နမ့်ပေါင်လေတပ်

  • Dec- 2024 -
    4 December
    သတင်း

    နမ့်ပေါင်လေတပ်စခန်း လက်နက်ကြီးပစ်ခတ်ခံရ၊ စစ်တပ်ဘက်က တန်ပြန်ပစ်တဲ့ လက်နက်ကြီး မြို့သစ်ကြီးရပ်ကွက် တစ်လုံးကျပေါက်ကွဲ

    ကချင်ပြည််နယ် မြစ်ကြီနားမြို့ရှိ စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်း ဒီမနက် ၆ နာရီဝန်းကျင်မှာ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတယ်လို့ တပ်နဲ့နီးစပ်သူတွေပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးပစ်ခံရတယ်လို့ တပ်နဲ့နီးစပ်သူတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “မနက် ၆ နာရီလောက်ပစ်ခံရတာ ရှော့တိုက်ဒုံး ၈ လုံးပစ်ခံရတာ တစ်လုံးက ပြေးလမ်းထိတယ်လို့ ပြောတယ်။ ထိခိုက်မှုပျက်စီးမှုတော့ မသိရသေးဘူး။ ၁၀၇ မမနဲ့လို့ပြောတယ် သူတို့ပြောတာက ဗန်းမော်ကို လေကြောင်းမတက်နိုင်အောင် ဟန့်တားတာလို့ပြောကြတယ်”လို့ ပြောပါတယ်။ နမ့်ပေါင်လေတပ်စခန်း လက်နက်ကြီးပစ်ခံရပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မ.ပ.ခ) အမြောက်တပ်ထဲကနေ စန်းကား၊တာစခန့်ကျေးရွာဘက်ကို တန်ပြန်ပစ်ခတ်ရာ မနက် ၇ နာရီဝန်းကျင် မြို့သစ်ကြီးရပ်ကွက်ထဲ တစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်နေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “တစ်မနက်လုံးထုနေတာပဲကွာ အဲ့ဝိုင်းမော်စန်းကားဘက်ကိုထုနေတာ မနက် ၇ နာရီလောက်ကတော့ မြို့သစ်ကြီးထဲတစ်လုံးကျတယ် မိုးဖိုချောင်တစ်လုံးတော့ထိသွားတယ်တဲ့”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ စစ်ကောင်စီတပ်က ဝိုင်းမော်မြို့နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ စန်းကားကျေးရွာဘက်နဲ့တာစန့်ရွာဘက်ကို လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့ခံတွေရဲ့ပြောဆိုချက်အရ ဒီမနက်ပိုင်း ဝိုင်းမော်မြို့နယ် စန်းကားဘက်တိုက်ပွဲဖြစ်တာမရှိပေမယ့် လေတပ်စခန်းပစ်ခံရပြီးနောက် အခုလိုတန်ပြန်ပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ မြို့ခံတွေ သုံးသပ်နေကြပါတယ်။  စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာလည်း တစ်ကြိမ်၊ ၂၀၂၄ ခုနှစ် မတ်လမှာတစ်ကြိမ် ပစ်ခတ်ခံရတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးစတင်လာချိန်ကစပြီး နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စန်းကားကျေးရွာအုပ်စုဘက်ကို လုံခြုံရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် စန်းကားကျေးရွာပြည်သူအများပိုင်းကတော့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့နောက်ပိုင်းဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ လက်ရှိ စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တစ်ချို့မှာ စစ်ကောင်စီတပ် ဗျူဟာမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားပြီး ရွာအနီးတစ်ဝိုက် မကြာခနဆိုသလို KIA နဲ့ နှစ်ဖက်တပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းအဝင်ထွက်နေရာတွေမှာလည်း လုံခြုံရေးတင်းကြပ်ထားပြီး စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဒီမနက်ပိုင်းကစပြီး ဗန်းမော်မြို့နဲ့မံစီမြို့နယ်ရှိ စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။…

    Read More »
  • Oct- 2024 -
    4 October
    သတင်း

    စန်းကားရွာမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးကျပေါက်ကွဲ

    ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာဘက်ကို နမ့်ပေါင်လေတပ်စခန်း၊ အမြောက်တပ်ကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ရွာအတွင်းကျပေါက်ကွဲတာတွေရှိတယ်လို့ စန်းကားကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနေ့ညနေပိုင်း ၅ နာရီဝန်းကျင် စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်းနဲ့အမြောက်တပ်ဘက်ကနေ စန်းကားကျေးရွာအုပ်စု ဘန်ဘားရွာဘက်ကို လက်နက်ကြီးပစ်ခတ်ရာ စန်းကားရွာ ရပ်ကွက် ၃ မှာတစ်လုံးကျပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ရပ်ကွက် ၃ ဘက်ကျတယ်လို့ သိရတယ်။ သေဆုံးတာတော့ မရှိဘူး အမျိုးသမီးတစ်ယောက်တော့ လက်မောင်းမှာ နည်းနည်းဒဏ်ရာရတယ်လို့ဘဲ သိထားတယ်ဗျ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ကျည်အနည်းငယ်ထိမှန်ထားသူဟာ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာစိုးရိမ်စရာမလိုဘူးလို့ သူကဆက်ပြောပါတယ်။ စန်းကားကျေးရွာအုပ်စုဟာ  ကျေးရွာ၊ရပ်ကွက်ပေါင်း ၁၀ ခုရှိပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပါတယ်။ ဒါကြောင့် စစ်တပ်ဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် လတ်တလောမှာတော့ စန်းကားရွာရဲ့အောက်ဘက် ၇ မိုင်ဝေးတဲ့ ဘန်းဘားကျေးရွာမှာ စစ်တပ်နဲ့ KIA တပ်အကြား စစ်ရေးတင်းမာနေတာ ၂ လဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ တိုက်ပွဲနေရာဖြစ်တဲ့ ဘန်ဘားရွာဘက်ကို စစ်တပ်ဘက်က လေကြောင်းနဲ့ပစ်ခတ်တာတွေရှိနေတယ်လို့လည်းဒေသခံတွေ ပြောပါတယ်။ ဒါပေမယ့် လတ်တလော ဖုန်း၊အင်တာနက်လိုင်းအားလုံးပြတ်တောက်နေတာကြောင့် နှစ်ဖက်တပ်အကြား ထိခိုက်သေဆုံးမှုအခြေနေ အသေးစိတ်ကို သိရဖို့ခက်ခဲနေပါတယ်။ “ဟိုနေ့ကလည်း လေယာဉ်နဲ့လာပစ်တယ် ဒီတစ်လောတိုက်ပွဲဖြစ်နေတယ်။ အရင်လက ရပ်ကွက် ၇ အထိ KIA ဘက်ကလာထိုင်ထားတယ်။ ခုက ပြန်ဆုတ်သွားတဲ့သဘောထင်တယ် ရပ်ကွက်…

    Read More »
Back to top button