သတင်း

ပြည်သူ့စစ်ခေါင်းဆောင်၏ မြို့တွင်း သဲကျောက်တူးသည့် လုပ်ငန်းကြောင့် အများပြည်သူသုံး ချောင်းရေပျက်စီးနေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြည်သူ့စစ်ခေါင်းဆောင် တန်ဂူးတန်သည် မြို့တွင်း၌ စီးဆင်းနေသည့် နမ့်ထွမ်ချောင်းထဲမှ သဲကျောက်များ တူးယူနေမှုကြောင့် ပူတာအိုမြို့ခံများအသုံးပြုနေသည့် အများပြည်သူသုံးချောင်းရေပျက်စီးမှု ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါချောင်းရေသည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နှင့် ကောင်ကထောင် ရပ်ကွက်ကြားရှိ ပူတာအိုမြို့တွင်းလမ်းမကြီးကို ဖြတ်သန်းစီးဆင်းနေသည့် ချောင်းဖြစ်ပြီးပြည်သူ့စစ်ခေါင်းဆောင်တန်ဂူးတန်သည် ပြီးခဲ့သည့် မတ်လ လဆန်းပိုင်းမှစကာ စတင်တူးယူနေကြောင်း ပူတာအိုမြို့ခံတစ်ဦးက KNG ကိုပြောသည်။

အဲ့ချောင်းထဲက သဲတွေ၊ကျောက်ခဲတွေကို တူးယူနေတာ ၂ လ ကျော်နေပြီဗျ။ လွန်ခဲ့တဲ့ ၃ လပိုင်းကတည်းက တူးနေတာ နေ့တိုင်းတူးတယ် ။ ဘတ်ဖိုး ၂ စီးတခါတလေ ၃စီးနဲ့တူးတယ်။ သဲတွေ ကျောက်တွေကိုတော့ ကားတွေနဲ့သယ်တာချောင်းထဲက သူတို့အဲ့လိုလုပ်နေတော့ ဒေသခံတွေက ချောင်းကိုသုံးလို့မရတော့ဘူးလေ။ အဲ့ချောင်းကပူတာအိုမြို့လယ်ခေါင် ကချောင်း အားလုံးက အသုံးပြုနေတာဟုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါနမ့်ထွမ်ချောင်းသည် ပူတာအိုမြို့လယ်ခေါင်မှဖြတ်သန်းစီးဆင်းနေသည့်ချောင်းဖြစ်ပြီး ချောင်းရေသန့်ရှင်းသောကြောင့် မြို့ပေါ်ရှိ လုံးစွတ်၊ ကောင်ကထောင်၊ လေယာဥ်ကွင်း၊ မြို့မ စသည့်ရပ်ကွက်များက ရေချိုး၊ အဝတ်လျှော်နဲ့ အခြားအိမ်အတွက်ဒေသခံများက ခပ်ယူအသုံးပြုနေသည့်ချောင်းလည်းဖြစ်ကြောင်းသိရသည်။

အခုလိုနွေရာသီပိုင်းမှာဆိုရင် ပူတော့အားလုံးက အဲ့ချောင်းမှာပဲရေချိုးကြတာ။ ပြီးတော့ အခုရာသီက ပူတာအိုမြို့ပေါ် အခြားရပ်ကွက်တေမှာ ရေသိပ်မရဘူးရေခမ်းတယ် အဲ့တော့ ဒီချောင်းက အိမ်မှာ ပန်းကန်ဆေးဘာဆေး၊ ရေချိုးကစ ဒီကနေ သုံးဘီး၊ ဆိုင်ကယ်တွေနဲ့ခပ်ပြီးသုံးကြတာ အခုသူတို့ သဲကျောက်တွေတူးနေတော့သုံးမရတာ နှစ်လ ကျော်လောက်ရှိနေပြီဟုပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

ပူတာအိုမြို့ပေါ် အမြင့်ပိုင်းတွင်ကျသည့် လေယာဥ်ကွင်း၊ ကောင်ကထောင် စသည့်ရပ်ကွက်များတွင် ယခုကာလ၌တွင်းရေများရေခမ်းလျက်ရှိပြီး ရေအသုံးများသည့် မိသားစုများနဲ့ စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူများသည် အဆိုပါချောင်းရေကိုအားထားနေရပြီး ယခုကဲ့သို့ သဲကျောက်တူးယူနေမှုကြောင့် အခက်အခဲဖြစ်နေကြောင်းလည်းသိရသည်။

ပြည်သူ့စစ်ခေါင်းဆောင် တန်ဂူးတန်သည် အဆိုပါချောင်းထဲမှ တူးယူသည့် သဲကျောက်များကို ယင်းချောင်းအနီးတွင်ရှိသည့် Pettro 7 ဆီပန့်ဆိုင်ဖွင့်ထားသည့် ၃ ဧက ခန့်ကျယ်သော အိမ်ဝင်းထဲတွင် မြေဖို့နေနေပြီး ဘတ်ဖိုးယာဥ်၊ လိုတာ ၊မြေသယ်ကား စက်ယန္တားကြီးများ အစီး ၂၀ ခန့်ဖြင့် လုပ်ငန်းလုပ်ဆောင်နေသည်မှာ မတ်လ ကတည်းက ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button