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံကနေ မူးယစ်ဆေးစွဲနေသူတွေကို ဆေးစွဲလမ်းမှုမှ လျှော့ချရန် (သို့မဟုတ်ဖြတ်ဖို့အတွက် မက်သာဒုံးဆေးရည်ကို ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း နေ့စဉ် မနက်  ၉နာရီကနေ ၁၂ နာရီအထိ မြစ်ကြီးနားမြို့ ဂေါက်ကွင်းမျက်နှာချင်းဆိုင်မှာရှိတဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံမှာ တိုက်ပေးနေတာဖြစ်ပါတယ်။

KNG ကနေစုံစမ်းရရှိထားချက်အရ မက်သာဒုန်းသောက်သူတွေဟာ သတ်မှတ်ထားတဲ့ ဆေးရုံဝန်းအတွင်း‌အပြီးသတ် သောက်သုံးစေခိုင်းတာတွေရှိပေမယ့် မက်သာဒုန်းဆေးရည်အကုန်မသောက်ပဲ  အပြင်ဘက် ခိုးဝှက်သယ်ယူပြီး တစ်သောင်းမှ သုံးသောင်းအထိ ဈေးအမျိုးမျိုးပြန်ရောင်းချလျက်ရှိနေတယ်လို့လည်းသိရပါတယ်။

ကျနော်တို့ရွာဘက်ကဆိုရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုခေါင်းစဉ်အောက်မှာရပ်ကျေးအဖွဲ့ကပါဝင်ပြီး လုပ်နေတာတွေရှိတယ် အဲဒါကြောင့် ကျနော်တို့အားရင်တော့  အမည်စာရင်းနဲ့တကွသွားထုတ်ပေးတာမျိုးတော့ရှိတယ်။ဒါပေမယ့် တစ်ခါတစ်လေတော့ သူတို့ကိုယ်တိုင်ထုတ်ခိုင်းတာတွေရှိတယ်။ ဘယ်လိုဖြစ်လို့ခုလိုလုပ်လာကြတာလဲမသိဘူး ဒီလိုဖြစ်စဉ်မျိုးက ခုနောက်ပိုင်းပိုကြားလာရတယ်လို့ မိုင်းနားကျေးရွာအုပ်စုထဲက အမျိုးသားတစ်ဦးပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့ရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့်  ဆက်သွယ်လို့မရသေးတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကစပြီး မက်သာဒုန်းစတင်တိုက်ကျွေးခဲ့ရာ ၂၀၁၈ ခုနှစ်မှာတော့ မက်သာဒုန်းစင်တာ ၅၀ ကျော်အထိတိုးချဲ့လာနိုင်ခဲ့တယ်လို့ ယခင်အစိုးရလက်ထက်ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button