ပလန ရဲစခန်းတိုက်ခိုက်မှု စစ်ကောင်စီဘက်က ထိခိုက်မှုရှိ၊ လူနေအိမ်တစ်ချို့ထိမှန်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလနရပ်ကွက် နယ်မြေ ၃ ရှိ နယ်မြေရဲစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးဖွဲ့ PDF အဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ပြီး လူနေအိမ်အချို့လည်းထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။ ယမန်နေ့ ဧပြီ ၂၁ ရက်နေ့ည ၈နာရီဝန်းကျင်ခန့်အချိန်တွင် ပလန နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ယခုလိုပြောဆိုခဲ့သည်။ "သူတို့ဘက်က ထိခိုက်မှုတော့ရှိနိုင်တယ် ဘယ်နှစ်ယောက်သေတယ် ထိခိုက်တယ်ဆိုတယ် ဆိုတာက သူတို့ဘက်ကဘယ်တော့မှ မထုတ်ပြန်ဘူး ဖုံးထားတာများတယ်။