ပူတာအို
-
Sep- 2024 -25 Septemberသတင်း
ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေ
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက KIA ၊KPDF ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်ထိုးစစ်ဆင်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းယူဖို့ ပူတာအိုခရိုင်အခြေစိုက် ခလရ ၁၃၇ တပ်နဲ့ ၄၆ တပ်ကစစ်ရေးပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ ပူတာအိုPDF နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “၁၃၇ နဲ့နီးစပ်တဲ့လူတွေပြောတာတော့ ဆွမ်ပရာဘွမ့်ကိုသူတို့ပြန်သိမ်းမယ်တဲ့ ဘယ်လမှာဆိုတာတော့အသိအကျမသိရဘူး နှစ်မကုန်ခင်ပြန်သိမ်းဖို့ရှိတယ်လို့တော့သတင်းထွက်နေတယ်။ ပြီးတော့သူတို့ဘက်ကစစ်ရေးပြင်ဆင်တာတွေကြည့်ရင်တော့မကြာလောက်ဘူးအခုတောင်ည ညဆိုစစ်ကားတွေသွားသွား လာလာရှိတယ်”လို့ အသက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ကိုပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ ဇူလိုင်လကတည်းကနေ စစ်အင်အားတွေကို လေကြောင်းနဲ့ဖြည့်တင်းနေတာဖြစ်ပြီး လက်ရှိ ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ့်မြို့ကြားထဲက လုံရှာယာန်၊ ဖက်မာစတဲ့ကျေးရွာတွေမှာ အင်အားအလုံးအရင်းနဲ့ပို့ဆောင်ထားတယ်လို့သိရပါတယ်။ “စစ်သားတွေတော့အခုထပ်မပို့လာတော့ဘူး ပြီးခဲ့တဲ့ ၇ လပိုင်းကတော့ အောက်ပိုင်းကနေ စစ်ရယာဥ်နဲ့အများကြီးလာချတယ်။ ပြီးတော့ ခရီးသည်တင်တဲ့လေယာဥ်နဲ့လည်း ပူတာအိုထဲလာချတယ်အရပ်သားပုံစံနဲ့ အခုကတပ်ဖြန့်ထားပြီလေး နေရာတိုင်းမှာ”လို့ပူတာအို မြို့ လေယာဉ် ကွင်းရပ်ကွက်နေအမျိုးသား တစ်ဦးကပြောပါတယ်။ ဒါ့အပြင် အရင်ကတပ်စွန့်ခွာခဲ့တဲ့ထဝါဒမ်းထောက်ပို့တပ်ထဲမှာလည်းအင်အားအများအပြားနဲ့တပ်ပြန်ထိုင်နေတယ်လို့သိရပါတယ်။ ဆွမ်ပရာဘွမ်မြို့သိမ်းခံရပြီးတဲ့နောက် ပူတာအိုအခြေစိုက် တန်ဂူးတန်ပြည်သူ့စစ်တပ်နဲ့ စစ်ကောင်စီတပ်ပူးပေါင်းပြီး ဆွမ်ပရာဘွမ်ကိုပြန်သိမ်းဖို့မကြာခနစစ်ကြောင်းထိုးခဲ့ပေမယ့် KIA၊KPDF ပူးပေါင်းတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တပ်ပြန်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ “သူတို့ကတော့ခနခနသွားနေတာပဲ စစ်ကားတွေနဲ့ လွန်ခဲ့တဲ့ ၇လပိုင်းအထိပေါ့ သူတို့အထိနာပြီးပြန်ပြန်ဆုတ်လာတာပဲ အခုအဲ့ဘက်ကိုစစ်ကြောင်းမထိုးပဲငြိမ်နေတာ ဒီတစ်ခေါက်ကအင်အားအလုံးအရင်းနဲ့ပြန်ထိုးဖို့ဆိုပြီးပြင်ဆင်နေတာတဲ့”လို့ပူတာအိုမြို့ခံတစ်ဦးကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ပြန်သိမ်းမယ့်သတင်းဟာ လက်ရှိပူတာအို ဒေသခံတွေကြားမှာလည်းကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရတယ်လို့ ပူတာအိုမြို့လုံးစွတ်ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။ “ဆွမ်ပရာဘွမ်ပြန်သိမ်းမယ်လို့တော့သတင်းထွက်နေတာပဲ တစ်လလောက်ရှိပြီဘယ်နေ့လဲတော့မသိဘူး တိုက်ပွဲဖြစ်ရင်လမ်းကပိတ်ကုန်စျေးကကြီးအုံးမှာတွေးပြီးစိုးရိမ်နေရတယ်တချို့တော့ကြိုတင်ပြီးဆီတွေ၊ဆန်တွေလှောင်ထားကြတယ်ပိုက်ဆံရှိတဲ့သူတွေပေါ့”လို့ အသက် ၃၂ နှစ်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ဟာ ပူတာအိုဒေသအတွက်တစ်ခုတည်းသောကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတာကြောင့် တိုက်ပွဲဖြစ်ရင်ကားလမ်းပိတ်သွားမှာဖြစ်တာကြောင့် ပူတာအိုဒေသခံတွေအထူးစိုးရိမ်နေရပြီး တစ်ချို့က စားနပ်ရိက္ခာတွေ၊စက်သုံးဆီတွေကြိုတင်စုဆောင်းတာမျိုးရှိနေတယ်လို့သိရပါတယ်။ KIA၊KPDF ပူးပေါင်းတပ်တွေဟာ ဆွမ်းပရာဘွမ်မြို့ကို သိမ်းပိုက်ဖို့ ဒီနှစ် မတ်လပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ရာမေလမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာစစ်ရေးပြင်းထန်ပြီး မြို့တွေ၊ရွာတွေနဲ့ ရှေ့တန်းစခန်းအများအပြားဆုံးရှုံးနေတဲ့စစ်ကောင်စီဟာ ကချင်တစ်ပြည်နယ်လူံးကို ဇွန်လ ၂၁ ရက်နေ့ကစ ဖုန်း အင်အာနက်လိုင်းတွေအားလုံးဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စက်တင်ဘာလဆန်းပိုင်းကစပြီး ဆုံးရှုံးထားတဲ့ နယ်မြေတွေကိုပြန်သိမ်းမယ့် ရန်နိုင်မင်းစစ်ဆင်ရေးအမည်နဲ့တစ်နိုင်ငံလုံးအဆင့် စစ်ရေးစတင်လှုပ်ရှားနေတယ်လို့လည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးအင်ဖန်နော်ဘူက KNG ကိုပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ဘက် ချင်းတွင်းမြစ်ဖျားနှင့် မလိခမြစ်တို့အကြား …
Read More » -
25 Septemberသတင်း
ပူတာအို- မြစ်ကြီးနားလမ်းပိုင်းအခွန်အကောက်များလို့ ပူတာအိုမှာ ဆီစျေးမကျနိုင်သေး
ကချင်ပြည်နယ် ပူတာအိုဒေသထဲကို စက်သုံးဆီကားပုံမှန်ဝင်နေပေမယ့် ဆီစျေးတွေမကျပဲ ဆက်မြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ မြန်မာ–တရုတ်နယ်စပ် ကန်ပိုက်တည်ဂိတ်ကနေဝင်လာတဲ့ စက်သုံးဆီတွေဟာ ပူတာအိုဒေသထဲ အလုံအလောက်ဝင်နေပေမယ့် ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်း အကောက်အခွန်များနေတာကြောင့် ဆီစျေးမကျပဲ ဆက်မြင့်တက်နေတယ်လို့ ပူတာအိုမြို့လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လောလောဆယ်ဝင်နေတဲ့ဆီတွေက တရုတ်ဆီတွေပဲဟုတ်တယ် ကန်ပိုက်တည်မှာ ယူစျေးကတစ်ပေပါမှ ၁၂သိန်းလောက်ပဲရှိတယ်။ မြစ်ကြီးနားမှာလည်း ဒီဆီပဲ မြစ်ကြီးနားမှာကတစ်လီတာမှ ၆၀၀၀ ပဲရှိတယ်။ ဒီမှာက တစ်လီတာကို ၁၃၀၀၀ တဲ့ လမ်းမှာအကောက်အခွန်အရမ်းများလို့စျေးတက်နေတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိူးသားကပြောပါတယ်။ လတ်တလော မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့အကောက်အခွန်ဂိတ် ၆ ခုထက်မနည်းရှိပြီး ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာ တော်လှန်ရေးအင်အားစုတွေဘက်က ဂိတ် ၂ ခုရှိတယ်လို့ ကားသမားတွေကဆိုပါတယ်။ “မြို့ကြီးနားမြို့အထွက်မှာလေး နှစ်နေရာပေးရတယ် ပြီးတော့ ပူတာအိုဘက်ရောက်ရင်လည်း မူလာရှီးဒီဂိတ်တို့ လုံရှာယန်ရွာထဲကဂိတ်တွေမှာပေးရတယ်။ တခြားနေရာတွေလည်းရှိသေးတယ်ပေးရတာ”လို့မြစ်ကြီးနား ပူတာအိုလမ်းပိုင်းမှာမောင်းနေတဲ့ယာဥ်မောင်းတစ်ဦးကပြောပါတယ်။ စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား–မန္တလေးကုန်သွယ်ရေးလမ်းမကြီး အကန့်သတ်နဲ့သာသွားလာခွင့်ရနေတဲ့အတွက် တရုတ်နယ်စပ် ကန်ပိုက်တည်လမ်းကြောင်းကနေ စက်သုံးဆီတွေဝင်ရောက်နေတာဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနားမှာ 92 တစ်လီတာ ကျပ် ၆၀၀၀ ၊ 95တစ်လီတာ ကျပ် ၆၅၀၀ ရှိပေမယ့် ပူတာအိုမြို့ မြို့တွင်းဆီပန့်ဆိုင်တွေမှာ 92 တစ်လီတာ ကျပ် ၁၂၀၀၀ 95 တစ်လီတာ ကျပ် ၁၃၀၀၀ အထိစျေးတက်နေတာလို့သိရပါတယ်။ “ဂိတ်ကြေးပေးရတဲ့နေရာတွေက တစ်ဂိတ်တစ်ဂိတ်ကို လေးသောင်း၊ငါးသောင်းအထိပေးရတယ်။ တစ်ချို့ဂိတ်တွေက ဒီဇယ်၊ဓာတ်ဆီတွေပေးရတာရှိတယ် ဆီတစ်ပေပါကို ပူတာအိုအရောက် ငါးသိန်းခြောက်းသိန်းလောက်ကုန်တယ် အဲ့ကြောင့်မကျတာလေးဆီစျေးကပူတာအိုမှာ”လို့ မြစ်ကြီးနား–ပူတာအိုကြားဆီကားမောင်းနေတဲ့ ယာဥ်မောင်းတစ်ဦးကပြောပါတယ်။ ကားလမ်းပိုင်းအကောက်အခွန်များနေတာကြောင့် ပူတာအိုဒေသမှာ စက်သုံးဆီနဲ့အလားတူအခြားကုန်စျေးနှုန်းတွေလည်းမြင့်တက်နေတယ်လို့သိရပါတယ်။ ဇွန်လကုန်ပိုင်းက မိုးရွာသွန်းမှုကြောင့် ကားလမ်းမြေပြိုပြီး တစ်လကျော်ကြာ ပိတ်သွားတဲ့ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်း ပြန်ဖွင့်လာတာ နှစ်ပတ်ဝန်းကျင်ရှိသေးတာဖြစ်ပါတယ်။ ပူတာအိုမြို့ဟာ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်းမှာရှိပြီး မြစ်ကြီးနားနဲ့ (၂၁၈)မိုင် အကွာမှာရှိပါတယ်။ By – Zaw Zaw
Read More » -
5 Septemberသတင်း
ပူတာအိုဘက်ကို စားသောက်ကုန်နဲ့ စက်သုံးဆီ သယ်ယူဖို့ ခက်ခဲနေဆဲ
ပူတာအိုမြို့နယ်ဘက်ကို ကုန်ကားတစ်ချို့ သွားလာခွင့်ရနေပြီဖြစ်ပေမယ့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကြားမှာ လမ်းပိုင်းပျက်စီးနေသေးတဲ့အတွက် စက်သုံးဆီနဲ့ ကုန်ပစ္စည်းအများပိုင်း သယ်ယူဖို့ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ နှစ်လကျော်အကြာ ပိတ်ထားတဲ့ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းမှာ ဩဂုတ်လ ၂၈ ရက် နောက်ပိုင်း ကုန်ကားအသေးသွားလာခွင့်ရနေပြီး မြစ်ကြီးနားကနေ တက်သွားတဲ့ ကုန်ကားအကြီးတွေ ဆွမ်ပရာဘွမ့်မြို့နယ် ဆူယန်းကျေးရွာအထိသာ ရောက်ရှိနိုင်သေးတယ်လို့ ပူတာအိုဒေသခံတွေ ပြောပါတယ်။ ဒါကြောင့် ပူတာအိုဘက်ကနေ ကားသေးတွေနဲ့ ဆူယန်းရွာကနေ တစ်ဆင့် ကုန်ပစ္စည်းတွေကို မြို့ထဲပြန်သယ်ယူနေရတယ်လို့ ပူတာအိုဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “ကားအသေးတွေတော့ ပြန်တက်နေပြီ ဒါပေမယ့် ကားအကြီးတွေ တက်လို့မရသေးဘူး။ စက်သုံးဆီတွေဆိုရင်တော့ ပူတာအိုဘက်ကနေ ဆင်သွားတဲ့ ကားနဲ့ ကားကြီးတွေက လမ်းပျက်နေတဲ့ နေရာအထိ သွားပြီးတော့ ပိုက်တွေနဲ့ ပြန်စုပ်ပြီး ပူတာအိုဘက်ကို ပြန်သယ်ယူသွားရတယ်။ ကားကြီးတွေ ဆူယန်ဆိုတဲ့ ရွာအထိပဲရောက်နိုင်သေးတယ်”လို့ပြောပါတယ်။ ဆူယန်ရွာမှာ ပိတ်မိနေတဲ့ကုန်ကားကြီးတွေက ပူတာအိုမြို့နယ်ဘက်ကို ဝင်ရောက်နိုင်ဖို့ရန်အတွက် လမ်းပြုပြင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ခုလို မြစ်ကြီးနား– ပူတာအိုလမ်းပိုင်း ကုန်ကားကြီးတွေ ပုံမှန်တိုင်းသွားလာလို့မရသေးတဲ့အတွက် လက်ရှိ ပူတာအိုမြို့ထဲ ကုန်စျေးနှုန်း ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန်စျေးနှုန်းတက်နေတဲ့အခြေအနေ ရင်ဆိုင်နေရတယ်လို့ ပူတာအိုဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။ “စက်သုံးဆီတော့ အနည်းငယ် မသိမသာလေးကျလာတယ်။ ဒါပေမယ့် ကုန်းပစ္စည်းတွေက လုံးဝမကျဘူး။ အခုက လမ်းမှာ တစ်ဆင့်ခံပြန်သယ်ယူရသေးတော့ တင်ခက စျေးများနေတာ အဲဒါကြောင့် ကုန်စျေးနှုန်းက နေ့တိုင်းတိုင်းလိုလိုတက်နေတာ”လို့ပြောပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပျက်စီးမှုကြောင့် လမ်းပိတ်မိနေတဲ့ နှစ်လအတွင်း ပူတာအိုမြို့မှာ စက်သုံးဆီ ဓါတ်ဆီတစ်ဂါလံ တစ်သိန်း နှစ်သောင်းဝန်းကျင်အထိရှိခဲ့ပြီး တစ်ခြားကုန်စျေးနှုန်းတွေလည်း စျေးအဆမတန်မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီနောက် ဩဂုတ်လ ၂၈ ရက် လမ်းပြန်ဖွင့်သွားတဲ့နောက်ပိုင်း တစ်ပတ်အတွင်းမှာ စက်သုံးဆီ တစ်ဂါလံ လက်ရှိပေါက်စျေး ၆၀၀၀၀ ကျော်အထိ လျှော့ကျသွားပြီးတော့ ကြက်ဥတစ်လုံးကို ၁၆၀၀ အထိရှိနေသေးတယ်လို့ သိရပါတယ်။ အခုလို ပူတာအိုဒေသမှာ ကုန်စျေးနှုန်းတက်နေတာဟာ တဆင့်ခံဝယ်ယူတဲ့ မြစ်ကြီးနားမြို့မှာတင် ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး ရရှိနေသေးတဲ့ ကုန်ပစ္စည်းတွေလည်း စျေးနှုန်း နေ့စဉ် တစ်ထောင်ကျော် အထက် စျေးနှုန်းမြင့်တက်နေတဲ့အတွက် ပူတာအိုဒေသလို လမ်းပန်းဆက်သွယ်ရေးခက်တဲ့ နေရာဒေသတွေမှာ ကုန်းစျေးနှုန်းထိုးတက်သွားတာဖြစ်ပါတယ်။ ဒါကြောင့် ပူတာအိုဒေသဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် တခြားဒေသတွေထက် ကုန်စျေးနှုန်းမြင့်တက်တဲ့ ဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေကြတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
3 Septemberသတင်း
ပူတာအိုမှာ CB ဘဏ်မဖွင့်သေးတဲ့အတွက် ပြည်သူတွေ ငွေသွင်းငွေထုတ်အခက်အခဲဖြစ်နေ
ကချင်ပြည်နယ် ပူတာအိုမြို့မှာတစ်ခုတည်းရှိတဲ့ CB ဘဏ်ပြန်မဖွင့်သေးတဲ့အတွက် ဒေသခံပြည်သူတွေ ငွေထုတ်ငွေသွင်းအခက်အခဲဖြစ်နေတယ်လို့ ပူတာအိုမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ အင်တာနက်လိုင်းအခက်အခဲကြောင့် ဘဏ်မှာငွေသားမလုံလောက်တာလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ မေလ ၁၀ရက်ကျော်ကတည်းက ပိတ်ထားတဲ့ CB ဘဏ်ဟာ ဒီနေ့အထိပြန်လည်ဖွင့်လှစ်တာမျိုးမရှိတဲ့အတွက် ဒေသခံတွေငွေသွင်းငွေထုတ်အခက်အခဲ ဖြစ်နေတယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ဘဏ်က မေလ ၁၀ ရက် ၊၁၅ ရက်လောက်ကတည်းကပိတ်သွားတာလေ ခုထိမဖွင့်သေးဘူး လွှဲလို့လည်းမရ ထုတ်လို့လည်းမရဘူး တချို့လူတွေဆိုဘဏ်မှာအပ်ငွေရှိတယ်ထုတ်မရဘူး”လို့ သူကပြောပါတယ်။ လက်ရှိ ပူတာအိုဒေသမှာ ငွေလွှဲနဲ့ငွေထုတ်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်ကို အားထားနေရပေမယ့် မြန်မာ့စီးပွားရေးဘဏ်မှာလည်း အကန့်အသတ်နဲ့ထုတ်ပေးနေတဲ့အတွက် အခက်အခဲဖြစ်နေတာလို့ ကောင်အထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ “စီးပွားရေးဘဏ်ကတော့ဖွင့်တယ်ငွေသွင်းတာနဲ့ လွှဲတာတော့နည်းနည်းအဆင်ပြေတယ် ဒါပေမယ့် ငွေထုတ်ဖို့အဆင်မပြေဘူး လူတစ်ယောက်ကို တစ်ပတ် ၂ သိန်းပဲထုတ်ပေးတယ်။ ဆယ်သိန်းထုတ်မယ်ဆိုရင် ငါးလ လောက်စောင့်ပြီးထုတ်နေရမှာအဆင်မပြေဘူး”လို့ ပြောပါတယ်။ ပူတာအိုဒေသထဲက မိသားစုအများပိုင်းဟာ ထိုင်း၊မလေးရှား၊စင်္ကာပူ၊အိုမန်စတဲ့ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မိသားစုဝင်တွေရဲ့ ပြည်ပလွှဲငွေကို အားကိုးနေရတဲ့မိသားစုတွေများတယ်လို့ သိရပါတယ်။ “ရပ်ကွက်တစ်ခုမှာအိမ်ခြေ ၅၀ လောက်ရှိရင် အိမ်ခြေ ၃၀ လောက်က ပြည်ပမှာ အလုပ်လုပ်တဲ့လူရှိတယ် တချို့ဆိုတစ်အိမ်ထဲကနေ သုံးလေးယောက်ထိသွားကြတာ တခြားစီးပွားရေးလည်းမရှိဘူးလေဒီဘက်မှာက လကုန်လို့သူတို့လွှဲလာတဲ့ပိုက်ဆံနဲ့ပဲ အားလုံးဖြေရှင်းနေရတာအခုငွေထုတ်မရလို့ဆိုပြီးခက်ခဲ နေတဲ့လူတွေအများကြီးရှိတယ်”လို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။ လတ်တလော ပူတာအိုဒေသခံတွေဟာ ငွေလွှဲငွေထုတ်အတွက် Kpay ဆိုင်တွေကိုအားကိုးနေရပေမယ့် Kpay ဆိုင်တွေမှာလည်း ထုတ်ခ ကျပ်တစ်သိန်းကို ကျပ် သုံးထောင်ကနေ ကျပ် ၅ထောင်အထိ ပေးဆောင်နေရတဲ့အပြင် ငွေသား အကန့်အသတ်နဲ့သာထုတ်လို့ရတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်ကျော်ကတည်းကနေကချင်တစ်ပြည်နယ်ဖုန်းဆက်သွယ်ရေးလိုင်း၊ဖုန်းအင်တာနက်လိုင်းနဲ့ wifi အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာဖြစ်ပြီး လတ်တလောပူတာအိုမြို့နယ်ထဲက Atom ဖုန်းလိုင်းတစ်ခုတည်းနဲ့သာဆက်သွယ်လို့ရတာ ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Aug- 2024 -28 Augustသတင်း
နှစ်လကျော်ကြာပိတ်သွားတဲ့ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်
နှစ်လကျော်ကြာပိတ်သွားတဲ့ ကချင်ပြည်နယ် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်း ဒီကနေ့ဩဂုတ်လ ၂၈ ရက်နေ့ ပြန်ဖွင့်လိုက်ပြီးလို့ သိရပါတယ်။ ဇွန်လကုန်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းမှာ ကားလမ်းမြေပြိုတာ၊ တံတားငယ်တစ်ချို့ပျက်စီးသွားတာကြောင့် ကားလမ်းပိုင်းနှစ်လနီးပါးကြာ အသွားအလာရပ်တန့်သွားတာဖြစ်ပါတယ်။ လက်ရှိ ကားလမ်းပိုင်းသွားလာခွင့် ရရှိနေပြီဖြစ်ပေမယ့် လမ်းပြုပြင်တာတွေ မပြီးစီးသေတဲ့အတွက် ကုန်ကားအသေးတွေသာသွားလာခွင့်ရရှိမှာဖြစ်တယ်လို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ကားတွေတက်လာပြီ တစ်ချို့ကားတွေက ဒီနေ့ညနေရောက်မယ်ပြောတယ်။ ဆီကားနဲ့စားသောက်ကုန်ကားတွေ တခြားလူသုံးကုန်ကားတွေလည်းပါတယ် ဟိုလိုကားကြီးတွေတော့တက်လာလို့မရသေးဘူး ကားသေးလေးတွေပဲတက်လာလို့ရအုံးမယ်တဲ့။ ဒီကစျေးသည်တွေလည်းကားဂိတ်ကိုပစ္စည်းတင်တဲ့လူကတင်နဲ့ဆက်သွယ်နေကြပြီ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။ ကားလမ်းပိုင်းဆိုးဆိုးဝါးဝါးမြေပြိုသွားတဲ့နေရာဟာ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားလမ်းပိုင်းက တယန်ဇွပ်နဲ့ အင်ထန်းဇွပ်ကြားမှာအရှည်ပေ ၃ဝဝ လောက်ကားလမ်းပြိုကျသွားတာဖြစ်ပြီး အဲ့ဒီနေရာကို လက်ရှိရာနှုန်းပြည့်မပြင်နိုင်သေးတာကြောင့်ကုန်ကားအကြီးတွေ သွားလာလို့မရသေးတာလို့ သိရပါတယ်။ “ကားကြီးတွေဖြတ်လို့မရသေးဘူးတဲ့ ကားကြီးတွေဖြတ်ရင်ထပ်ပြိုမှာပြင်နေတာမပြီးသေးတော့ကားသေးလေးတွေကိုပဲအရင်ဆုံးထွက်ခိုင်းတာ။ ပူတာအိုကားဂိတ်ကကားတွေလည်း တစ်ချို့ဆင်းသွားကြပြီဒီမနက်ပဲ”လို့ ပူတာအိုကားဂိတ်တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မိုးရွာသွန်းမှုကြောင့်ပျက်စီးသွားတဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းကို သြဂုတ်လ ၈ရက်နေ့လောက်ကတည်းကစတင်ပြုပြင်ခဲ့ရာကနေ ဒီကနေ့ ကားတွေပြန်လည်သွားလာနိုင်တာ ဖြစ်ပါတယ်။ မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းပိတ်သွားတာကြောင့် ပူတာအိုဒေသအတွက်လူသုံးကုန်၊…
Read More » -
28 Augustသတင်း
ပူတာအိုမြို့မှာ ပြည်သူ့စစ်အဖွဲ့ ဝါးတားဂိတ်လုပ်ပြီး အစစ်အဆေးတင်းကြပ်နေ
ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က ဝါးတားဂိတ်လုပ်ပြီး လမ်းသွားလမ်းလာအရပ်သားတွေကို အစစ်အဆေးတင်းကြပ်နေတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လဝန်းကျင်ကစပြီး မြို့အထွက် လေယာဥ်ကွင်းရပ်ကွက် နဲ့ ဂျူဗလီရပ်ကွက်ကြား ဝါးတားဂိတ်လုပ်ပြီး အစစ်ဆေးတင်းကြပ်နေတာဖြစ်တယ်လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိူးသားတစ်ဦးက KNGကိုပြောပါတယ်။ “ဂိတ်က ပူတာအိုမြို့ကနေဆိုရင်တော့မြို့အထွက်ပေါ့ မချမ်းဘော့တို့ နောင်မွန်ဘက်တို့ကနေလာရင်တော့ မြို့အဝင်ဖြစ်တယ်သုံးလမ်းဆုံနေရာမှာဆိုင်ပြီးစစ်နေတာ ခရီးသွားတွေကိုအဓိက စစ်တယ်မေးတယ် သတင်းပို့ရတယ်ဂိတ်ရောက်ရင်”လို့ သူကပြောပါတယ်။ လက်ရှိစစ်ဆေးရေးဂိတ်ထိုင်ထားတဲ့နေရာဟာ ပူတာအို နောင်မွန်နဲ့မချမ်းဘော့သွားတဲ့ကားလမ်းမကြီးပေါ်မှာရှိပြီး ဂိတ်နဲ့ ပေ ၁၀၀၀ ကျော်လောက်အကွာမှာတော့ တန်ဂူးတန်ပြည်သူ့စစ်ရဲ့ ပူတာအို အခြေစိုက်စခန်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြို့ဧရိယာထဲမှာတန်ဂူးတန်ပြည်သူ့စစ်အဖွဲ့ ခုလိုဂိတ်ထိုင်ပြီးခရီးသွားပြည်သူတွေကိုစစ်ဆေးတာ၊ မသင်္ကာတဲ့ပြည်သူတွေကို အတင်းအကြပ်စစ်ဆေးမေးမြန်းတာလုပ်နေတဲ့အတွက် အများပြည်သူ သွားလာရေးမှာအခက်အခဲဖြစ်နေတယ်လို့လည်း နောက်ထပ်အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “ဂိတ်ကမြို့ထဲမှာပဲလို့ပြောလို့ရတယ် ဂျူဗလီနဲ့လေယာဥ်ကွင်းရပ်ကွက်ကြားမှာလေး အဲ့နားရောက်ရင်တော့ဆိုင်ကယ်လည်းဖြေးဖြေးပဲမောင်းပေးရတယ် ပေ ၁၀၀ လောက်ကိုသူတို့က သံဆူးခွေတွေနဲ့လမ်းလယ်ခေါင်ထိချထားတာ သူတို့ကတားရင်ရပ်ပေးရတယ်မြို့ဆိုလည်း မသက်ာရင်တော့စစ်တယ်”လို့အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဒီစစ်ရေးဆေးဂိတ်မှာ ပုံမှန်အားဖြင့် ရဝမ်ပြည်သူ့စစ်အဖွဲ့တွေဂိတ်ထိုင်တာဖြစ်ပြီး တစ်ခါတစ်ရံ စစ်ကောင်စီစစ်သားတွေလည်းပူးပေါင်းဂိတ်ထိုင်တာမျိုးရှိတယ်လို့သိရပါတယ်။ ပူတာအိုမြို့ ဦးတန်ဂူးတန်ပြည်သူ့စစ်အဖွဲ့စစ်ဆေးရေးဂိတ်ရှိသလို ပူတာအိုမြို့အဝင်မှာတော့ မူလာရှီးဒီးစစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိတာ ဖြစ်ပါတယ်။ တန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ဟာ အထက်ဖော်ပြပါနေရာနှစ်ခုလုံးမှာ စစ်ဆေးရေးဂိတ်ထိုင်ဖို့ ဒီနှစ် နှစ်ဆန်းပိုင်းကတည်းက ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ ပူတာအိုမြို့ဟာ မြစ်ကြီးနားမြို့နဲ့ ၂၁၈ မိုင်အကွာမှာရှိပြီး ပူတာအိုခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့မှာ မြစ်ကြီးနား–ပူတာအို ကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကို KIA က သိမ်းပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
27 Augustသတင်း
မဂွမ်ရိန်ဒူနော် ကို မဒိမ်းကျင့်သတ်ဖြတ်တဲ့တရားခံ မူလအယူခံခွင့်ထပ် ရက်တိုးပေးတဲ့ပေါ် ကန့်ကွက်ရှုံ့ချ
မဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်ခဲ့သူ ကျော်သူရကိုအား ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂ (၁) (ဂ) တို့နဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ နေ့ကပဲ ပူတာအိုခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
Read More » -
26 Augustသတင်း
ပူတာအိုကနေ မြစ်ကြီးနား – မန္တလေး လေယာဉ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်
ကချင်ပြည်နယ် ပူတာအိုမြို့ကနေ မြစ်ကြီးနားနဲ့ မန္တလေးသွားတဲ့ လေယာဉ်လက်မှတ်နှုန်း ဒီလအတွင်းထဲမှာပဲ ဈေးအဆမတန်မြင့်တက်သွားတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာနက သိရပါတယ်။ မတ်လနောက်ပိုင်းကစပြီး စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းတွေပိတ်သွားတဲ့နောက် မြစ်ကြီးနား နဲ့ မန္တလေး လေယာဉ်လက်မှတ်ဈေးဟာ တစ်ရက်ထက်တစ်ရက်မြင့်တက်နေပြီး ဩဂုတ်မှာတော့ ၅ သိန်းနဲ့ ၇ သိန်းအထိ စျေးနှုန်းမြင့်တက်သွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “စျေးက ပြီးခဲ့တဲ့ မတ်လကတည်းက နည်းနည်းတက်လာတယ်။ ဒါပေမယ့် ဒီလ ၁၅ ရက်နေ့နောက်ပိုင်း ဈေးပိုတက်သွားတာ အရင်ဆို ပူတာအို မြစ်ကြီးနားဆိုဈေးက ၃ သိန်းကျော်ဘဲ မန္တလေးအထိဆိုရင်တော့ ၄ သိန်းကျော်ဘဲ အခုကမရတော့ဘူး တချို့လေကြောင်းလိုင်းတွေ မန္တလေးအထိ ၇…
Read More » -
23 Augustသတင်း
ပူတာအိုမှာ ဆားတစ်ထုပ် ကျပ် ၅၀၀၀ ပေးဝယ်နေရတဲ့အထိ ကုန်စျေးနှုန်းဆက်မြင့်တက်
ကချင်ပြည်နယ် ပူတာအိုမြို့မှာ အခြေခံစားသောက်ကုန်တွေ လေကြောင်းလိုင်းတစ်ခုတည်းနဲ့တင်သွင်းနေရတဲ့အတွက် ကုန်ဈေးနှန်းဆက်ပြီးမြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လလကုန်ပိုင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို- မြစ်ကြီးနားကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးသွားပြီး ဒီကနေ့ထိ ကားလမ်းပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် အခြေခံစားသောက်ကုန်တွေကို လေကြောင်းလိုင်းကနေ သယ်ယူနေရတာကြောင့် ကုန်ဈေးတွေဆက်ပြီးမြင့်တက်နေတာလို့ ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦး KNGကိုပြောပါတယ်။ “ကားလမ်းက ခုနှစ်လပိုင်း ရှစ်ရက်နေ့လောက်ကတည်းက ပြင်နေပြီလို့ပြောတာအခုထိတော့ကားတွေကိုရောက်မလာသေးဘူး ကားမလာတော့လေယာဉ်နဲ့ပဲတင်ကြတယ်။ ဒါတောင်စိတ်ကြိုက်တင်လို့မရဘူးနည်းနည်းဘဲတင်လို့ရတယ်။ ကုန်ဈေးကတော့လေယာဉ်နဲ့ဆိုတော့သိတဲ့အတိုင် ခေါက်ဆွဲခြောက်တစ်ထုပ် ၂ဝဝဝ တဲ့ လက်ဖက်ထုပ်ယုဇနလည်း ၂ဝဝဝ ထုပ်သေးတစ်ထုပ်ကို အဲ့လောက်ထိတက်တယ်။” လို့ အသက် ၃ဝ ကျော်အရွယ် ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လက်ရှိပူတာအိုမြို့ပေါ််မှာ အသင့်စားခေါက်ဆွဲခြောက်တစ်ထုပ်ကျပ် ၂ဝဝဝ၊ ဆားဆီတစ်ပိသာ ကျပ် ၄ဝဝဝဝ၊ ဆားတစ်ထုပ် ကျပ် ၅ဝဝဝ၊ ရွှေဝါဆပ်ပြာခဲ တစ်ခဲကျပ် ၃ဝဝဝ အထိဈေးတက်နေပြီးအခြားကုန်တွေလည်း အလားတူဈေးမြင့်တက်နေတယ်လို့သိရပါတယ်။ လူသုံးကုန်၊စားသောက်ကုန်တွေကို မြစ်ကြီးနားလေဆိပ်ကနေ ပူတာအိုလေဆိပ်အထိ တစ်ကီလိုကျပ် ၁၈ဝဝဝ ပေးပြီး စိတ်ကြိုက်တင်လို့ရပေမယ့် ဆန်တင်ရတာအခက်အခဲရှိနေတဲ့အတွက် ပူတာအိုမြို့ပေါ််မှာ ဆန်ဈေးကြီး ဝယ်ယူဖို့ခက်ခဲတဲ့အထိဖြစ်နေတယ်လို့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးက ထပ်ပြောပါတယ်။ “ဆန်ကတော့လေယာဉ်နဲ့ဘယ်သူမှမတင်ကြဘူး တစ်ကီလို ၁၈ဝဝဝ ဆိုတော့မလွယ်ဘူးလေ အဲ့ကြောင့်အခုလောလောဆယ်အောက်ပိုင်းဆန်ကမရှိဘူး ဒေသဆန်ပဲရှိတယ် ဒေသဆန်က တစ်သောင်းဖိုးဆို ခြောက်ခွက်အထိပဲရတယ် အိတ်လိုက်တော့ဝယ်ဖို့ခက်တယ်”လို့ သူကဆက်ပြောပါတယ်။…
Read More » -
13 Augustသတင်း
နောင်မွန်မြို့မှာ ရေကြီးရေလျှံဖြစ်ပြီး စိုက်ပျိုးထားတဲ့ လယ်ဧ ၁၀၀ ဝန်းကျင် ပျက်စီးသွား
ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံတောင်သူတွေရဲ့ လယ်ဧက ၁၀၀ ဝန်းကျင်လောက် ရေမြှုပ်ပျက်စီးသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်း နောင်မွန်မှာ မိုးသည်ထန်စွာရွာသွန်းပြီး တလွမ်ချောင်း ရေကြီးရေလျှံဖြစ်ပြီး မြို့ရဲ့ အနောက်ဘက်ခြမ်း တစ်မိုင်လောက်အကွာမှာရှိတဲ့ ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့…
Read More »









