နန့်ဆီးအောင်

  • Jul- 2024 -
    12 July
    သတင်း

    ကချင်ပြည်နယ်ထဲကို ဆီးကားတွေ ဝင်ခွင့်မပြုတဲ့အတွက် နန့်ဆီးအောင်အထိ ကယ်ရီနဲ့သယ်ယူပြီး ပြန်လည်ရောင်းချနေရ

    ကချင် – စစ်ကိုင်းအစပ် နန့်စီးအောင် စစ်တပ်ဂိတ်မှာ ပိတ်ဆို့ထားတဲ့ စက်သုံးဆီကားတွေကို ကချင်ပြည်နယ်ဘက်ကို တင်သွင်းခွင့်မပြုသေးတာကြောင့် ဆီကုန်သည်တစ်ချို့က ဆိုင်ကယ်ကယ်ရီသမားတွေနဲ့ တဆင့်ခံသယ်ယူပြီး ပြန်လည်ရောင်းချပေးနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ နောက်ပိုင်း မန္တလေးဘက်ကနေ တက်လာတဲ့ ဆီးဘောက်ဆာကားတွေကို ကချင်ပြည်နယ်ထဲကို တင်သွင်းခွင့်မပြုဘဲ ပိတ်ဆို့ထားတာ ရက်ပေါင်း၂၀ လောက် ကြာမြင့်လာပြီဖြစ်ပါတယ်။ နန့်ဆီးအောင်ဂိတ်မှာ ပိတ်ဆို့ခံထားရတဲ့ ဆီကားတွေက ဝင်ရောက်နိုင်းခြင်းမရှိတာကြောင့် မိုးညှင်း၊ မိုးကောင်း စတဲ့ မြို့နယ်တစ်ကြောက ဆီရောင်းဝယ်တဲ့ လုပ်ငန်းရှင်တွေက ကယ်ရီသမားတွေနဲ့ ပြန်လည်သယ်ယူပြီး ရောင်းချပေးနေတယ်လို့ နန်ဆီးအောင်ဂိတ်နဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “အခုက အောက်ပိုင်းဘက်ကနေ တက်လာတဲ့ ဆီကားတွေကို ကချင်ပြည်နယ်ဘက်ကို လုံးဝ ဝင်ခွင့်မပေးတော့ဘူး။ အဲဒါကြောင့် ကယ်ရီသမားတွေက နန်ဆီးအောင်ဂိတ်အထိလာပြီး လာသယ်ယူနေကြတာ တစ်ပတ်လောက်ရှိလာပြီ။ အဲဒီကယ်ရီသမားတွေကပဲ မိုးညှင်း၊ မိုးကောင်း တစ်ကြောက ဆီဆိုင်တွေဆီပြန်ပို့ပေးတာ။ တစ်ပုံသယ်ပေးရင် ဘယ်လောက်ဆိုပြီး သယ်ခိုင်းနေကြတယ်။ အဲဒါကြောင့် ဒီသလော ဆီသယ်တဲ့ ကယ်ရီသမားတွေ တစ်ရက်ကို အစီး ၅၀၊ ၆၀ တက်နေတယ်”လို့ပြောပါတယ်။ အခုရက်ပိုင်းအတွင်း မိုးညှင်း၊ မိုးကောင်း မြို့နယ်တွေဘက်ကနေ နန့်ဆီးအောင် ဂိတ်အထိ ဆီလာရောက်သယ်ယူတဲ့ ဆိုင်ကယ် ကယ်ရီသမားတစ်ရက်ကို အစီး ၆၀ လောက်အထိ ပုံမှန်တက်နေတယ်လို့ ဆိုပါတယ်။ ကယ်ရီသမားတစ်ချို့က ဆီဆိုင်တွေအတွက် လာရောက်သယ်ယူခိုင်းတာမျိုးမဟုတ်ဘဲ နန့်ဆီးအောင်ဂိတ်အထိ စက်သုံးဆီတွေကို လာရောက်ဝယ်ယူပြီး မိုးညှင်းမြို့နယ် လမ်းတစ်ကြောရှိ ပြည်သူတွေကို ပြန်လည် ရောင်းချပေးနေတာတွေလည်းရှိနေတယ်လို့ ပြောပါတယ်။ နန့်ဆီးအောင်ဂိတ်အထိ စက်သုံးဆီလာရောက်သယ်ယူကြတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို တစ်ဖက်မှာ စစ်တပ်က လမ်းတစ်ကြောရှိတဲ့ စစ်တပ်ဂိတ်နေရာတွေမှာ ဆိုင်ကယ် တစ်စီး ကျပ် တစ်သောင်း၊ နှစ်သောင်း ပေးမှသာ သွားလာခွင့်ရရှိနေတယ်လို့လည်း သူက ဆက်ဆိုပါတယ်။ “ဆိုင်ကယ်တစ်စီးမှာ ဆီတစ်ပေပါလောက်တော့ တင်နိုင်တယ်။ ဆီလာတဲ့ ကယ်ရီသမားတွေဆီကနေ နန်ဆီးအောင် စစ်တပ်ဂိတ်က ဆိုင်ကယ် တစ်စီးဖြတ်ရင် ငွေ တစ်သောင်း၊ နှစ်သောင်းပြန်ယူတယ်။ ပြီးရင် မော်ဟန်ဂိတ်မှာလည်း အတူတူပဲ။ စစ်တပ်က ဆီကားတွေကို မဝင်ခိုင်းပေမယ့် ဆီသယ်တဲ့ ကယ်ရီသမားတွေဆီကနေ ငွေတော့ ပြန်ကောက်တာပေါ့”လို့ပြောပါတယ်။ ဆီကုန်သည်တွေက ကယ်ရီသမားတွေနဲ့ တဆင့်ခံ သယ်ယူပြီး ရောင်းချလာရတဲ့ အခြေအနေမှာ နန့်ဆီးအောင်ဂိတ်မှာ ပိတ်ဆို့ခံထားရတဲ့ ဆီကားတွေက အချိန်အကြာ မစောင့်ဆိုင်းလာနိုင်တာကြောင့် အခုလိုလုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။…

    Read More »
Back to top button