ဖားကန့်တွင် ကျောက်ယမ်းခွဲရာမှ မြေပြိုမှု ဖြစ် အမျိုးသားနှစ်ဦးသေဆုံးပြီးလေးဦး ဒဏ်ရာရ

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်နေရာ ကျောက်ယမ်းခွဲရာမှ မြေမြိုမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး မြေစာပိ သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ မတ် ၆ ရက်နေ့ နံနက် ၇နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး နမ့်မော်ရှိ ရတနာဆန်းရွှင် ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် ကျောက်ယမ်းခွဲရာမှ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် အမျိုးသားနှစ်ဦး သေဆုံးမြေစာပုံပိသေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဖြစ်စဉ်သိသူအမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ "ဘေးပတ်ပတ်လည်မှာ