ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေ

ဖားကန့်မြို့ လုံးခင်းကျေးရွာ ဆေးရုံကုန်းအနီးမှာ ဒီမနက်  နာရီလောက်ကစပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ  ရက် ဒီမနက်ပိုင်းကနေ လုံးခင်းဆေးရုံကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေကို KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အကြား တိုက်ပွဲပြင်းထန်လာတာလို့ သိရပါတယ်။

ဒေသခံတစ်ဦးကတော့မနက်  နာရီလောက်ကစပြီး တိုက်ပွဲစဖြစ်တာပါ။ အခုလောလောဆယ်တော့ နည်းနည်းငြိမ်နေပြီး နှစ်ဖက်လုံး စောင့်ကြည့်နေတဲ့အခြေအနေရှိတယ်လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပြီး လယ်ပြင်ရွာဘက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိခဲ့တယ်လို့ သိရပေမယ့် အရပ်သားထိခိုက်မှုရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းက ဖားကန့်မှာ တပ်မကုန်းပစ်ခတ်ခံရပြီးနောက် စစ်အင်အားတွေ ပြန်လည်ဖြည့်တင်းခဲ့ပါတယ်။ 

လက်ရှိမှာတော့ လုံးခင်းဆေးရုံကုန်း၊ ဘုန်းကြီးကျောင်းတွေ၊ မှော်စီဇာရွာဘုန်းကြီးကျောင်း၊ စကိုင်းဟိုတယ်နဲ့ နမ့်မဖြစ်မှော်စီဇာကြားရှိ အထပ်မြင့်နေရာတွေမှာ တပ်စွဲထားတယ်လို့ သိရပြီး ဒီအင်အားတွေဟာ ဧပြီလ  ရက်နေ့က ကားမိုင်းနန့်ယားဖားကန့်လမ်းကြောင်းကနေ လဝါးကျေးရွာရှိ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ကား  စီးနဲ့ စစ်ကူအဖြစ် ဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

KIA ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦးကလည်း သူတို့ဘက်က အင်အားအများဆုံးထားတဲ့နေရာတွေက လုံးခင်း၊ နမ့်မဖြစ်နဲ့ မှော်စီဇာကြားဘက်မှာပါ။ ကျနော်တို့ဘက်ကလည်း စစ်ဆင်ရေးတွေရှိနေတယ်၊ ဒါပေမယ့် အသေးစိတ်တော့ မပြောနိုင်ဘူး။ ဒီနေ့လည်း လုံးခင်းအနီးမှာ လှုပ်ရှားမှုတွေရှိနေပါတယ် လို့ ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေက လုံးခင်းကျေးရွာထဲ ဝင်ရောက်တပ်စွဲပြီး စစ်ဆေးမှုတွေ တင်းကြပ်ခဲ့တာကြောင့် ဧပြီလအတွင်း အရပ်သား ၄၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီလို စစ်ဆေးဖမ်းဆီးမှုတွေကြောင့် ဖားကန့်ဒေသခံတွေ လမ်းသွားလမ်းလာမှာ ပိုပြီး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

ဖားကန့်ဒေသမှာ ဖေဖော်ဝါရီလနောက်ပိုင်းကစပြီး စစ်တပ်ဘက်က KIA ထိန်းချုပ်နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းလာတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး အခုဆိုရင် သုံးလလောက်ရှိလာပါပြီ။

ဒါ့အပြင် ဧပြီလ  ရက်နေ့မှာလည်း ဖားကန့် တပ်မကုန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြုပစ်ခတ်ခဲ့တာကြောင့် မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီတပ်တွေက ဖားကန့်ဒေသထဲ စစ်အင်အားတွေ ထပ်မံဖြည့်တင်းပြီး တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

ဖားကန့်မှာ မတ်လကုန်ပိုင်းအထိ တိုက်ပွဲတွေ နည်းနည်းငြိမ်သက်ခဲ့ပေမယ့် ဧပြီလအစောပိုင်းကစပြီး KIA ဘက်က ထိုးစစ်တွေ ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button