နာဂကိုယ်ပိုင်ချုပ်ခွင့်
-
Feb- 2026 -3 Februaryသတင်း
နာဂဒေသ ကျဲသရောက်ရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်
စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ကိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့နယ်ခွဲထဲမှာ အိန္ဒိယစစ်တပ်ဘက်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်မှာ ပန်ဆောင်မြို့နဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ ကျဲသရောက်ကျေးရွာထဲက လယ်တဲတစ်ခုကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “Sunday နေ့မနက်အစေားကြီးသုံးနာရီမှာကြဲသွားတာ ရွာသားတွေက အိမ်ကနေအသံအကျယ်ကြီးတော့တချက်ကြားလိုက်တယ်တဲ့မနေ့ကသွားကြည့်ကြတော့ဗုံးသီးအစအနတွေတွေ့တာ။ တော်သေးတယ်လယ်တဲမှာပုံမှန်လူမအိပ်လို့ညစောင့်အိပ်တဲ့ချိန်သာကြဲရင်တော့သွားပြီ”လို့ သူကပြောပါတယ်။ အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ချိန် လယ်တဲထဲလူမရှိတဲ့အချိန်ဖြစ်တာကြောင့် လူသေဆုံးမှုမရှိပေမယ့် တဲမှာသိုလှောင်ထားတဲ့ စပါးတွေမိီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ အိန္ဒိယစစ်တပ်ဟာ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားဖြင်းမရှိပဲအခုလိုဗုံးကြဲသွားတာဖြစ်ကြောင်း ဒေသခံတွေကဆိုပါတယ်။ “ဒီဘက်ကဘာတိုက်ပွဲမှမရှိဘူးပြီးတော့ရွာနားမှာလဲ ဘာလက်နက်ကိုင်စခန်းမှမရှိဘူး သက်သက်လွတ်ကြီးကြဲသွားတာ”လို့အထက်မှာဖော်ပြခဲ့တဲ့အသက် ၃၀ ကျော်အရွယ်နန်းယွန်းမြို့ခံအမျိုးသားကဆက်ပြောပါတယ်။ လက်ရှိဒရုန်းဗုံးသီးကြဲခံရတဲ့ကျေးရွာဟာ အိန္ဒိယမြန်မာ – နယ်စပ် ဟိမဝန္တာတောင်တန်းရဲ့အရှေ့ဘက်မြန်မာဘက်ခြမ်းကျေးရွာတစ်ရွာဖြစ်ပြီး နာဂလက်နက်ကိုင်အဖွဲ့ NSCN-K(ယုန်းအောင်)ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ကျေးရွာဖြစ်ကြောင်းသိရပါတယ်။ ထို့အပြင်အထက်ဖော်ပြပါကျေးရွာဟာ ဖုန်းနဲ့အင်တာနက်လိုင်းတွေမရှိတဲ့ကျေးရွာလည်းဖြစ်ပါတယ်။ အိန္ဒိယစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ယခုဗုံးကြဲတဲ့ ကျဲသရောက်ကျေးရွာနဲ့ကပ်လျက်မှာရှိတဲ့ ဆုန်ပါကျေးရွာက လယ်ကွင်းတဲတစ်နေရာကိုလည်း ဗုံးကြဲတိုက်ခိုက်မှုလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အလားတူပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာလည်း လေရှီးမြို့နယ်အနောက်ခြမ်းရှိ ကမ်မော်လော်ရီကျေးရွာထဲက NSCN-K ယုန်းအောင်အဖွဲ့ထဲကအရာရှိတစ်ဦးရဲ့နေအိမ်ကိုဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးအထိသေဆုံးခဲ့ပါတယ်။ အိန္ဒိယစစ်တပ်ဟာ နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN-K အဖွဲ့ကို အကြမ်းဖွဲ့အဖြစ် အိန္ဒိယဗဟိုအစိုးရကကြေငြာပြီးနောက်ပိုင်းမှာပဲအခုလိုဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Oct- 2025 -7 Octoberသတင်း
လက်နက်ကိုင်တပ်တွေရဲ့တပ်သားသစ်စုဆောင်းမှုကြောင့် နာဂလူငယ်များ ဒေသတွင်းပိတ်မိနေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ လက်နက်ကိုင်တပ်တွေရဲ့ တပ်သားသစ်စုဆောင်းမှုခေါင်းစဉ်အောက် ပိတ်ဆို့ဖမ်းဆီးခံရမှုကြောင့် နာဂလူငယ်တွေ ဒေသတွင်းမှာပဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။ နာဂဒေသထဲဝင်ထွက်သွားလာနိုင်တဲ့ လမ်းကြောင်းနှစ်ခုထဲက ရှင်ဗွေယန်–တနိုင်းကားလမ်းပိုင်းမှာ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း Eastern Naga Defence Army…
Read More »

