ပန်ဝါ

  • Aug- 2024 -
    23 August
    သတင်း

    ချီဖွေနဲ့ ပန်ဝါဒေသမှာ  ပြည်သူ့စစ်အတင်းအဓမ္မစုဆောင်းနေတဲ့အတွက် နေထိုင်ဖို့အခက်အခဲဖြစ်နေ

    ကချင်ပြည်နယ် ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားသစ်အတင်းအဓမ္မစုဆောင်းနေတာကြောင့် ဒေသခံပြည်သူတွေ နေထိုင်မှုအခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကနေ ချီဖွေနဲ့ ပန်ဝါဒေသမှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ ကျေးရွာ၊ ရပ်ကွက်နဲ့ လုပ်ငန်းခွင်တွေမှာ တပ်သားလိုက်စုဆောင်းနေတယ်လို့ ချီဖွေဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “အခုချိန်မှာ ဒေသခံပြည်သူတွေက အပြင်လည်းထွက်လို့မရ ထွက်ပြီဆိုကတည်းက တပ်သားစုဆောင်းခံရမှာကြောက်ရ။ ဒေသမှာ နေထိုင်ဖို့တော်တော်လည်း ခက်ခဲနေကြတယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့ကြားမှာ ကုန်စျေးနှုန်းတွေက မဆမတန်တက် ငွေရှာရမယ့် နေရာကမရှိ။ သွားဖို့ လာဖို့ဆိုရင်လည်း တပ်သားစုဆောင်းခံရမှာကကြောက်ရနဲ့ သတ္ထုဆိုက်တွေလည်း ဖမ်းနေတယ်လို့ ဆိုတော့ တော်တော်ခက်ခဲနေကြတယ်”လို့ပြောပါတယ်။ ချီဖွေဒေသမှာ အရင်က ပြည်သူ့စစ်လုပ်ဖို့ တပ်သားစုဆောင်တာတွေပုံမှန်ရှိပေမယ့်  ဒီတစ်ကြိမ် တပ်သားစုဆောင်းတဲ့ ပုံစံဟာကျေးရွာဒေသအတွင်း သွားလာလှုပ်ရှားတဲ့ သူတွေ၊ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေတဲ့ သူတွေ၊ နေအိမ်မှာ ရှိနေတဲ့ သူတွေကို အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတယ်လို့ ပြောပါတယ်။ တပ်သားလိုက်လံစုဆောင်းတဲ့အခါမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ အတူ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေပူးပေါင်း ဖမ်းဆီးနေတယ်လို့ပြောပါတယ်။ အခုလို ပြည်သူ့စစ်လုပ်ဖို့ အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတာဟာ ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီဖြစ်ပြီး အသက် ၃၅ အထိရှိတဲ့ လူကြီး၊ လူငယ်မရွေးအကုန်လုံးကို ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ပန်ဝါဒေသမှာဆိုရင် ကချင်ပြည်နယ်အနှံ့က သတ္ထုလုပ်ငန်းလာရောက် လုပ်ကိုင်နေကြတဲ့ သူတွေအများဆုံးဖမ်းဆီးခံနေရပြီးတော့ ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ ဖမ်းဆီးခံရသူ ရာဂဏန်းရှိပြီလို့ ပန်ဝါဒေသမှာရောက်ရှိနေတဲ့ လူငယ်တစ်ဦးထံကနေ သိရတာလည်းဖြစ်ပါတယ်။ ပန်ဝါဒေသရဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းခွင်တစ်ချို့မှာက ချီဖွေမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ သူတွေကိုသာ ဖမ်းဆီးနေတယ်လို့လည်း ဆက်သိရပါတယ်။ ဒါ့အပြင် ချီဖွေမြို့ပေါ်မှာလည်း ပြည်သူ့စစ်အဖွဲ့တွေ တပ်သားစုဆောင်းသွားတဲ့ သူတွေ အယောက် ၁၀၀ ဝန်းကျင်လောက်ရှိပြီလို့လည်း ချီဖွေဒေသခံတွေပြောပါတယ်။ ချီဖွေနဲ့ ပန်ဝါဒေသမှာ အခုတစ်ကြိမ် ပြည်သူ့စစ်လုပ်ဖို့ တပ်သားစုဆောင်းနေဟာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေပြီဖြစ်လို့ ချီဖွေဒေသခံ တစ်ဦးကဆက်ပြောပါတယ်။ “ဒီဘက်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေက အာဏာသိမ်းစစ်တပ်နဲ့ တစ်ဖွဲ့တည်းပါပဲ။  နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ အထူးဒေသ(၁) ဆိုတော့ သူတို့ဖမ်းချင်သလိုဖမ်းနေကြတယ်။ ဒါဟာ စစ်တပ်ရဲ့ လက်ကိုင်တုတ်လုပ်ပေးဖို့ လုပ်ဆောင်နေကြတယ်လို့ပဲ မြင်ပါတယ်”လို့ဆက်ပြောပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်တပ်က စစ်မှုမထမ်းမနေရ မြန်မာတစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာလိုက်တဲ့နောက်ပိုင်း မန္တလေး၊ ရန်ကုန် အောက်ပိုင်းဒေသဘက်မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာနဲ့ ခေါ်ယူလုပ်ဆောင်းခိုင်းနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်မှာတော့ စစ်မှုထမ်းဖို့ တရားဝင်ဆင့်ခေါ်စာနဲ့  ပွင့်လင်းမြင်သာစွာ လုပ်ဆောင်လာတာဟာ ဒီကနေ့ အထိ မတွေ့ရသေးပေမယ့် ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေလက်အောက်မှာ စတင်ကျင့်သုံးနေပြီလို့ ချီဖွေဒေသခံတွေက ပြောပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 8 August
    သတင်း

    ချီဖွေနဲ့ပန်ဝါမှာ ပြည်သူ့စစ်အဖွဲ့  တပ်သားသစ် အပြင်းထန်စုဆောင်းနေ

    ချီဖွေမြို့နဲ့ ပန်ဝါမြို့မှာ စစ်ကောင်စီတပ်လက်အောက် ပြည်သူ့စစ်တပ်ဖွဲ့ တပ်သားစုဆောင်းတာတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ချီဖွေ၊ပန်ဝါဒေသ ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေသလို သတ္တုတူးဖော်တဲ့လုပ်ငန်းခွင်ထဲထိ လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး ဆက်တိုက်တပ်သားစုဆောင်းနေတယ်လို့ ချီဖွေဒေသခံတွေဆီကနေ သိရပါတယ်။ “ပြည်သူ့စစ်တွေ တပ်သားအရမ်းစုဆောင်းနေတယ်။ အခုချိန် လူငယ်တွေအပြင်မထွက်ရဲကြတော့ဘူး။ ပြည်သူ့စစ်တွေ သတ္တုဆိုက်အားလုံးမှာ လိုက်စုဆောင်းနေတာ။ ဟိုတစ်နေ့ကလည်း ချီဖွေကနေ ၆ မိုင်အကွာ သတ္တုဆိုဒ်တစ်ခုမှာ လူငယ် ၆ ယောက်ကို ဖမ်းသွားတယ်။ ပြီးတော့ ဖီမှော်နဲ့ ပန်ဝါသွားတဲ့လမ်းဆုံ ပြည်သူ့စစ်နဲ့စစ်တပ်ပေါင်းထိုင်တဲ့ဂိတ်မှာ ယောက်ျားလေး ၄ ယောက် ထပ်ပါသွားတယ်။ လမ်းမှာပိတ်ပြီးစုဆောင်းတယ်။ ပန်ဝါထဲမှာက အိမ်တိုင်ရာ တစ်အိမ်ဝင်တစ်အိမ်ထွက် စုဆောင်းတယ်ပြောတယ်။လို့ ချီဖွေဒေသခံ တစ်ဦးက ပြောပါတယ်။   ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကစပြီး ချီဖွေကနေ ၆ မိုင်အကွာမှာရှိတဲ့မြေရှားသတ္တုဆိုက်တစ်ခုမှ လူငယ် ၆ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားစုဆောင်းခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။ အဲဒီနေ့ တစ်ရက်တည်းမှာပဲ ချီဖွေကနေ ၄ မိုင်အကွာ ဖီမှော်နဲ့ ပန်ဝါသွားလမ်းဆုံဂိတ်မှာလည်း လူငယ် ၄ ဦးထပ်မံဖမ်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၅ ရက်နေ့ ပန်ဝါဒေသ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ငန်းခွင်တွေမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားသစ်လိုက်လံစုဆောင်းရာ လူငယ် ၂၀ ဦးထက်ဖမ်းခံသွားရတယ်လို့ ဆက်လက်သိရပါတယ်။ အဖက်ဖက်ကနေ စစ်အင်အားကျဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချိီဖွေဒေသကိုကာကွယ်ဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာ လူငယ်တွေကို ဖမ်းဆီးကာ စစ်အင်အားဖြည့်နေတာလို့ သိရပြီး ကချင်လူငယ်တွေကိုသာ အဓိကဖမ်းခေါ်တပ်သားစုဆောင်းနေတာလို့ ဒေသခံတွေဘက်ကပြောပါတယ်။ ဖမ်းဆီးစုထားတဲ့လူငယ်တွေကို မြစ်ကြီးနားဘက်ကို လိုင်းကားနဲ့ ဆက်တိုက်ပို့ဆောင်နေတယ်လို့ ချီဖွေဒေသခံကဆက်ပြောပါတယ်။  “စစ်ကောင်စီတပ်တွေ အရမ်းကျရှုံးလာလို့ သူတို့ဘက်ကို အင်အားဖြည့်ပေးဖို့အတွက် နဲ့ ရှေ့တန်းပို့ဖို့အတွက်ပဲလို့မြင်တယ်။ ပြီးတော့ ချီဖွေကနေ စုဆောင်းရထားတဲ့ လူငယ်တွေကို မြစ်ကြီးနားဘက်ကို ပို့နေတယ်။ လိုင်းကားကနေ ၁ ရက်ခြား ၂ ခြား နဲ့ တစ်စုစီပို့နေတယ်။ ဆိုတော့ စစ်ကောင်စီကို အင်အားဖြည့်ပေးနေတာကိုတွေ့ရတယ်။”လို့ ဆိုပါတယ်။  လက်ရှိ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာ မြို့နယ်အားလုံးနီးပါးမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပေမဲ့ မြစ်ကြီးနားမြို့ထဲက ရပ်ကွက်တချို့မှာတော့ MPT ဖုန်းလိုင်းရရှိတာဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာ ဆက်သွယ်ရေးလိုင်းအားလုံးပြတ်တောက်ထားပေမဲ့ ပူတာအိုနောင်မွန်မြို့နယ်မှာလည်း ဆက်သွယ်ရေးလိုင်း ရရှိသလို ချီဖွေမြို့နယ်မှာလည်း အက်တမ်(တယ်လီနော)ဖုန်းလိုင်းနဲ့  WIFI အင်တာနက်လိုင်းတစ်ချို့ ရနေတာဖြစ်ပါတယ်။  “ချီဖွေမှာက စစ်တပ်ထောက်တိုင်တွေများတယ်။ စီးပွားရေးလုပ်တဲ့သူတွေလည်း စစ်တပ်ခရိုနီတွေများတယ်။ ဒီဘက်က စီးပွားရေးလုပ်တဲ့သူအားလုံး စစ်တပ်နဲ့ပူးပေါင်းပြီးလုပ်ရတဲ့သူတွေချည်းဆိုတော့ သူတို့ ပြည်သူ့စစ်နဲ့ပူးပေါင်းတပ်ဖွဲ့ရှိတဲ့ဒေသကို ဖုန်းလိုင်းပေးထားတာလို့မှတ်ယူတယ်။ WIFI လိုင်း အင်တာနက်လည်းကောင်းကောင်းရတယ်။” ဒါ့အပြင် ဒီရက်ပိုင်း ချီဖွေမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ည ၁၀ နာရီနောက်ပိုင်း မြို့ထဲကို စစ်ကားတွေနဲ့ လှည့်ပြီး စျေးဝယ်တာတွေလုပ်နေတယ်လို့ ဆက်သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်အထက်ပိုင်း ဆဒုံး–ကန်ပိုင်တီ–ဆော့လော်တစ်ခုလုံးကို ထိန်းချူပ်ထားချိန် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ချီဖွေ၊ပန်ဝါဒေသမှာ ဩဂုတ်လ ၃ ရက်နေ့စပြီး တပ်သားသစ်စုဆောင်းနေတာလည်းဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Jun- 2024 -
    21 June
    သတင်း

    ပန်ဝါမြို့ မြေရှားသတ္တုတွင်းလုပ်ကွက် မြေပြိုမှုမှာ အလောင်း ၁၇ လောင်းတွေ့ရှိ

    ပန်ဝါမြို့ ကချင်အထူးဒေသ (၁) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း သားအဖတို့ရဲ့ မြေရှားသတ္တုတွင်းမြေပြိုမှုမှာ ပါသွားတဲ့ ကုမ္မဏီလုပ်သား ၁၇ ဦးရဲ့ လောင်းတွေ့ရှိထားပြီလို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်မြေပြိုကျခဲ့တဲ့ မြေရှားသတ္တုတွင်းမှာ ရှာဖွေရေးဆက်တိုက်လုပ်နေပြီး ဒီကနေ့ နေ့လည် ၁၂ နာရီအထိ အမျိုးသမီးတစ်ဦးအပါအဝင် လုပ်သား ၁၇ ဦးရဲ့ အလောင်းရှာဖွေတွေ့ရှိထားပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အမျိုးသမီးတစ်ယောက်ပါတယ် နာမည်က ဝါဝါအောင်ဆိုလား နေရပ်ကတော့အတိအကျမသိဘူး။ ကျန်တာကတော့ ယောင်္ကျားတွေဘဲ အညာဘက်က အလုပ်လာလုပ်တဲ့ ဗမာတိုင်းရင်သားတွေနဲ့ ကချင်ပြည်နယ်နမ္မတီးဘက်ကသူတွေ ပါတယ်လို့ ပြောတယ် ခုရှာတွေ့ထားတဲ့ထဲမှာ”လို့ ပြောပါတယ်။ လက်ရှိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ့ရှိထားတဲ့ထဲမှာ ဝါဝါအောင်ဆိုသူ အမျိုးသမီးရဲ့ ရုပ်အလောင်းလည်းပါရှိပြီး အမျိုးသားဖြစ်သူက  ဇွန်လ ၂၀ ရက်နေ့မှာ အရှင်လွတ်မြောက်လာခဲ့ပြီးတော့ လက်ရှိ…

    Read More »
  • 20 June
    သတင်း

    ပန်ဝါမှာ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး လူ ၅၀ ဝန်းကျင်ပျောက်ဆုံးနေ

    ပန်ဝါမြို့ ကချင်အထူးဒေသ (၁)ဥက္ကဌ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး ကုမ္မဏီလုပ်သား ၅၀ ဝန်းကျင်ပျောက်ဆုံးနေတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ မြေရှားသတ္တုတွင်းမြေပြိုတဲ့နေရာဟာ ပန်ဝါမြို့ကနေ ဆိုင်ကယ်နဲ့ ၁၅ မိနစ်ခန့်သွားရတဲ့ ပါထိုင်ဟော်ရွာ ပြည်သူ့စစ်သင်တန်းကျောင်းဘေးမှာဖြစ်ပြီး ဇွန်လ ၁၉ ရက်ည ၁၂ နာရီဝန်းကျင်မှာပြိုကျတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက  KNG ကိုခုလိုပြောပါတယ်။ “ဟုတ်တယ် လူ ၅၀ လောက်ပါသွားတယ်ပြောနေကြတယ် ထမင်းချက်တဲ့သူတွေရော အကုန်ပါတာတဲ့လောလောဆယ်ထိတော့ အခြေနေအသေးစိတ် ဘာကြောင့်ပြိုတာလဲဆိုတာတော့ မသိရသေးဘူး“လို့ပြောပါတယ်။ ဒေသခံတွေပြောချက်အရ ဇွန်လ ၁၉ ရက်ည ပြိုကျတဲ့ မြေရှားသတ္တုတွင်းဟာ ကချင်အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းနဲ့သားဖြစ်သူ ဇခုန်ယိန်းဆောင်တို့သားအဖရဲ့ လုပ်ကွက်အသစ်ဖြစ်တယ်လို့သိရပြီး ညနက်သန်းခေါင်မြေပြိုတာကြောင့် ကုမ္မဏီလုပ်ကွက်ထဲရှိနေတဲ့ ထမင်းချက်သူတွေအပါအဝင် လုပ်သားအားလုံးနီးပါး မြေပြိုကျသွားတဲ့ထဲမှာပါသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ လုံခြုံတင်းကြပ်ထားပြီး ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေတာကြောင့် သေဆုံးသူတွေရဲ့အမည်စာရင်း တိတိကျကျ သိရဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။ “ခုလောလောဆယ်က သိရသေးမှာမဟုတ် ဒီလုပ်ကွက်အားလုံးက သူတို့သားအဖတွေရဲ့လုပ်ကွက်ဘဲလေ ခုလောလောဆယ်ကရှာဖွေရေးလုပ်နေကြတာဆိုတော့ နောက် ၂ ရက် ၃ရက်လောက်မှ သိရမှာ”လို့ နောက်ထပ်ဒေသခံတစ်ဦး ကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာလည်း ပန်ဝါကနေ ၅ မိုင်ခန့်အကွာမှာရှိတဲ့ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်အမှတ် ၃ က  မြန်မာမျိုးကိုကိုကုမ္မဏီရဲ့လုပ်ကွက် မြေပြိုကျပြီး လုပ်သား ၂၀ ဝန်းကျင်သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိသလို ဒီတစ်ကြိမ်သေဆုံးမှုက အများဆုံးဖြစ်ပါတယ်။ ကမ္ဘာ့သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ စစ်ကောင်စီအောက် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ စိုးမိုးထားတဲ့ ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ မြေရှားသတ္တုတူးဖော်မှုဟာ ၂၀၂၁ ခုနှစ်ထက်  ၂၀၂၃ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ ဒီထဲမှာ သတ္တုတူးဖော်တဲ့ လုပ်ကွက် ဆိုက်ပေါင်း သုံးရာကျော်ရှိနေပြီး၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်ကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တုဟာ အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ဖိုး ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ အကောက်အခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ By – CJ

    Read More »
  • Apr- 2024 -
    20 April
    သတင်း

    ချီဖွေ၊ ပန်ဝါဘက်စစ်ကြောင်းထိုးလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား

    ဝိုင်းမော်မြို့ကနေ ချီဖွေ၊ပန်ဝါဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား မနေ့က တစ်ရက်ထဲတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ ဖက်တပ် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၁၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် စစ်ကောင်စီတပ်နဲ့ပြည်သူ့အဖွဲ့အင်အား ၁၀၀…

    Read More »
  • Mar- 2024 -
    2 March
    သတင်း

    ပန်ဝါမှာ လုံခြုံရေးအပြည့်နဲ့ စစ်တပ်ထာက်ခံပွဲကျင်းပ

    ကချင်ပြည်နယ် ပန်ဝါမြို့မှာ စစ်ကောင်စီတပ်တွေက  လုံခြုံရေးအပြည့်နဲ့ တပ်ထောက်ခံပွဲကျင်းပပြုလုပ်သွားတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ မတ်လ ၂ ရက်နေ့ ဒီနေ့ မနက် ၉ နာရီကနေ ၁၁ နာရီခွဲအထိ ပန်ဝါမြို့တွင်း အရပ်သားပြည်သူ အင်အား ၁၀၀၀…

    Read More »
  • Apr- 2022 -
    13 April
    သတင်း

    မြေရှားတူးဖော်ရေးအစီစဉ် ကန့်ကွက်သူကို ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးထား

    ကချင်ပြည်နယ် ချီဖွေမြို့နယ် ချန်းမော်ခုန်းဒေသ ထွန်းရှိန်ကျေးရွာတွင် မြေရှားသတ္ထု (Rare Earth) တူးဖော်ရန် ကန့်ကွက်သည့် ဒေသခံ ဆယ်အိမ်မှူး အမျိုးသားတစ်ဦးကို ဌာနယ်ပြည်သူ့စစ်အဖွဲ့က ဧပြီလ ၁၁ ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်တွင် လက်ထိပ်ခတ် ရိုက်နက်ကာ…

    Read More »
Back to top button