နမ့်ထွမ်ချောင်း

  • Jul- 2025 -
    8 July
    သတင်း

    ပူတာအို နမ့်ထွမ်ချောင်းမှာ အမျိုးသမီးနှစ်ဦးရေနစ်သေဆုံး၊တစ်ဦးရုပ်အလောင်းပြန်တွေ့

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် နမ့်ထွမ်ချောင်းမှာအမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီး တစ်ဦးရုပ်အလောင်းပြန်တွေ့ကြောင်းဒေသခံများထံမှ သိရပါတယ်။ ရေနစ်သေဆုံးတဲ့ အမျိုးသမီးနှစ်ဦးဟာ ပူတာအိုမြို့နယ် နာမ်ထူခူးကျေးရွာထဲကဖြစ်ပြီး ဇူလိုင်လ  ၅ ရက်နေ့မွန်းလွဲပိုင်းမှာ အခင်းကနေ နေအိမ်ပြန်လာတဲ့လမ်းရှိ နမ့်ထွမ်ချောင်းဖြတ်ကူးစဥ် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ပြန်လာတာက သုံးယောက်တဲ့ယောက်ကျားလေးတစ်ယောက်နဲ့အဲ့မိန်းကလေးနှစ်ယောက်ပေါ့။ ယောက်ကျားလေးကရှေ့ကနေဦးဆောင်ပြီးချောင်းကူးတာ။ အဲ့မှာတွဲထားတဲ့လက်ကပြုတ်သွားတာရေစီးသန်တော့ လက်တွဲပြုတ်သွားတော့နှစ်ယောက်စလုံးရေနစ်သွားတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။ ရေနစ်သေဆုံးသွားတဲ့အမျိုးသမီးနှစ်ဦးက နာမ်ထူခူးရွာခံ အသက် ၅၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးတို့ဖြစ်ပြီး မြေအဖွားတော်စပ်သူတွေဖြစ်ကြောင်းသိရပါတယ်။ “အဖွားရဲ့ရုပ်အလောင်းကိုတော့ မနေ့က ပြန်တွေ့တယ်။ ရွာသားတွေရှာတော့ပြန်တွေ့တာကလေးမရဲ့ရုပ်အလောင်းကတော့ပြန်မတွေ့သေးဘူးပြောတယ်”လို့ ဖြစ်စဥ်သိတဲ့အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။ နာမ်ထူခူးကျေးရွာဟာ ပူတာအိုမြို့ရဲ့တောင်ဘက် မြို့နဲ့ ၁၀ မိုင်ကျော်အကွာမှာတည်ရှိတာဖြစ်ပါတယ်။ ပူတာအိုမှာပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းကနေ မိုးတွအဆက်မပြတ်ရွာသွန်းနေတာကြောင့် လက်ရှိနမ့်ထွမ်ချောင်းရေကြီးရေလျှံနေတဲ့အပြင် နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံပါရေကြီးမှုကြောင့်စက်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ နာမ့်ထွမ်ချောင်းရေကြီးပြီး ရေအားလျှပ်စစ် စက်ရုံစက်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုဖြစ်သွားတာကြောင့် ပူတာအိုမှာ တစ်ပတ်ကျော်ကြာ လျှပ်စစ်မီးတွေပြတ်တောက်နေတာ ဖြစ်ပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က အမျိုးသမီးနှစ်ဦးရေနစ်မြှပ်မှုဖြစ်သွားတဲ့ နာမ့်ထွမ်ချောင်းမှာ ၂၀၂၄ ခုနှစ်တုန်းကလည်း ပူတာအိုအထက်တန်းကျောင်းက ကျောင်းသားတစ်ဦးရေနစ်သေဆုံးမှုဖြစ်ခဲ့တဲ့ချောင်းလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • May- 2023 -
    4 May
    သတင်း

    ပြည်သူ့စစ်ခေါင်းဆောင်၏ မြို့တွင်း သဲကျောက်တူးသည့် လုပ်ငန်းကြောင့် အများပြည်သူသုံး ချောင်းရေပျက်စီးနေ

    ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြည်သူ့စစ်ခေါင်းဆောင် တန်ဂူးတန်သည် မြို့တွင်း၌ စီးဆင်းနေသည့် နမ့်ထွမ်ချောင်းထဲမှ သဲကျောက်များ တူးယူနေမှုကြောင့် ပူတာအိုမြို့ခံများအသုံးပြုနေသည့် အများပြည်သူသုံးချောင်းရေပျက်စီးမှု ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါချောင်းရေသည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နှင့် ကောင်ကထောင် ရပ်ကွက်ကြားရှိ ပူတာအိုမြို့တွင်းလမ်းမကြီးကို ဖြတ်သန်းစီးဆင်းနေသည့်…

    Read More »
Back to top button