နန့်ယား
-
May- 2024 -20 Mayသတင်း
ဖားကန့်မြို့နယ်ထဲက KIO/ KIA ထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးမှာ အခြေခံပညာရေးကျောင်းဖွင့်ဖို့ ပြင်ဆင်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက KIO/ KIA ထိန်းချုပ်နယ်မြေအားလုံးမှာ အခြေခံပညာရေးကျောင်းဖွင့်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သက်ဆိုင်တဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်ဟာ လက်ရှိ ဖားကန့်မြို့နယ်ထဲက တာမခံ၊ဝှေခါ၊ နန့်တိန်း၊ နန့်ယား၊ ဆယ်ဇင်းကျေးရွာတွေကိုထိန်းချုပ်ထားနိုင်ပြီး ဒီနေရာတွေအားလုံမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO လက်အောက်အခြေခံပညာရေးကျောင်းတွေဖွင့်လှစ်သွားဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ နန့်ယားကျေးရွာထဲက အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ပညာရေးကတော့အခုလောလောဆယ်က ထိန်းချုပ်နယ်မြေမှာကျတော့ ကျွန်တော်တို့ နန့်ယားလက်အောက်ခံကျောင်းက ၄ ကျောင်းရှိတယ်။ နန့်ယားက ၁၂ တန်းအထိရှိတယ် ၄ ကျောင်းစလုံးကို KIO ပညာရေးစနစ်နဲ့သွားဖို့ပြောထားပေမယ့် လောလောဆယ် ပညာရေးဝန်ထမ်းအခက်အခဲကြောင့် နန့်ယားရွာထဲအထက်တန်းကျောင်းကိုတော့ နဂိုမနှစ်ကအတ်ိုင်းပဲလည်ပတ်သွားတယ် ကျန်တဲ့သုံးကျောင်းကတော့ KIO ပညာရေးစနစ်နဲ့သွားမယ်”လို့သူကပြောပါတယ်။ နန့်ယားကျေးရွာအထက်တန်းကျောင်းနဲ့တွဲဖက်ကျောင်းတွေဟာ ဆိုင်းဖရာမူလတန်းကျောင်း၊ စပေါ့မူလတန်းကျောင်းနဲ့ကပ်မှော်စွပ်ကျေးရွာမူလွန်ကျောင်းတွေရှိတာဖြစ်ပြီး နန့်ယားကျေးရွာအထက်တန်းကျောင်းကလွဲပြီး ကျန်တဲ့ကျောင်းတွေဟာ KIO ပညားရေးစနစ်နဲ့သွားမယ်လို့သိရပါတယ်။ “နန့်ယားအထက်တန်းကျောင်းကိုတော့ မနှစ်ကအတိုင်းပဲသွားမယ်။ နဂိုအတိုင်းပေါ့ စစ်ကောင်စီသင်ရိုးညွန်းတမ်းနဲ့သွားမယ် ဒါပေမယ့် ကချင်ဘာသာတစ်ဘာသာထည့်ပြီးသင့်ကြားပေးသွားဖို့ရှိတဲ့ ကျန်တဲ့သုံးကျောင်းကတော့ KIA၊KIO ပညာရေးစနစ်ပဲ”လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။ နန့်ယားနဲ့အလားတူ ကျန်တဲ့ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဝှေခါ၊တာမခံ၊ဆယ်ဇင်း၊နန့်တိန်း စတဲ့ကျေးရွာတွေမှာလည်း အခြေခံစာသင်ကျောင်းတွေဖွင့်သွားဖို့ရှိတယ်လို့ ဖားကန့်မြို့နယ် KPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ”တာမခံ ဝှေခါ စိုးမိုးနယ်မြေတွေမှာကတော့ ပညာရေးကျနော်တို့ဖော်ဆောင်ဖို့ရှိတယ်ဗျ အဲ့ဒီမှာတော့ ပညာရေးဘုတ်အဖွဲ့တွေနဲ့ကျွန်တော်တို့ ဆောင်ရွက်ဖို့တွေပြင်ဆင်နေကြတယ်။ အဲ့မှာတော့ NUG စနစ်သစ်ပညာရေးပေါ့ စစ်ကောင်စီပညာရေးတော့သင်ကြားခွင့်မပေးတော့ဘူး ”လို့သူကပြောပါတယ်။ KIA ပူးပေါင်းတပ်စိုးမိုးနယ်မြေက ကျောင်းတွေမှာ CDM ကျောင်းဆရာ /ဆရာမတွေကသင်ကြားပေးသွားမှာဖြစ်ပြီး ကျောင်းတွေအားလုံး လာမယ့် ဇွန်လနှင့်ဇူလိုင်လထဲမှာအားလုံးဖွင့်နိုင်အောင်စီစဥ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ “အခုလောလောဆယ် ကျောင်းတွေတွေအပ်လို့မရသေးဘူးသူတို့စီစဥ်နေတုန်းလို့ပြောတယ် ကျောင်းအပ်လို့ရပြီဆိုရင်တော့ ကလေးတွေကိုကျောင်းအပ်ထားမယ် ။ သူများတွေလည်းအပ်ကြမှာအများနဲ့ဆိုတော့ဘာမှမဖြစ်လောက်ပါဘူးလေကြောင်းပဲ နည်းနည်းကြောက်ရမှာပေါ့”လို့ တာမခံကျေးရွာနေ အမျိုးသမီးတစ်ဦး ကပြောပါတယ်။ ဖားကန့်မြို့နယ်ထဲမှာ ၂၀၂၂–၂၀၂၃ ပညာ သင်နှစ်တုန်းကလည်းNUG စာသင်ကျောင်းတွင်ဖွင့်လှစ်ထားနိုင်ခဲ့ပြီး တက်ရောက်တဲ့ကျောင်းသားကျောင်းသူ ၆၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့သိရပါတယ်။ နန့်ယား၊တာမခံ၊ဝှေခါ၊ ဆယ်ဇင်း၊နန့်တိန်း စတဲ့ကျေးရွာတွေကို KIA၊KPDF ပူးပေါင်းတပ်တွက ဒီနှစ်ထဲမှာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိဆယ်ဇင်းကျေးရွာကလွဲလို့ကျန်တဲ့ကျေးရွာက စစ်ဘေးရှောင်တွေအားလုံးနေရပ်ပြန်ကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ဆယ်ဇင်းဒေသခံတွေ နေရပ်ပြန်ဝင်တာနဲ့တစ်ပြိုက်နကက် ကျောင်းဖွင့်နိုင်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ By – Zaw Zaw
Read More » -
Apr- 2024 -19 Aprilသတင်း
KIA သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာအနီးတဝိုက် စစ်တပ်ကဗုံးကြဲတိုက်ခိုက်
ကချင်လွတ်လပ်ရေးတပ်တော် KIA သိမ်းပိုက်ထားပြီဲဖြစ်တဲ့ ဖားကန်လမ်း၊ နန့်ယားကျေးရွာမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားတာတွေမရှိပေမယ့် ကျေးရွာနဲ့ ထိစပ်တဲ့နေရာတွေမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်တပ်က နန့်ယားကျေးရွာနဲ့ ၇ မိုင်အကွာမှာရှိတဲ့ ဆွတ်ကြိုင်မှော်(Sut Chyai Maw) ဘက်ကို ဧပြီလ ၁၉ ရက် ဒီနေ့ မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်လောက် Y – 12 လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ နန့်ယားဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုဗုံးလာကြဲသွားတဲ့ နေရာက ခါချင်မှော်လို့လည်းခေါ်သလို ဆွတ်ကြိုင်မှော်လို့လည်းခေါ်ကြတယ်။ အဲဒီတဝိုက်ကို လာပစ်သွားတာ။ ဒီကနေ နည်းနည်းတော့လှမ်းတယ်။ သူက နန့်ယားကျေးရွာနယ် နိမိတ်ပတ်ပတ်လည်လို့ပြောလို့ရမယ်။ ၉ နာရီခွဲလောက်မှာ လာပစ်ပြီး ပြန်ခေါက်သွားပြီ”လို့ပြောပါတယ်။ Y – 12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ စစ်တပ်ဘက်ကနေ အကြောင်းမဲ့ပြည်သူလူထုကို ပစ်မှတ်ထားပြီး လာရောက်ပစ်ခတ်သွားတာဖြစ်နိုင်တယ်လို့ သူက ဆက်ဆိုပါတယ်။ ခုလို တိုက်ပွဲနယ်မြေမဟုတ်နေရာဘက်ကို ဗုံးကြဲတိုက်ခိုက်သွားတဲ့အပေါ်မှာ နန့်ယားစစ်တပ်စခန်းကို KIA က သိမ်းပိုက်ထားတာကြောင့် ပြန်လည်တုန့်ပြန် တိုက်ခိုက်နေတာဖြစ်တယ်လို့ နန့်ယားဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “နန့်ယားတပ်စခန်းကို KIA သိမ်းလိုက်ပြီးကတည်းက ငြိမ်နေတာ သုံး၊ လေးရက်လောက်ရှိလာပြီ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဒါပေမယ့် အခုလို လာပစ်နေတာက နန့်ယားတပ်စခန်းကို သိမ်းလိုက်လို့ အဲဒီတဝိုက်မှာ KIA တွေရှိနိုင်တယ်ဆိုပြီး လာပစ်တယ်လို့ပဲ အားလုံးလည်း အဲလိုထင်ကြတယ်။ ပြီးရင် နေ့လည်းလာပစ်တာမျိုးတော့မဟုတ်ဘူး။ စခန်းသိမ်းပြီးကတည်းက ၂ ကြိမ်ရှိပြီလာပစ်တာ”လို့ပြောပါတယ်။ စစ်တပ်ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတဲ့ နေရာဘက်မှာ ထိခိုက်ပျက်စီးမှုရှိမရှိ အသေးစိတ်စုံစမ်းနေဆဲဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ နန့်ယားတိုက်ပွဲမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ ခုခံတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ၂၅ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ နန့်ယားဒေသခံတွေက ပြောပါတယ်။ နန့်ယားကျေးရွာမှာ ၁၀ စုနှစ်တစ်ခုအကြာ စစ်တပ်ဂိတ်အပါ စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၁၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီး လက်ရှိမှာ နန့်ယားကျေးရွာကို KIA က အုပ်ချုပ်ရေးစနစ်နဲ့ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ မြစ်ကြီးနား ဘက်ကနေ တက်လာတဲ့ ဖားကန့်လမ်းပေါ်မှာ နန့်ယားတပ်စခန်းနဲ့ နမ်တိန့် တပ်စခန်း ၂ ခုကို KIA က သိမ်းပိုက်ထားပြီ လက်ရှိမှာ ကားမိုင်းဗျူဟာကုန်းနဲ့ ဖားကန့်မြို့အဝင်ပေါက်နားက ယမ်းတပ်စခန်း ၂ ခုသာ ကျန်ရှိနေတာလည်းဖြစ်ပါတယ်။ By –…
Read More » -
18 Aprilသတင်း
နန့်ယားမှာ ချိတ်ပိတ်ထားတဲ့နေအိမ်တွေပြန်လည်ဖြေလျော့
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှာမူးယစ်ဆေးဝါးရောင်းမှုကြောင့် ချိတ်ပိတ်ခံထားရတဲ့ နေအိမ်တွေကို ပြန်ဖြေလျော့လိုက်ပြီလို့ နန့်ယားရပ်မိရပ်ဖတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDFပူးပေါင်းတပ်တွေ နန့်ယားကျေးရွာကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နန့်ယားကျေးရွာထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့နေအိမ်တွေကို ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။ ချိတ်ပိတ်ထားတဲ့နေအိမ်တွေကို ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းကနေစပြီးပြန်ဖြေလျော့ပေးလိုက်ပြီဖြစ်တယ်လို့ နန့်ယားကျေးရွာထဲကရပ်မိရပ်ဖတစ်ဦးက KNG ကိုပြောပါတယ်။ “ကျနော်တို့ဒီချိတ်ပိတ်တယ်ဆိုတဲ့ဟာက ပထမလတ်တလောမှာတော့ဟုတ်ပါတယ် ချိတ်ပိတ်လိုက်တယ်။ ဒါပေမယ့်လို့အခုအုပ်ချုပ်ရေးလိုင်းကနေပြီးမှပြန်ဝင်လာတဲ့အခါမှာတော့ ဒီမူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားတဲ့ဥစ္စာတွေကတော့ သူတို့ရဲ့မိဘတွေကလုပ်တယ်ဆိုရင် သားသမီးတွေက သူ့အိမ်လေးနဲ့သူလာနေပါစေ ယောင်္ကျားဖြစ်သူကလုပ်တယ်ဆိုရင် မိန်းမတွေကလာနေပါစေဆိုပြီး အကုန်လုံးကိုပြန်ဝင်ခွင့်ပေးထားပါတယ်”လို့ ပြောပါတယ်။ KIA အနေနဲ့ နန့်ယားကျေးရွာထဲမှာရှိတဲ့ နေအိမ်ဆယ်လုံးခန့်ကို မူးယစ်ဆေးဝါးရှောင်းဝယ်ဖောက်ကားမှုနဲ့ ချိတ်ပိတ်ခဲ့တာဖြစ်ပြီး နေအိမ်ချိတ်ပိတ်တာကိုဖြေလျော့လိုက်ပေမယ့်…
Read More » -
15 Aprilသတင်း
နန့်ယားတိုက်ပွဲမှာ နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ
မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန်ယားစခန်းသိမ်းတိုက်ပွဲမှာ နေအိမ်ထိခိုက်ပျက်စီးခဲ့တဲ့ဒေသခံပြည်သူအတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။ နန့်ယားမှာ ဧပြီလ ၉ ရက်နေ့မှစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAပူးပေါင်တပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲ ၃ ရက်အတွင်း ဒေသခံပြည်သူတွေရဲ့နေအိမ်တွေမှာ လက်နက်ကြီးကျည်ထိမှန်တာအပြင် စစ်တပ်ကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် ၂၅ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ပြီး ကူညီထောက်ပံ့တာတွေလိုအပ်နေတယ်လို့ နန့်ယားမှာနေထိုင်တဲ့ပြည်သူတစ်ဦးက ပြောပါတယ်။ “ခုဒီမှာက တစ်ချို့ကဝင်တာတော့ဝင်နေကြပြီ အားလုံးတော့မဝင်သေးဘူး။ ဝင်လို့ရပေမယ့် တစ်ချို့အိမ်တွေလုံးဝယူလို့မရတော့တဲ့အခြေနေဆိုတော့ ဖြစ်နေကြတယ် ယာယီနေဖို့တဲလေးတွေဆောက်ဖို့လုပ်နေကြတာတော့ရှိတယ်”လို့ ပြောပါတယ်။ နန့်ယား ခလရ ၁၂၀ တပ်ကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၁၀ ရက်နေ့သိမ်းယူထားနိုင်ပြီး လက်ရှိချိန်မှာတော့ ဒေသခံပြည်သူတစ်ချို့ရွာထဲကို ပြန်ပြီးဝင်ရောက်နေထိုင်နေကြပြီဖြစ်ပါတယ်။သို့ပေမယ့် နေအိမ်အများပိုင်းမှာ နေထိုင်လို့မရတော့တဲ့အခြေနေထိ မီးလောင်ပျက်စီးခဲ့တာကြောင့် နေထိုင်ဖို့အခက်ခဲကြုံတွေ့နေကြရတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် မီးလောင်ပျက်စီးသွားတဲ့ထဲမှာ ဘာသာရေးအဆောက်အဦးတစ်ချို့နဲ့ စာသင်ကျောင်းအပြင် စျေးဆိုင်တစ်ချို့လည်းပါဝင်ပြီး လက်ရှိကုန်စျေးနှုန်းမြင့်တက်နေတဲ့ကာလမှာပြန်လည်ထူထောင်ရေးလုပ်ဖို့ ခက်ခဲမှုတွေရှိနေတယ်လို့ သိရပါတယ်။ “ဘုရားကျောင်းတွေမှာထိမှန်ထားတာလည်းရှိတယ် ပြီးတော့ ကုန်စုံဆိုင်တွေလည်းထိထားတာရှိတယ် ခုချိန်ဖားကန့်မှာက ကုန်စျေးနှုန်းကြီးတာနဲ့ဆို ပြန်လည်ထူထောင်ရေးတော့လွယ်တော့မလွယ်လောက်သေးဘူး”လို့ နန့်ယားမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။ နန့်ယားကျေးရွာဟာ မြစ်ကြီးနား– ဖားကန့်သွားလမ်းမပေါ်မှာရှိပြီး စစ်ဆေးရေးတင်းကြပ်ဆုံးဂိတ်ရှိတာကြောင့် နန့်ယားဒေသခံတွေအပါအဝင် ခရီးသွားပြည်သူတွေဟာ မကြာခနစစ်ဆေးဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။ ဒါပမေယ့် လက်ရှိစစ်တပ်ဂိတ်မရှိတော့တာကြောင့် ဒေသခံပြည်သူများသွားရေးလာရေးမှာအခက်ခဲမရှိတော့ဘူးလို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်ဆန်းပိုင်းအတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေ ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ ဗျူဟာမြှောက်တပ်စခန်းနေရာတွေကို ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နန့်ယား၊ နမ်တိန့်၊ ဝှေခါ၊ တာမခံ၊ ကသိုဏ်းတောင်နဲ့ နမ်မှော်စတဲ့ တပ်စခန်းတွေကို ၄ လအတွင်းမှာ သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ နေအိမ်ပေါင်း ၂၈၃,၇၄၆ လုံးမီးရှို့ဖျက်ဆီးခံထားရတယ်လို့ Data for Myanmar ကမနေ့ကထုတ်ပြန်ထားပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ၁၀၀၀ အောက်ထိကျဆင်းသွားခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနေ တဖြေးဖြေး ပြန်ပြီးမြင့်တက်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လအတွင်း နေအိမ်ပေါင်း ၂,၈၃၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး စစ်ကိုင်းတိုင်းထဲ ၁,၈၅၁ လုံးနဲ့ မန္တလေးတိုင်းထဲက ၆၂၈ လုံးအများဆုံးပါဝင်သလို ကချင်အပါအဝင် ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာလည်းနေအိမ်မီးရှို့ခံရတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။ By – ဇမီ
Read More » -
11 Aprilသတင်း
နန့်ယားစခန်းသိမ်းတိုက်ပွဲ အရာရှိတစ်ချို့နဲ့အင်အား ၃၀ ခန့်အလံဖြူထောင်လက်နက်ချ
ဖားကန့်မြို့နယ် နန့်ယား(Namya) စခန်းသိမ်းတိုက်ပွဲ ၃ ရက်နေ့မြောက်မှာ စစ်တပ်ဘက်ကအလံဖြူထောင်လက်နက်ချခဲ့ပြီး အရာရှိတစ်ချို့ပါအဝင် အင်အား ၃၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းစတင်ဝင်ရောက်တိုက်ခိုက်ခဲ့နေတဲ့ နန့်ယားစစ်တပ်စခန်းက စစ်တပ်သားတွေဟာ ဧပြီလ ၁၁ ရက်နေ့ ဒီနေ့မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ အလံဖြူထောင်လက်နက်ချခဲ့တာကြောင့် KIA ကအပြီးသတ်သိမ်းပိုက်ထားပြီလို့ KIA နဲ့ နီးစပ်တဲ့ နန့်ယားဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ဒီမနက် ၇ နာရီလောက်မှာ စစ်သားအယောက် ၃၀ လောက်က အလံဖြူထောင်ပြီးထွက်လာကြတယ် အားလုံးကို KIA ခေါ်သွားပြီ။ တပ်ထဲကိုပြန်ဖို့လည်း မပြန်ရဲဘူးလို့ပြောတယ်တဲ့။ KIA ကအမြန်ထွက်လာဖို့ တပ်ဆုတ်ပေးဖို့ ပြောနေတဲ့ကြားက သူတို့က အထက်အမိန့်နဲ့ ပစ်ရမယ်လို့ပြောလို့ ပစ်ကြတယ်လို့ကြားတယ်”လို့ပြောပါတယ်။ နန့်ယားစစ်ကောင်စီတပ်သားတွေ အလံဖြူထောင်လက်နက်ချအပြီးမှာပဲ KIA က တပ်တွင်းရှိ စစ်လက်နက်၊ ခဲယမ်းတွေကို ကားနဲ့သယ်ယူနေကြပြီလို့ ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ နန့်ယားတပ်စခန်းမှာ ပြည်သူ့စစ်အပါစစ်အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့တပ်စခန်းဖြစ်ပြီး တပ်စခန်းထဲက ယမ်းဂိုဒေါင်ဖောက်ခွဲခံရချိန်ပြည်သူ့စစ်ဘက်ကသေဆုံးမှုများတယ်လို့ ဆိုပါတယ်။ စစ်အင်အား ၁၀၀ လောက်ရှိတဲ့ထဲကနေအရာခံဗိုလ်၊ တပ်ကြပ်ကြီးအပါ တပ်သား စုစုပေါင်း ၃၀ လောက်က KIA ဆီ လက်နက်ချအညံ့ခံခဲ့တာဖြစ်ပြီး တစ်ချို့က ထွက်ပြေးလွတ်မြောက်သွားသလို တိုက်ပွဲမှာသေဆုံးသွားတာရှိတယ်လို့လည်း သိရပါတယ်။ နန့်ယားစခန်းသိမ်းတိုက်ပွဲမှာ KIA ဘက်က ၇ ယောက်ခန့်ကျဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေလည်းပါတယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ KIA တပ်တွေဟာ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်း နန့်ယားတပ်စခန်းထဲအထိဝင်ရောက်နေရာယူနိုင်ခဲ့ပေမယ့် ကုန်းထစ်ပေါ်မှာရှိတဲ့စခန်းထဲမှာရှိသူတွေဟာ လက်နက်မချဘဲကျန်ရှိနေသေးတာကြောင့် မနေ့ညအထိ ၂ ဖက်တပ်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ နန့်ယားတပ်စခန်းဟာ မြစ်ကြီးနား၊ မိုးကောင်းဘက်ကနေဝင်ပြီး ဖားကန့်ကိုသွားတဲ့လမ်းမပေါ်မှာတည်ရှိပြီး ဖားကန့်ကိုတက်တဲ့ ခရီးသည်၊ ကုန်တင်ကား တစ်ခုချင်းစီစစ်ဆေးတာတွေ၊ ၁၀ စုနှစ်တစ်ခုအကြာ မူးယစ်ဆေးဝါးတွေရောင်ချပေးပြီး ငွေကြေးရှာပေးနေတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်တယ်လို့ နန့်ယားဒေသခံအမျိုးသားက ဆက်ဆိုပါတယ်။ “ဒီဖားကန့် လမ်းပေါ်မှာက နန့်ယားနဲ့ နမ်တိန့်က အရမ်းအရေးကြီးတဲ့ စစ်တပ်စခန်းတွေဖြစ်တယ်။ ပြောရရင်ပိုက်ဆံရှာပေးနေတဲ့ နေရာပေါ့။ အဲဒီနန့်ယားတပ်စခန်းကပဲ ‘ယာမ၊ ဖိုး’တွေရောင်းချပေးတာဖြစ်တယ်။ အခုအဲဒါတွေလည်းမရှိတော့ဘူး။ နောက်ပြီးရင် အဲဒီတပ်စခန်းမှာပဲ ဒေသခံတွေသွားလာရင်း သတ်ဖြတ်ခံရတာ ၅ ယောက်လောက်ရှိပြီ။ ဒါကြောင့်လဲ KIA ကအမြန်ရှင်းလိုက်တာဖြစ်တယ်”လို့ပြောပါတယ်။ ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရ နန့်ယားတပ်စခန်းဟာ ‘ဘိန်းဖြူ၊ ရာမ’မူးယစ်ဆေးဝါးတွေကိုထားရှိပြီး ဖားကန့်ဒေသတဝိုက်ကို အဓိက ဖြန့်ဖြူးရောင်းချပေးနေတဲ့နေရာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ နန့်ယားတပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၁၁ – ၂၀၁၂ ခုနှစ်လောက်မှာ နန့်ယားဒေသခံတစ်ချိုကို ပြည်သူ့စစ်ဖွဲ့စည်းပေးလိုက်ပြီး နန့်ယားပြည်သူ့စစ်အဖြစ်တည်ရှိနေရာကနေ စစ်တပ်စခန်းအဖြစ်တပ်ချနေထိုင်ထားတဲ့ တပ်စခန်းအကြီးလည်းဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ၂ ရက်အတွင်းမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ နန့်ယားကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်…
Read More » -
10 Aprilသတင်း
နန့်ယားတိုက်ပွဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေမီးလောင်နေပြီး တိုက်ပွဲပြင်းထန်နေဆဲ
ဖားကန့်လမ်း နန့်ယားကျေးရွာ (Namya Mare)မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကနေ လေကြောင်းနဲ့ ခုခံတိုက်ခိုက်နေတာကြောင့် ကျေးရွာအတွင်း လူနေအိမ်တွေမီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေက ဧပြီလ ၁၀ ရက်နေ့ ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့…
Read More » -
9 Aprilတိုက်ပွဲ
နန့်ယားမှာတိုက်ပွဲပြင်းထန်နေပြီး တပ်ဆုတ်ဖို့ KIA သတိပေး
ဖားကန့်သွားလမ်းမပေါ် နန့်ယားကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား ဧပြီလ ၉ ရက်နေ့ ဒီနေ့ ညနေပိုင်း ၃ နာရီအထိတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး တပ်ဆုတ်ဖို့ KIA ဘက်က သတိပေးထားတယ်လို့ သိရပါတယ်။ နန့်ယာားစစ်ကောင်စီတပ်စခန်းကို…
Read More » -
Feb- 2024 -13 Februaryသတင်း
ဖားကန့်လမ်းပိုင်းမှာ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိတယ်လို့ ပြော
ကချင်လွတ်လပ်ရေးတပ်မတော် KIA သွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် ကားလမ်းပိုင်းကို ဒီကနေ့ ပြန်ဖွင့်ပေးလိုက်ပြီး ကားလမ်းပိုင်းမှာ အမျိုသားတစ်ယောက် သေဆုံးနေတဲ့ ရုပ်အလောင်းလည်း တွေ့ရှိရတယ်လို့ ဖားကန့် ဒေသခံတွေဆီးက သိရပါတယ်။ “အလောင်းကဦးနောက်တွေပွင့်ထွက်နေတယ်ပြောတယ်။ အမျိုးသားတဲ့ အသက်က ၃၀ ဝန်းကျင်…
Read More » -
Aug- 2023 -25 Augustသတင်း
နန့်ယားမှာ ပြည်သူတစ်ထောင်ကျော် ပိတ်မိနေ
စစ်ရေးတင်းမာနေတဲ့ ဖားကန့်လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ ၂ ဖက်စလုံး သွားလာရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတာ ၃ ရက်လောက်ကြာမြင့်လာပြီဖြစ်တဲ့တွက် နန့်ယားကျေးရွာထဲက ယာဉ်ရပ်နားစခန်းနေရာမှာ ပြည်သူ ၁၅၀၀ လောက်က ပိတ်မိနေကြတယ်လို့ သိရပါတယ်။ ဖားကန့်လမ်းသွားလမ်းပေါ်မှာ…
Read More » -
25 Augustသတင်း
နန့်ယားဒေသခံအပါအဝင် ခရီးသည်နဲ့ကားသမား ၃၀ ကျော်ကို စစ်တပ်ကလူသားဒိုင်း အနေနဲ့ဖမ်းဆီးသွား
ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက မနေ့ည နန့်ယားရွာက ဒေသခံတွေအပါအဝင် ရွာမှာတည်းခိုနေတဲ့ ခရီးသည်၊ကားသမား စုစုပေါင်း ၃၀ ကျော်ကို လူသားဒိုင်းအနေနဲ့ဖမ်းဆီးသွားတယ်လို့ နန့်ယားဒေသခံတွေဆီကနေ သိရပါတယ်။ “မနေ့ည ၈ နာရီလောက်ကနေ ၁၁ လောက်အထိရွာထဲမှာ လိုက်ဖမ်းနေတာ။…
Read More »