စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား
,
ဖားကန့်မြို့နယ် နန့်ယားကျေးရွာ၏ ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ နန့်ယားကျေးရွာအတွင်း အဝင်အထွက် စစ်ဆေးရေးပိုမိုတင်းကြပ်ထားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ “အရင်းတုန်းကတော့ စစ်ဆေးတာလုပ်ကြတယ်။ အခုနောက်ပိုင်းပြန်မလုပ်တော့ဘူး။ ဒါပေမယ့် တစ်နေ့က သူတို့ ပြည်သူ့စစ်ခေါင်းဆောင် ပြန်သတ်ခံရလို့ အခုက အဝင်အထွက် အားလုံးကို စစ်ဆေးတာတွေလုပ်တယ်။ သူတို့ရဲ့ ဂိတ်မှာ ရောက်ရင် ဆိုင်ကယ်တွေကို ဆင်းတွန်းခိုင်းတယ်။ ရွာထဲမှာလည်း သူတို့ မသင်္ကာတဲ့ အိမ်တွေကိုလည်း လိုက်စစ်တယ်လို့ကြားတယ်”ဟု နန့်ယာဒေသခံ အမျိုးသမီးတစ်ဦးက KNG
ဖားကန့်မြို့နယ် နန့်ယားကျေးရွာ၏ စစ်ကောင်စီလက်အောက်ခံ လက်ရှိပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး ယနေ့နံနက် ၇နာရီခွဲဝန်းကျင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ဦးထွန်းထွန်းဦးသည် နန့်ယားစစ်တပ်ကုန်းမှ သူ၏ နေအိမ်သို့ ပြန်လာစဉ် အိမ်ခြံဝင်းအပေါက်ဝအရောက်တွင် ဆိုင်ကယ်ဖြင့် လူ ၂ဦး သေနတ်ပစ်သတ်သွားသည်ဟု နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။ “သူက ညဆို တပ်ထဲ အိပ်ပြီး မနက်ဆို အိမ်ပြန်လာတာဟုတ်တယ်။ ဒီမနက်လည်း တပ်ကပြန်လာတယ် သူ့အိမ်အဝမှာ လူ ၂ယောက်က