နန့်စလျော်ကျေးရွာ ဘုန်းကြီးကျောင်းကို ပျူစောထီးအဖွဲ့ ဗုံးခွဲတိုက်ခိုက်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာအုပ်စုရှိ နန့်စလျော် ကျေးရွာ ဘုန်းကြီးကျောင်းကို ပျူစောထီးများက ဗုံးခွဲ တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးတစ်ပါးနှင့် အရပ်သား ၄ ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ နန့်စလျော်ကျေးရွာ တောင်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းကို ဧပြီ ၂၈ ရက်နေ့ ည ၇ နာရီခွဲအချိန့်ခန့်တွင် ပျူစောထီး အဖွဲ့တစ်ဖွဲ့က ယတြာယာခြယ်ရန်အတွက် ဟုဆိုကာ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း နန်းမားကျေးရွာနေ အမျိုးသားတစ်ဦးက KNG