ပန်ဝါမြို့
-
Oct- 2024 -28 Octoberသတင်း
KIA သိမ်းပိုက်ထားတဲ့ ပန်ဝါဒေသမှာ နေအိမ်ဖောက်ထွင်းခံရတာတွေရှိနေ
ကချင်အထူးဒေသ (၁) ပန်ဝါမြို့ကို KIA သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ဒေသခံတွေရဲ့နေအိမ်တစ်ချို့ကို ဖောက်ထွင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လတ်တလော ပန်ဝါဒေသအတွက် KIO ဘက်က အုပ်ချုပ်ရေးလုပ်ငန်းတွေမစီမံရသေးသလို မြို့တွင်းမှာလည်း ရှေ့တန်း KIA တပ်သားနဲ့ PDF တပ်သားတွေသာရှိပြီး သူတို့တွေက ဒေသခံနေအိမ်တွေကိုဖောက်တာ၊ပစ္စည်းတွေကိုယူတာတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အခုက ဒီမှာက ကေအိုင်အေနဲ့PDF က တိုက်ထားတာနိုင်ထားတယ်။ ဒါပေမဲ့ နေရာတွေကအတည်တကျ မဖြစ်သေးဘူးလေ။ ပြောမယ်ဆိုရင် စစ်တပ်တစ်ခုကနိုင်ထားပြီဆိုရင် အဲ့ရှေ့ကတန်းကသူတွေပဲရှိနေသေး တယ်။ ပြောမယ်ဆို သူတို့ဘယ်လိုအုပ်ချုပ်မယ်ဆိုတာမစီမံသေးဘူးပေါ့။ စစ်သားတွေက ဒေသခံတွေဆီမှာ ဆိုင်ကယ်သွားငှားပြီးတော့ ပြန်မပို့ပေးတာတွေလုပ်ပေးတယ်။ အိမ်ကရှိပြီးလူမရှိရင် ပစ္စည်းတွေလိုက်ယူ အဲ့မျိုးတွေပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ကချင်အထူးဒေသ ၁ ပန်ဝါဒေသကို နယ်ခြားစောင့်တပ် BGF နဲ့ ပြည်သူ့စစ်လက်ထဲကနေ KIAပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကပဲအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ပန်ဝါမြို့မှာ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ပြင်ဆင်နေပြီး KIAတပ်ဖွဲ့ဝင်တွေဒေသခံနေအိမ်တွေဖောက်ထွင်းတဲ့ သတင်းတွေနဲ့ပတ်သက်လို့ အခုလိုတုံ့ပြန်ပါတယ်။ “ပစ္စည်းယူတာနဲ့ပတ်သက်လို့ကတော့ စစ်ကြောင်းတွေကို မနာလိုတဲ့အခါကျတော့ အပြစ်မြင်တာလည်း ရှိမှာ။ စစ်သည်တွေလည်းရှေ့တန်းသမားတွေဆိုတော့စားစရာ၊ သောက်စရာတွေယူစားသောက်စား တွေလည်း ရှိကောင်းရှိနိုင်တာပေါ့။ သိပ်ပြီးကြီးမားတဲ့ပြဿနာတွေ ရှိမယ်လို့တော့ကျနော်မထင်ပါဘူး။ ကျနော်တို့ခေါင်းဆောင်တွေ၊ လူကြီးပိုင်းတွေလည်းရှိတယ်။ သူတို့ရဲ့ စည်းကမ်းလိုက်နာမှုတွေကို ထိန်းထိန်း သိမ်းသိမ်းလုပ်နေတာ။ ဒါ့ကြောင့် ပြဿနာကြီးကြီးမားမားရှိမယ်လို့ ကျနော်မထင်ပါဘူး။လို့ ပြောပါတယ်။ လက်ရှိတော့ KIA သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း တရုတ်ဘက်က လျှပ်စစ်မီးတွေအားလုံး ဖြတ်တောက်ထားပြီး မြေရှားသတ္တုလုပ်ငန်းတွေလည်း အားလုံးရပ်နားထားရတယ်လို့သိရပါတယ်။ တစ်ဖက်မှာ အဆိုပါမြေရှားသတ္တုဆိုက်တွေမှာလာရောက်လုပ်ကိုင်တဲ့ အနယ်နယ်အရပ်ရပ်က အလုပ်သမား တွေလည်း နေရပ်ပြန်သွားတာတွေရှိပြီး ဒေသခံတစ်ချို့လည်း မြစ်ကြီးနားမြို့ဘက်ကယာယီတိမ်းရှောင်နေ ကြတယ်လို့ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ တရုတ်ဘက်ကကုန်ပစ္စည်းတွေကိုသာအားကိုနေရတဲ့ ဒေသခံတွေဟာ တရုတ်ဘက်ကလျှပ်စစ် မီးဖြတ်တာ၊ နယ်စပ်ကုန်စည်စီးဆင်းမှုတွေကို ပိတ်လိုက်တာတွေကြောင့် အဘက်ဘက်က အခက်အခဲတွေ ကြုံနေရတယ်လို့ပြောပါတယ်။ By – အမိုး
Read More » -
24 Octoberသတင်း
KIA သိမ်းပိုက်ထားတဲ့ပန်ဝါဒေသကို တရုတ်ကလျှပ်စစ်မီးဖြတ်တောက်၊ မြေရှားသတ္တုလုပ်ငန်းအားလုံး ရပ်နား
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့ကို တရုတ်အစိုးရက လျှပ်စစ်မီးအားလုံးဖြတ်တောက်လိုက်ပြီး မြေရှားသတ္တုလုပ်ငန်းအားလုံးရပ်တန့်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေဟာ ပန်ဝါမြို့မှာရှိတဲ့ ဗျူဟာကုန်၊ ပြည်သူ့စစ်စခန်း၊ စစ်တပ်စခန်းနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ပြီး မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပန်ဝါမြို့ကို ကေအိုင်အေသိမ်းပိုက်ပြီးတဲ့ နောက်နေ့ အောက်တိုဘာ ၁၉ ရက်နေ့မနက်ကစပြီးတော့ တရုတ် အစိုးရက ပန်ဝါမြို့ကိုပေးထားတဲ့ လျှပ်စစ်မီးတွေအားလုံးကိုဖြတ်တောက်လိုက်သလို နယ်စပ်ဂိတ်ကိုပါပိတ် လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။ “ပန်ဝါမှာ မီးတွေအကုန်ဖြတ်လိုက်ပြီ။ တရုတ်ပြည်ဘက်ကပေးတဲ့မီးတွေ။ ပန်ဝါမှာက တရုတ်ပြည်ဘက် ကပေးတဲ့မီးတွေပဲရှိတာ။ သတ္တုလုပ်ငန်းတွေကတော့ ကေအိုင်အေကပိတ်တာမဟုတ်ဘူး။ မီးဖြတ်လိုက် တော့ တရုတ်တွေလည်း ဘာမှလုပ်လို့မရတော့တာ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ KIA သိမ်းပိုက်လိုက်တဲ့ ကချင်အထူးဒေသ ၁ ပန်ဝါဒေသမှာ မြေရှားသတ္တုလုပ်ငန်းဆိုက်ပေါင်း ၃၀၀ ကျော်ရှိတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness အဖွဲ့က ထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာပန်ဝါနယ်စပ်ဂိတ်ကိုလည်းတရုတ်ဘက်ကပိတ်လိုက်တဲ့အတွက် စက်သုံးဆီဈေးနှုန်းတွေက လည်းမြှင့်တက်သွားပြီး ဒေသခံအများစုဟာလည်း မြစ်ကြီးနားမြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ဒေသခံ တွေကပြောပါတယ်။ “အခုကသတင်းတွေအမျိုးမျိုးထွက်နေတော့အကုန်စွန့်ခွာကုန်ပြီ။အဓိကကတော့ဒေသခံတွေက မြစ်ကြီးနား ဘက်ကိုအကုန်ပြေးကုန်ကြတယ်။ ကေအိုင်အေကတော့ ချီဖွေမှာစစ်ဆေးရေးတင်းကြပ်ထားတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ ပန်ဝါမြို့အတွင်းမြေရှားသတ္တုလုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်လူမျိုး လုပ်ငန်းရှင် အားလုံးဟာ လည်း တရုတ်နိုင်ငံထဲပြန်ဝင်သွားကြပြီလို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၀၂ နဲ့ ပန်ဝါမြို့တို့အပါအဝင် မြန်မာ–တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်မြို့ကို လုံခြုံရေးယူထားတဲ့ BGF ၁၀၀၃ တပ်ရင်းကိုပါ သိမ်းပိုက်ခဲ့ပြီး ကန်ပိုက်တည်မြို့နဲ့ BGF ၁၀၀၁ တပ်ရင်းရှိရာ ဖီမော်မြို့ကိုသာ သိမ်းပိုက်ဖို့ကျန်ရှိတော့တာ လည်းဖြစ်ပါတယ်။ တစ်ဖက်မှာ ဖီမော်၊ လဂွေ နဲ့ ကန့်ဖာဒေသတို့မှာတော့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် တပ်စခန်း ၈ ခုထက်မနည်းကျန်ရှိနေသေးပြီး KIA ဘက်က ထိုးစစ်ဆင်တိုက်ပွဲတွေဆက်လုပ်လာ နိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကသုံးသပ်နေကြပါတယ်။ ဒါ့အပြင် ပန်ဝါမြို့မသိမ်းပိုက်ခင် တရုတ်ဟာ KIA ကို ထိုးစစ်ရပ်ဖို့ဖိအားပေးခဲ့ပေမယ့် KIA ဘက်က ထိုးစစ်ရပ်တန့်ခြင်းမရှိဘဲ ပန်ဝါမြို့ကိုထပ်ပြီး သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ပန်ဝါမြို့ကို သိမ်းပိုက်လိုက်ပြီး နာရီပိုင်းအကြာမှာဘဲ တရုတ်နိုင်ငံဘက်က KIA ထိန်းချုပ်အောက်ရှိ နယ်စပ်ဂိတ်အားလုံး ပိတ်လိုက်ပြီဖြစ်ပါတယ်။ ပန်ဝါမြို့ဟာ မြစ်ကြီးနားမြို့နဲ့ မိုင် ၁၂၀ ဝန်းကျင်အကွာမှာရှိပြီး ကချင်အထူးဒေသ ၁…
Read More » -
22 Octoberသတင်း
ပန်ဝါမြို့ပြည်သူတွေ လေကြောင်းအန္တရယ်စိုးရိမ်တာကြောင့် မြို့စွန့်ခွာသူတွေများလာ
ပန်ဝါမြို့ပြည်သူတွေလေကြောင်းအန္တရာယ်ကို စိုးရိမ်လို့ မြို့ထဲကနေဆက်တိုက်စွန်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဒီနေ့အထိ တိုက်ပွဲငြိမ်သက်နေပြီဖြစ်ပေမဲ့ ပြည်သူတွေက လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် အားလုံးထွက်ခွာနေကြတယ်လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦး KNG ကို အခုလိုပြောပါတယ်။ “ပြည်သူအများပိုင်း ပြန်သွားကြပြီ နယ်ခံတွေလည်း တိမ်းရှောင်ကုန်ပြီ။ အခုကျမတို့တောင် ပြန်ဖို့အဆင်သင့် အဝတ်ထုတ်တွေသိမ်းပြီး ကားစောင့်နေတာ။ ကားတွေ လမ်းမှာအရမ်းခက်လို့ဆိုပြီး စောင့်နေတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူတွေက အကုန်ပြန်ကုန်ပြီ။ သုံးပုံ ၁ ပုံပဲရှိတော့တယ်။ ကျန်တဲ့သူတွေလည်း ရှောင်ဖို့ ထွက်ဖို့ အားဆုံးအဆင်သင့်စောင့်နေသူတွေပဲ။ အဓိကတော့ လေကြောင်းအန္တရာယ်ကြောင့်ပါ” လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပန်ဝါမြို့ ပြည်သူထောင်ချီဟာ မြို့တွင်းသေနတ်သံတွေ ဆူညံလာချိန် တရုတ်နယ်စပ်ခြံစည်းရိုးနားတစ်လျှောက် စုပြုံတိမ်းရှောင်ကြပေမယ့် တရုတ်ဘက်က ဝင်ခွင့်တားမြစ်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ပြည်သူအားလုံးနီးပါး ပန်ဝါကနေ ဝိုင်းမော်– မြစ်ကြီးနားဘက်ခြမ်းကို အဓိက ထွက်ခွာနေတယ်လို့ ဆိုပါတယ်။ “အားလုံးက လေကြောင်းရန်ကို အဓိကစိုးရိမ်လို့ဟုတ်တယ်။ အခြေအနေတည်ငြိမ်ရင် ပြန်လာကြမယ်ဆိုပြီး အားလုံးထွက်ခွာနေတာဟုတ်တယ်။ ဒီနေ့တောင် လေယာဉ်လာမလိုသတင်းတွေက ပျံ့နှံ့ပြီး ကျမတို့လည်း စိုးရိမ်ပြီးပဲ စောင့်နေကြတယ်။ စျေးဆိုင်းအားလုံးလည်း ပိတ် ပန်ဝါမြို့က မြို့ပျက်လိုပဲ တိတ်ဆိတ်နေတယ်။ တိုက်ပွဲသံတွေတော့ ငြိမ်သွားပေမဲ့ ဆက်လက်စိုးရိမ်ကြသေးတာပေါ့”လို့ ပန်ဝါဒေသခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။ ပန်ဝါဒေသခံတွေအပါအဝင် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေအားလုံး ကိုယ်ပိုင်ကား၊ဆိုင်ကယ်ရှိတဲ့သူတွေကတော့ မိမိယာဉ်တွေနဲ့ ထွက်ခွာနေပြီး ကားလမ်းပိုင်းကြပ်တဲ့အခက်အခဲတွေရှိနေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ပန်ဝါမြို့အလုံးစုံကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သိမ်းပိုက်လိုက်ပြီဖြစ်ပေမယ့် ပန်ဝါဒေသနဲ့တစ်ဆက်တည်း ဖီမော်၊ကမ်းဖန်နဲ့ နိုဇွန်ဘွမ်တပ်ရင်းကြီးတစ်ချို့ကျန်ရှိနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ အရှေ့ဘက်ခြမ်း သဘာ၀အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ပန်ဝါမြို့ဟာ ချီဖွေမြို့နဲ့မိုင် ၄၀ ဝန်းကျင်ရှိပြီး မြေရှားသတ္တုတူးဖော်မှုကြောင့် နာမည်ကျော်တဲ့အပြင် မြန်မာ–တရုတ်နယ်စပ် ကချင်အထူးဒေသ ၁ ဌာနချုပ်ရှိရာမြို့ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
20 Octoberသတင်းဆောင်းပါး
စိန်ခေါ်မှု များစွာရှိတဲ့ မြို့သိမ်းတိုက်ပွဲများ
နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF အုပ်ချုပ်မှုစနစ် အောက် တလှည့်စီ နေထိုင်ခဲ့တဲ့ တရုတ်နယ်စပ် ပန်ဝါမြို့ကို KIA တပ် အောက်တိုဘာလ ၁၈ ရက်ညမှာ သိမ်းပိုက်ခဲ့ပါတယ်။ ပန်ဝါမြို့ကို အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာကြောင့် ၄ နာရီဝန်းကျင်သာ ကြာမြင့်ခဲ့တယ်လို့ ပန်ဝါဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့…
Read More » -
19 Octoberသတင်း
ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးစီးကြောင်း KIO အတည်ပြု
ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိတဲ့ ပန်ဝါမြို့တစ်ခုလုံးကို KIA အပြီးသတ်ရှင်းလင်း သိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုလိုက်ပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၀ နာရီလောက် ပန်ဝါမြို့တွင်း နေရာအားလုံးကို ဝင်ရောက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဒီကမနေ့ ၆ နာရီနဲ့ ၈ နာရီကြားမှာ နေရာအားလုံးကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီလို့ကြားရတယ်။ ဒီအခြေအနေကို ကြားရသလောက်ဆို ရင်တော့ ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားပြီလို့ပြောလို့ရပါတယ်။ ဒါပေမယ့် အဆက်သွယ်အခက်အခဲကြောင့် အထဲက အခြေအနေကိုတော့ အသေးစိတ်သိဖို့ခက်နေသေးတယ်”လို့ပြောပါတယ်။ ပန်ဝါတိုက်ပွဲမှာ မနေ့က ၅ နာရီလောက်ကတည်းကနေ ပန်ဝါ စစ်ဗျူဟာကုန်းနေရာမှာ တိုက်ပွဲစတင်ပြင်းဖြစ်ပွားလာခဲ့တာဖြစ်ပြီး ၆ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၁၀ နာရီလောက်မှာ ဗျူဟာကုန်းကို အရင်ဆုံးသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ဗျူဟာကုန်း သိမ်းပိုက်မှုအပြီး KIA ပူးပေါင်းတပ်တွေဟာ ပန်ဝါမြို့တွင်းနေရာအားလုံးကို ထပ်မံသိမ်းပိုက်လိုက်ပြီးတော့ ၁၂ နာရီနောက်ပိုင်းမှာ လက်နက်သံတွေ ငြိမ်ကျသွားတယ်လို့ ပန်ဝါဒေသခံတွေကပြောပါတယ်။ ပန်ဝါမြို့မသိမ်းမှီ KIA ပူးပေါင်းတပ်တွေဟာ ချီဖွေနဲ့ ပန်ဝါကြားမှာရှိတဲ့ နယ်ခြားစောင့်တပ်ရင်းအကြီးတစ်ခုဖြစ်တဲ့ လုပီ(ဒေသခေါ်) ၁၀၀၂ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီးနောက် တစ်ပတ်ခန့်အကြာမှာ တပြိုင်နက် ပန်ဝါမြို့တစ်ခုလုံးကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ KIA တပ်တွေ ပန်ဝါမြို့သိမ်းတိုက်ပွဲ တစ်ပြိုင်နက် ဆင်းနွှဲခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။ “တိုက်ပွဲအခြေအနေက အထဲမှာ ဘယ်လို လုပ်ကြလဲတော့ သေချာမသိဘူး။ ပန်ဝါမြို့အနီးတဝိုက်မှာ KIA တွေရှိနေတာတော့ ကြာပြီ။ တစ်ဖက်မှာ ပြည်သူ့စစ်တွေကလည်း KIA တွေဝင်လာရင် ပြင်းပြင်းထန်ထန် တွန်းလှန်တော်လှန်ဖို့ ပြင်ဆင်ထားတာလည်း သိရှိရတာဖြစ်တယ်။ ဒီအခြေအနေတွေကိုလည်း သိထားပြီးသားဖြစ်တယ်။ ဒါကြောင့် စစ်ရေးခြေအနေပေါ်မူတည်ပြီးတော့ လုပ်ကြတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ တစ်ဖက်မှာ ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်လိုက်တာကြောင့် KIA နယ်မြေတစ်ကြော ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်အစိုးရဘက်ကနေ ပိတ်ဆို့လိုက်တယ်လို့လည်း သိရပါတယ်။ တရုတ် ရင်ဂျန်းအစိုးရကနေ ပန်ဝါမြို့တစ်ခုလုံးကို KIA ထိန်းချုပ်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ လမ်းတံတားတွေပြုပြင်ရမယ်လို့ ပြောဆိုပြီး နယ်စပ်ဂိတ်တွေကို ယာယီပိတ်ထားမယ့် အသိပေးထုတ်ပြန်ချက်တစ်စောင်ထုတ်လာတာ တွေ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ တရုတ်အစိုးရဘက်ကနေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘူးလို့ ဆက်ပြောပါတယ်။ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ လက်လွတ်လိုက်ရတဲ့အတွက် စစ်ကောင်စီတပ်ဟာ ညတွင်းချင်မှာပဲ KIO လိုင်ဇာမြို့အနီး ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လမိုင်ယန်ကျေးရွာက လင်မယားနှစ်ဦး ဗုံးကျမှန်ပေါက်ကွဲ သေဆုံးမှုရှိခဲ့ပါတယ်။ KIA တပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကနေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ချီဖွေ၊ ဆော့လော် မြို့နယ်တွေကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာ ပန်ဝါမြို့ကိုပါ ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
12 Octoberတိုက်ပွဲ
ပန်ဝါမြို့အနီး ၁၀၀၂ တပ်ရင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းနဲ့ထပ်မံပစ်ခတ်နေ
ပန်ဝါမြို့စောင့်တပ်ဖြစ်တဲ့ လောက်ပြေကျေးရွာ ၁၀၀၂ တပ်ရင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်ကနေ လေကြောင်းပစ်ခတ်မှု ပြန်စတင်နေပြီလို့ ဒေသခံတစ်ဦးပြောပါတယ်။ “Y12 တစ်စီး ပတ်ပြီးကြဲနေတာ တရုတ်နာရီ ၁၁ နာရီ ၅၀…
Read More » -
9 Octoberသတင်း
ပန်ဝါမြို့ပေါ်နဲ့ မြို့အနီး သတ္တုလုပ်ငန်းခွင်ထဲမှာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းပြီး ရှေ့တန်းပို့နေ
ကချင်အထူးဒေသ ၁ ဌာချုပ်တည်ရှိရာ ပန်ဝါမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ်၊ လူလတ်ပိုင်းတွေကို ပြည်သူ့စစ်တပ်က တပ်သားသစ်စုဆောင်းနေပြီး ရှေ့တန်းပို့နေတယ်လို့ ပန်ဝါဒေသခံတွေပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်မျက်နှာဟာ ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ပန်ဝါဘက်ကို ဦးတည်လာနေချိန် ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပန်ဝါမြို့ပေါ်တည်းခိုခန်း၊ စားသောက်ဆိုင်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ တပ်သားသစ် အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတယ်လို့ ပန်ဝါဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ပန်ဝါမြို့ထဲမှာ ဆိုင်ထိုင်လည်းမရ ဆိုင်ထိုင်လည်းလိုက်ဖမ်းတယ်။ တည်းခိုခန်းတွေမှာလည်း လိုက်ဖမ်းတယ်။ ပြီးတော့ သတ္တုဆိုက်တွေမှာလည်း လိုက်ဖမ်းတယ်။ ဘာသင်တန်းမှမပေးဘဲ ခုတိုက်ပွဲဖြစ်နေတဲ့ ၁၁ မိုင်ဘက်ကို ပို့နေတာ။ဘာသင်တန်းမှလည်း မပေးဘဲ အဲလိုလုပ်နေတယ်”လို့ ပြောပါတယ်။ ချီဖွေမြို့နဲ့ ပန်ဝါမြို့မှာ စစ်ကောင်စီတပ်လက်အောက် ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့ကိုလက်လွှတ်လိုက်ရတဲ့နောက် ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ တပ်သားသစ်စုဆောင်းမှုဟာ ပိုဆိုးရွားလာတယ်လို့ သူကဆက်ပြောပါတယ်။ လတ်တလော ပန်ဝါမြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်နဲ့မြို့ပေါ် ဖမ်းဆီးခံရတဲ့ လူဦးရေတွေဟာ ၂ ရက်အတွင်း ၅၀ ထက်မနည်းရှိနိုင်တယ်လို့သိရပြီး အသက် ၃၀ ဝန်းကျင်အများဆုံးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ချီဖွေ၊ပန်ဝါ၊ဆော့လော်ဘက်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မြစ်ကြီးနား– ချီဖွေ– ပန်ဝါ ကားလမ်းမတစ်လျှောက် လက်နက်ကိုင်နှစ်ဖွဲ့တပ်စလုံး သွားလာခွင့် ပိတ်ထားတာကြောင့် အခြေခံစားသောက်ကုန်ဝယ်ယူဖို့ခက်ခဲလာတယ်လို့ ပန်ဝါမြို့ခံပြည်သူတွေပြောပါတယ်။ ဒါကြောင့် သတ္တုလုပ်ငန်းခွင်တစ်ချို့ ရိက္ခာဝယ်ယူဖို့ခက်ခဲလာပြီး လုပ်ငန်းခွင်တစ်ချို့ ရပ်နားလိုက်ရတာရှိသလို တပ်သားစုဆောင်းမှုများလာတာကြောင့် အလုပ်လုပ်ကိုင်သူတွေ အဖက်ဖက်ကနေ ခက်ခဲလာနေတယ်လို့ သိရပါတယ်။ “ချီဖွေနဲ့ ပန်ဝါလမ်းမှာ ပြည်သူ့စစ်စောင့်ဘက်ကလည်း ဂိတ်တွေပိတ်ထားတယ်။ KIA ဘက်ကလည်း ပိတ်ထားတော့ ရိက္ခာတွေဝယ်ယူဖို့ခက်လာတယ်။ လောလောဆယ် မြို့နဲ့နီးတဲ့နေရာတွေကတော့ အများပိုင်းလုပ်နေသေးတယ်”လို့ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်အထက်ပိုင်း ဆဒုံး–ကန်ပိုင်တီ–ဆော့လော်တစ်ခုလုံးကို ပြီးခဲ့တဲ့ မေလအတွင်း ထိန်းချူပ်ထားလိုက်ပြီးနောက် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ချီဖွေ၊ပန်ဝါဒေသမှာ ဩဂုတ်လ ၃ ရက်နေ့စပြီး တပ်သားသစ်စတင်စုဆောင်းနေတာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ကစပြီး ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ချီဖွေမြို့နဲ့ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။ ချီဖွေ၊ဆော့လော်၊ပန်ဝါဒေသဟာ တရုတ်နယ်စပ်ဒေသမှာရှိပြီး မြေရှားသတ္တုအများဆုံးထုတ်ယူနေတဲ့ နေရာတွေဖြစ်ပါတယ်။ By – Zami
Read More » -
Jun- 2024 -5 Juneသတင်း
မြေရှားသတ္တုလုပ်ကွက်မြေပြိုမှုမှာ လုပ်သား ၁၂ ဦးဝန်းကျင်ပျောက်ဆုံးနေဆဲ
ပန်ဝါမြို့အနီးမှာရှိတဲ့ လုပ်ကွက်နံပါတ် အမှတ် ၃ မှာ မြေရှားသတ္တုကုမ္မဏီလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး တရုတ်နိုင်ငံသားတွေအပါအဝင် မြန်မာနိုင်ငံသား၂ ဦးရဲ့ရုပ်လောင်းရှာဖွေတွေ့ရှိထားပေမယ့် နောက်ထပ် ၁၂ ဦးခန့်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပန်ဝါဒေသခံတွေ ပြောပါတယ်။ ဒီဖြစ်စဉ်က ဇွန်လ ၄ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကနေ့ထိ ရှာဖွေရေးဆက်တိုက်လုပ်နေဆဲဖြစ်ပေမယ့် တရုတ်နိုင်ငံသားလုပ်ငန်းရှင် ၂ ဦးရဲ့ရုပ်အလောင်းနဲ့ မြန်မာပြည်သား ၂ ဦးရုပ်အလောင်းသာရှာတွေ့သေးတယ်လို့ သိရပါတယ်။ “ခုထိတော့ ၄ လောင်းဘဲရှာတွေ့သေးတယ်လို့ သိရတယ်။ အဲမှာတရုတ်နိုင်ငံသား ၂ ယောက်ရဲ့အလောင်းက တရုတ်ဘက်ပို့လိုက်ပြီလို့ကြားတယ် ရှာ ဖွေရေးက ဆက်လုပ်နေတုန်းဘဲ“လို့ ပန်ဝါဒေသခံတစ်ဦးက ပြောပါတယ်။ မြေပြိုကျလို့ သေဆုံးသွားတဲ့ထဲမှာ မြေရှားသတ္တုလုပ်ငန်းခွင်မှာအလုပ်လာရောက်လုပ်ကိုင်နေတဲ့ မြန်မာပြည်နေရာအနှံ့က အလုပ်လာရောက်လုပ်ကိုင်တဲ့ လုပ်သားတွေအပါအဝင် ဈေးရောင်းတဲ့ အမျိုးသမီးငယ်တစ်ချို့လည်းပါဝင်တယ်လို့ သိရပေမယ့် မည်သူမည်ဝါတွေဖြစ်တယ်ဆိုတာ ရှာဖွေရေးလုပ်နေဆဲမို့ တိတိကျကျပြောဖို့ခက်နေသေးတယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီမြေပြိုမှုဟာ မြေရှားသတ္တုလုပ်ငန်းခွင်ရဲ့အထက်မှာရှိတဲ့ ရေလှောင်ကန်ပြိုကျရာကနေ လုပ်ငန်းခွင်ထဲရောက်နေသူအားလုံးနီးပါး မြေပိသေဆုံးတာဖြစ်တယ်လို့ပြောဆိုနေကြပေမယ့် ဖြစ်စဉ်အသေးစိတ်ကိုတော့ KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ အလားတူ ဇွန်လ ၁ ရက်နေ့မှာလည်း ချီဖွေမြို့နယ် ဇုတ်လန်ရွာအနီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်တစ်ခု မြေပြိုကျခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ကိုဒိုင်ခေါင်ဆိုသူလုပ်သားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှာလည်း ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တုလုပ်ငန်းခွင်တစ်ခုမှာ မြေပြိုတဲ့အထဲ အမျိုးသားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ကချင်ပြည်နယ် ချီဖွေမြို့နယ်အပါအဝင် ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ပန်ဝါမြို့တွေမှာ မြေရှားတူးဖော်မှုပိုမိုဆိုးရွားလာနေတဲ့အပြင် မြေရှားသတ္တုကို တရုတ်နိုင်ငံသို့ တင်ပို့မှုအကြီးအကျယ်မြင့်တက်နေတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးစောင့်ကြည့်တဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Global Witness အဖွဲ့က မေလ ၁၇ ရက်နေ့မှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ တရုတ်သို့မြေရှားတင်ပို့တဲ့ပမာဏဟာ ၂၀၂၁ ခုနှစ်မှာ တန်ချိန် ၁၉,၅၀၀ တန်ရှိပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ တန်ချိန် ၄၁၇၀၀ အထိ မြင့်တက်လာတာကြောင့် တင်ပို့မှုပမာဏဟာ ၂ ဆကျော်ပိုများလာတယ်လို့ ဖော်ပြထားပါတယ်။ By – ဇမီ
Read More »