ကချင်တွင် ကိုဗစ်ပိုးတွေ့လူနာ နေ့စဥ်တိုးနေပြီး ယခုလအတွင်း လူပေါင်း ၁၀၀ နီးပါးတွင် ကိုဗစ်ပိုးတွေ့

ကချင်ပြည်နယ်တွင် နေ့စဥ် ကိုဗစ်-၁၉ ပိုးတွေ့လူနာတိုးနေပြီး စက်တင်ဘာ ၁ ရက်နေ့မှ ယနေ့ အထိ ကူးစက်လူနာအသစ် ၁၀၀ နီးပါး ရှိပြီဟု စစ်ကောင်စီလက်အောက် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ကိုဗစ်ပိုးတွေ့လူနာ နေ့စဥ်တိုးလာနေမှုနှင့် ပက်သက်၍ ကိုဗစ်-၁၉ အရေး ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းတစ်ခု တာဝန်ရှိသူက ယခုကဲ့သို့ သုံးသပ်ပြောဆိုထားသည်။ ''လူတွေက ကိုဗစ်ဆိုရင်သိပ်ပြီးမကြောက်တော့ဘူးဖြစ်နေတာ။ တွေ့နေရတာ လူဆယ်ယောက်မှာတစ်ယောက်လောက်ပဲ mask တပ်တော့တယ်ဆိုတော့ ကိုဗစ်ကအအေးကြိုတယ်။ အခုကမိုးကျတော့အေးတယ်။ ဆောင်းလည်းဝင်ခါစဆိုတော့ အအေးပိုင်းကို ရောက်နေပြီ လူတွေကဒါကိုသတိမထားမိကြာတာလားတော့မသိဘူး။ ခုနောက်ပိုင်းက ထူးထူးခြားခြား ကိုဗစ်ကတစ်ကျော့ပြန်တွေ့လာနေပြီ ဆိုတော့အားလုံးသတိနဲ့ပြန်ပြီးဂရုစိုက်ဖို့လိုလာပြီ။'' ဟု ကိုဗစ်- ၁၉ အရေးဆောင်ရွက်နေသည့် လူငယ်တစ်ဦးက ပြောသည်။ လက်ရှိ ကိုဗစ်